Published on July 20, 2011 by နော်နိုရင်း
မန္တေလးတိုင်း မတ္တရာမြို့နယ်အတွင်းမှာ ရဲတွေဝိုင်းရိုက်လို့ ဒဏ်ရာရခဲ့တဲ့ အရပ်သားဟာ ဆေးရုံတက်ရာကေန အစအန ပျောက်ဆုံးသွားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ဆေးရုံနဲ့ ရဲစခန်းက ဖြေကားဖို့ ငြင်းဆန်ကြသလို သေဆုံးသွားပြီဆိုတဲ့ ကောလာဟလ ပျံ့နေတာကြောင့် ပျောက်ဆုံးသူရဲ့ အသိုင်းအ၀ိုင်းက စိုးရိမ်ပူပန်နြေကပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က မတ္တရာမြို့နယ် ယမ်းကုန်လေးကျေးရွာမှာ နေတဲ့ ၂၇ နှစ်အရွယ် ကိုသောင်းဟာ ရေနံ့သာကျေးရွာအုပ်စုက အစ်မထံသွားလည်ရင်း ရဲအရာရှိဟောင်း တဦးရဲ့သားနဲ့ အရက်မူးရာကေန အချင်းများပြီး ရဲသုံးယောက်က ၀ိုင်းရိုက်ကြလို့ ဆေးရုံပို့လိုက်ရတာလို့ မျက်မြင် မတ္တရာမြို့ခံတဦးက ပြောပါတယ်။
ရဲတာဝန်ရှိသူတွေက ကိုသောင်းရဲ့ နှုတ်ခမ်းကွဲဒဏ်ရာကို မတ္တရာမြို့နယ် ဆေးရုံမှာ ကုသေပးနြေပီး စိုးရိမ်စရာ မရှိတဲ့အြေကာင်း ရပ်ကွက်လူကြီးက တဆင့် မိသားစုထံ အြေကာင်းကြားခဲ့ပါတယ်။
အခုလ ၁၂ ရက်နေ့မှာတော့ ကိုသောင်းရဲ့ ယောက်ဖက ဆေးရုံကို သွားကြည့်ရာမှာ ကိုသောင်းကို မေတွ့ရသလို အိမ်ပြန်မေရာက်ဘဲ ပျောက်ဆုံးနေတာလို့ မတ္တရာမြို့ခံက ပြောပါတယ်။
“လူငယ်သဘာဝအရ အရက်သောက်ပြီး ရန်ဖြစ်ကြတာပေါ့ဗျာ။ ရန်ဖြစ်တဲ့အခါ ရေနံ့သာရဲက အရာခံဗိုလ် အြငိမ်းစား ဦးဝင်းရဲ့သား မောင်ဌေး ဆိုသူနဲ့ ရဲသုံးယောက် ၀ိုင်းရိုက်လိုက်တာ မောင်သောင်းက ဒဏ်ရာ ရသွားတော့ မတ္တရာ ဆေးရုံကို သုံးဘီးကားနဲ့ လိုက်ပို့တယ်။ ဒီအြေကာင်းတွေကို ယမ်းကုန်လေး ကျေးရွာမှာ ရှိတဲ့ ရယက ဦးကျော်ပိကို တပ်ကြပ်အောင်ရွှေ (ခ) အောင်စိုးလွင်နဲ့ ရဲအဖွဲ့ ၈ ယောက်တို့က သွားပြီး ဒါကို သတင်းပို့တယ်။ ခင်ဗျားတို့ရွာက မောင်သောင်း အရိုက်ခံရလို့ ဆေးရုံကို ပို့ထားခဲတယ်။ ဘာဒဏ်ရာတွေ ရထားသေးလဲလို့ ဦးကျော်ပိက မေးတဲ့အခါကျေတာ့ နှုတ်ခမ်းကွဲရုံလောက် တင်ပါလို့ ပြောသွားတာပေါ့ဗျာ။ ဒါကြောင့်မို့လို့ မောင်သောင်းရဲ့ မိဘေတွ ဆွေမျိုးတွေကို ဦးကျော်ပိက နောက်ရက်မှာ ခေါ်ပြီးတော့ အသိပေးတယ်။ ဒဏ်ရာကလည်း နှုတ်ခမ်းကွဲတယ်လို့ပဲ ရဲက ပြောသွားတဲ့အခါကျေတာ့ မောင်းသောင်းတို့ဘက်ကလည်း ချက်ချင်း မလိုက်ဘူးပေါ့ဗျာ။ တရက် နှစ်ရက်နေမှ ဆေးရုံကို လိုက်တော့ ဆေးရုံမှာ လူနာက မရှိတော့ဘူး။ အခုအချိန်ထိ လူနာက ရှာမေတွ့ဘူး။”
ဒီလူနာပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး မတ္တရာဆေးရုံက “အဲဒါ ရဲကို မေးပါ။ ကျေန်ာတို့ ဘာမှ မြေပာနိုင်ပါဘူးခင်ဗျာ။ မေးချင်ရင် ဒီ ဆေးရုံလာမေးပါနော်” လို့ ပြောပါတယ်။
မတ္တရာရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဒီအမှုကို ရေနံ့သာရဲစခန်းက ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ ဖြေပါတယ်။ ရေနံ့သာ ရဲစခန်းကိုတော့ ဆက်သွယ်လို့ မရပါဘူး။
ကိုသောင်း ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး နီးစပ်ရာ မြို့ခံကို လိုက်လံ မေးမြန်းရာမှာတော့ သေဆုံးသွားကြောင်း ကြားသိခဲ့ရေပမယ့် အမှုဖွင့်မရ ဖြစ်နေတယ်လို့ မတ္တရာမြို့ခံက ပြောပါတယ်။
“မြို့ပေါ်မှာ နီးစပ်ရာတွေနဲ့ စုံစမ်းတဲ့အခါမှာ မောင်သောင်းဟာ သေဆုံးသွားပြီလို့ ကြားသိရတဲ့အတွက် မတ္တရာမြို့နယ်က သုသာန်ကို သွားပြီးတော့ သုသာန်စောင့်တွေနဲ့ ဓာတ်ပုံပြပီး မေးတဲ့အခါမှာ ဟုတ်တယ် ဒီဓာတ်ပုံနဲ့ နီးစပ်တယ်၊ နှုတ်ခမ်းလည်းကွဲတယ်၊ သွားနှစ်ချောင်းလည်းကျိုးတယ်၊ နောက်စေ့လည်း ပေါက်တယ်။ ၁၁ ရက်နေ့ ညေန ၄ နာရီမှာ လာပြီးတော့ သြင်္ဂိုဟ်သွားတယ်လို့ သုသာန်စောင့်တွေက ပြောလိုက်တယ်။ ဒါပေမယ့် အခုအချိန်ထိ အဲဒါက တရားစွဲလို့လည်း မရ၊ အေလာင်းလည်း ဖော်လို့မရ ဖြစ်နေတာပေါ့ဗျာ။ ကာယကံရှင်တွေက သောကေတွ ရောက်နေတာ ဘယ်တိုင်လို့ ဘယ်တိုင်ရမှန်းလည်းမသိ၊ အမှုကလည်း ဖွင့်လို့မရေတာ့။”
Wednesday, July 20, 2011
ထူးထူးဟန်၏စကား ယုံကြည်သူ နည်းပါး
ရန်ပိုင် Wednesday, 20 July 2011 16:19
မြန်မာနိုင်ငံတွင် အနည်းဆုံး လူ အယောက် ၁၀၀ သတ်ဖြတ်ခဲ့သည် ဟူသော သြစတြေးလျနိုင်ငံရောက် ကိုထူးထူးဟန် ဆိုသူ၏ မကြာသေးခင်က ပြောကြားချက်များကို ယုံကြည်ရန် ခက်ခဲသည်ဟု အများက ယူဆနေကြသည်။
၁၉၈၇ မှ ၁၉၉၂ အတွင်း မြန်မာ စစ်ထောက်လှမ်းရေး တပ်ဖွဲ့ အရာရှိတဦး အဖြစ် တာဝန်ယူခဲ့ပြီး ထိုသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟူသော သူ၏ ပြောဆိုချက်ကို နိုင်ငံတကာ သတင်းဌာနများက ဖော်ပြလျက်ရှိသည်။
ကိုထူးထူးဟန်သည် ၁၉၉၀ ၀န်းကျင်က အင်းစိန်၊ သာယာဝတီထောင်တို့တွင် အထိန်းသိမ်းခံရဖူးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းမှ ကိုတိတ်နိုင်က ဧရာဝတီကို ပြောသည်။
“အခုလို သူပြောတဲ့ အချက်တွေက မဖြစ်နိုင်ပါဘူး၊ ထောင်ထဲမှာ ကျနော်နဲ့ တွေ့တုန်းက သူ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတယ်” ဟု ကိုတိတ်နိုင်က ရှင်းပြသည်။
ကိုထူးထူးဟန်သည် ထောင်တွင်း နှိပ်စက်ညှဉ်းပန်းမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ခဲ့ဖူးသည်ဟု သူက ဆိုသည်။
သြစတြေးလျရှိ မြန်မာ့အရေးလှုပ်ရှားသူများကမူ ကိုထူးထူးဟန်၏ မဆင်မခြင် ပြောဆိုမှုသည် သြစတြေးလျတွင် အခြေချရန် စောင်ဆိုင်းနေသည့် မြန်မာဒုက္ခသည်များကို ထိခိုက်စေနိုင်သည်ဟု ယူဆသည်။
“သူ လူ ၁၀၀ လောက် ဗမာပြည်မှာ သတ်ခဲ့တယ် ဆိုတဲ့ကိစ္စက ယုံဖို့ အရမ်းခက်တယ်” ဟု သြစတြေးလျတွင် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေသည့် ဒေါက်တာမြင့်ချိုက ကောက်ချက်ချသည်။
ကိုထူးထူးဟန်သည် ၁၉၉၆ ခုနှစ်က သြစတြေးလျတွင် ခိုလှုံခွင့် ယူခဲ့သည်ဟု သိရသည်။ နောက်ပိုင်းတွင် သြစတေးလျနိုင်ငံသား အဖြစ် ခံယူလိုက်ကြောင်း၊ ဇနီးသည်နှင့် သားသမီး ၃ ဦး ရှိကြောင်း သတင်းများက ဆိုသည်။
လူ အယောက် ၁၀၀ သတ်ဖြတ်ခဲ့သည်ဟူသော ပြောဆိုချက်များကို ဇနီးသည်ကပင် ယုံကြည်ခြင်းမရှိဟု သူက ပြောဆိုကြောင်း The Australian သတင်းစာ အင်တာနက် စာမျက်နှာတွင် ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။
မြန်မာစစ်ထောက်လှမ်းရေး တပ်ဖွဲ့သည် အတိုက်အခံ နိုင်ငံရေးသမားများကို သတ်ဖြတ်ရန် တဦးတယောက်ကို သီးခြား တာဝန်ပေးခဲ့ဖူးခြင်း မရှိဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဘီဘီစီ သတင်းဌာနကို တနင်္လာနေ့က ရှင်းပြသည်။
ကိုထူးထူးဟန်၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး သြစတြေးလျ အာဏာပိုင်များက စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
ကိုထူးထူးဟန်က သူ့ကိုယ်သူ စစ်ရာဇာဝတ်ကောင် ဟု ပြောဆိုကြောင်း၊ တချိန်က ကျောင်းသား အဖွဲ့အစည်းများအတွင်း ထိုးဖောက်ဝင်ရောက်ပြီး ထင်ရှားသည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဟူသော ပြောဆိုချက်တို့ကို နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားကြသည်။
သတ်ဖြတ်ရာတွင် နှိပ်စက်ညှဉ်းပမ်းမှု မပြုလုပ်ဘဲ ဦးခေါင်းကို ပစ်သတ်သည့် နည်းကိုသာ သုံးခဲ့ကြောင်း၊ နှစ်ပေါင်း ၂၀ ခန့်က ကျူးလွန်ခဲ့သည့် လုပ်ရပ် အတွက် သေဆုံးခဲ့သူတို့၏ မိဘများ၊ မြန်မာ ပြည်သူများကို ၀မ်းနည်းစကား ပြောချင်ကြောင်း ဟူသော ပြောဆိုချက်များကို သူ၏ သတင်း စတင် ဖော်ပြသည့် AAP သတင်းတပုဒ်တွင် ရေးသားထားသည်။
သြစတေးလျ ပြည်ထောင်စု ရှေ့နေချုပ် ရောဘတ်မက္ကလန်က “တော်တော်ကို ဆိုးရွားတဲ့ အဖြစ်အပျက်တခုပဲ” ဟု ကောက်ချက်ချ ပြောဆိုလိုက်သည်။
ဘီဘီစီ သတင်းဌာနနှင့် ဆက်သွယ် မေးမြန်းခန်း တခုတွင် သူက ၁၉၈၇ ခုနှစ်တွင် မေမြို့ စစ်တက္ကသိုလ်မှ ရွှေဓားဆု ချီးမြှင့်ခံရဖူးကြောင်း၊ စစ်ထောက်လှမ်းရေး အမှတ် ၆ တွင် တာဝန်ယူဖူးကြောင်း၊ ၁၉၉၃ တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပြီး မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို စာနာသည့် အတွက် ထောက်လှမ်းရေး တာဝန် မယူတော့ကြောင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် အနည်းဆုံး လူ အယောက် ၁၀၀ သတ်ဖြတ်ခဲ့သည် ဟူသော သြစတြေးလျနိုင်ငံရောက် ကိုထူးထူးဟန် ဆိုသူ၏ မကြာသေးခင်က ပြောကြားချက်များကို ယုံကြည်ရန် ခက်ခဲသည်ဟု အများက ယူဆနေကြသည်။

သြစတြေးလျနိုင်ငံတွင် ရောက်ရှိနေသူ ကိုထူးထူးဟန် (ဓာတ်ပုံ - AAP သတင်းဌာန)
ကိုထူးထူးဟန်သည် ၁၉၉၀ ၀န်းကျင်က အင်းစိန်၊ သာယာဝတီထောင်တို့တွင် အထိန်းသိမ်းခံရဖူးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းမှ ကိုတိတ်နိုင်က ဧရာဝတီကို ပြောသည်။
“အခုလို သူပြောတဲ့ အချက်တွေက မဖြစ်နိုင်ပါဘူး၊ ထောင်ထဲမှာ ကျနော်နဲ့ တွေ့တုန်းက သူ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတယ်” ဟု ကိုတိတ်နိုင်က ရှင်းပြသည်။
ကိုထူးထူးဟန်သည် ထောင်တွင်း နှိပ်စက်ညှဉ်းပန်းမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ခဲ့ဖူးသည်ဟု သူက ဆိုသည်။
သြစတြေးလျရှိ မြန်မာ့အရေးလှုပ်ရှားသူများကမူ ကိုထူးထူးဟန်၏ မဆင်မခြင် ပြောဆိုမှုသည် သြစတြေးလျတွင် အခြေချရန် စောင်ဆိုင်းနေသည့် မြန်မာဒုက္ခသည်များကို ထိခိုက်စေနိုင်သည်ဟု ယူဆသည်။
“သူ လူ ၁၀၀ လောက် ဗမာပြည်မှာ သတ်ခဲ့တယ် ဆိုတဲ့ကိစ္စက ယုံဖို့ အရမ်းခက်တယ်” ဟု သြစတြေးလျတွင် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေသည့် ဒေါက်တာမြင့်ချိုက ကောက်ချက်ချသည်။
ကိုထူးထူးဟန်သည် ၁၉၉၆ ခုနှစ်က သြစတြေးလျတွင် ခိုလှုံခွင့် ယူခဲ့သည်ဟု သိရသည်။ နောက်ပိုင်းတွင် သြစတေးလျနိုင်ငံသား အဖြစ် ခံယူလိုက်ကြောင်း၊ ဇနီးသည်နှင့် သားသမီး ၃ ဦး ရှိကြောင်း သတင်းများက ဆိုသည်။
လူ အယောက် ၁၀၀ သတ်ဖြတ်ခဲ့သည်ဟူသော ပြောဆိုချက်များကို ဇနီးသည်ကပင် ယုံကြည်ခြင်းမရှိဟု သူက ပြောဆိုကြောင်း The Australian သတင်းစာ အင်တာနက် စာမျက်နှာတွင် ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။
မြန်မာစစ်ထောက်လှမ်းရေး တပ်ဖွဲ့သည် အတိုက်အခံ နိုင်ငံရေးသမားများကို သတ်ဖြတ်ရန် တဦးတယောက်ကို သီးခြား တာဝန်ပေးခဲ့ဖူးခြင်း မရှိဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဘီဘီစီ သတင်းဌာနကို တနင်္လာနေ့က ရှင်းပြသည်။
ကိုထူးထူးဟန်၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး သြစတြေးလျ အာဏာပိုင်များက စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
ကိုထူးထူးဟန်က သူ့ကိုယ်သူ စစ်ရာဇာဝတ်ကောင် ဟု ပြောဆိုကြောင်း၊ တချိန်က ကျောင်းသား အဖွဲ့အစည်းများအတွင်း ထိုးဖောက်ဝင်ရောက်ပြီး ထင်ရှားသည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဟူသော ပြောဆိုချက်တို့ကို နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားကြသည်။
သတ်ဖြတ်ရာတွင် နှိပ်စက်ညှဉ်းပမ်းမှု မပြုလုပ်ဘဲ ဦးခေါင်းကို ပစ်သတ်သည့် နည်းကိုသာ သုံးခဲ့ကြောင်း၊ နှစ်ပေါင်း ၂၀ ခန့်က ကျူးလွန်ခဲ့သည့် လုပ်ရပ် အတွက် သေဆုံးခဲ့သူတို့၏ မိဘများ၊ မြန်မာ ပြည်သူများကို ၀မ်းနည်းစကား ပြောချင်ကြောင်း ဟူသော ပြောဆိုချက်များကို သူ၏ သတင်း စတင် ဖော်ပြသည့် AAP သတင်းတပုဒ်တွင် ရေးသားထားသည်။
သြစတေးလျ ပြည်ထောင်စု ရှေ့နေချုပ် ရောဘတ်မက္ကလန်က “တော်တော်ကို ဆိုးရွားတဲ့ အဖြစ်အပျက်တခုပဲ” ဟု ကောက်ချက်ချ ပြောဆိုလိုက်သည်။
ဘီဘီစီ သတင်းဌာနနှင့် ဆက်သွယ် မေးမြန်းခန်း တခုတွင် သူက ၁၉၈၇ ခုနှစ်တွင် မေမြို့ စစ်တက္ကသိုလ်မှ ရွှေဓားဆု ချီးမြှင့်ခံရဖူးကြောင်း၊ စစ်ထောက်လှမ်းရေး အမှတ် ၆ တွင် တာဝန်ယူဖူးကြောင်း၊ ၁၉၉၃ တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပြီး မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို စာနာသည့် အတွက် ထောက်လှမ်းရေး တာဝန် မယူတော့ကြောင်း ပြောဆိုခဲ့သည်။
Subscribe to:
Posts (Atom)