Friday, August 5, 2011

နေပြည်တော် မြေအောက် ရထားလမ်း ရုရှ ဦးစားပေး စီစဉ်နေ

FROM RFA NEWS

မြန်မာအစိုးရရဲ့ မြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ မက်ထရို မြို့ပတ် မြေအောက်ရထားလမ်း ဖေါက်လုပ်ရေး လုပ်ငန်းအတွက် ကန်ထရိုက် ရထားတဲ့ ရုရှားကုမ္ပဏီဟာ ပြည်တွင်း မြေအောက် ရထားလမ်း စီမံကိန်းတွေ ထက် နေပြည်တော် စီမံကိန်းကို ပိုပြီး အားစိုက် ဆောင်ရွက် နေတယ်လို့ The Moscow News က မနေ့က ဖေါ်ပြ လိုက်ပါတယ်။

AFP

မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်မြို့တွင် အသစ်စက်စက် ဆောက်လုပ်ပြီးစ ရထားဘူတာကို သန့်ရှင်းရေး လုပ်နေသည့် အလုပ်သမားများ ဖြစ်ပါသည်။

နေပြည်တော် မြေအောက် ရထားလမ်းအတွက် တိုင်းတာရေးနဲ့ ပုံစံထုတ်တဲ့ အဆင့်တွေပြီးစီး သွားပြီလို့ အမည်မသိရသေးတဲ့ ရုရှကုမ္ပဏီရဲ့ စီမံကိန်း အရာရှိ တစ်ယောက်က ပြောပါတယ်။ နေပြည်တော် မြေအောက် ရထားလမ်းဟာ မိုင် ၃၀ ကျော်ရှည်မှာ ဖြစ်ပြီး မော်စကို မြေအောက် ရထားလမ်းထက် သုံးဆ ပိုရှည်တယ် လို့လည်း ဆိုပါတယ်။ ရုရှနိုင်ငံမှာ မက်ထရို မြို့ပတ် မြေအောက် ရထားလမ်းတွေ တိုးချဲ့ပြုပြင်ရေး စီမံကိန်းတွေ ရှိနေပေမယ့် ငွေကြေး အခက်အခဲ ရှိနေပါတယ်။ မော်စကိုမြို့တော် အပါအ၀င် စိန့်ပီတာစဘတ်၊ ကာဇန်၊ Nobosibirsk မြို့တွေမှာ မက်ထရို ရထားလမ်း စီမံကိန်းတွေ နှေးကွေး ဆိုင်းငံ့ ထားရပေမယ့် ရုရှ ကျွမ်းကျင်သူတွေနဲ့ ရုရှ ဆောက်လုပ်ရေး လုပ်သား အများအပြားကတော့ နေပြည်တော် မက်ထရို စီမံကိန်းသစ် အတွက် အသင့် သုံးနိုင်တယ်လို့ မော်စကို သယ်ယူ ပို့ဆောင်ရေး ဌာန အကြီးအကဲ Vorontsova က ပြောပါတယ်။ နေပြည်တော် မက်ထရိုမြို့ပတ် ရထားလမ်းဟာ မြေအောက် ဘယ်လောက်အနက် အထိရှိမယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် လက်ရှိမော်စကို မြေအောက်ရထားလမ်း အနက်အတိုင်းပဲ ဖြစ်မယ်လို့ Vorontsova က ခန့်မှန်းပါတယ်။ မော်စကို မြေအောက် ရထားလမ်းကို ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးခိုကျင်း အဖြစ် အသုံးပြုခဲ့ပါတယ်

ဧရာဝတီမြစ် ကာကွယ်ရေး ဝိုင်းဝန်း ပါဝင်ကြဖို့ လူ့အခွင့်ရေးအဖွဲ့ တိုက်တွန်း

FROM RFA NEWS

ကချင်ပြည်နယ် မေခ၊ မလိခ မြစ်ဆုံမှာ တရုတ်အစိုးရပိုင် China Power Investment (CPI) ကော်ပိုရေးရှင်းနဲ့ မြန်မာအစိုးရ ဖက်စပ်ပြီး မြစ်ဆုံဆည် စီမံကိန်းကြီး ဆောက်လုပ်နေတာဟာ ဧရာဝတီ မြစ်ကြီး ပျောက်ကွယ်ဖို့ ဖြစ်လာတာကြောင့် ၀ိုင်းဝန်း ကာကွယ်ကြဖို့ အမေရိကန်အခြေစိုက် US campaign for Burma အဖွဲ့က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

RFA

ရေမျောကမ်းတင်နေတဲ့ အမှိုက်သရိုက်တွေကို ဧရာဝတီးမြစ်ကမ်းပါးမှာ တွေ့မြင်ရစဉ်။

(CPI) ကော်ပိုရေးရှင်းက ကူညီ ထောက်ပံထားတဲ့ မြန်မာနဲ့ တရုတ် ပညာရှင် လေ့လာရေးအဖွဲ့ကနေ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆက်လက် အကောင်အထည်မဖော်ဖို့ စာမျက်နှာ ၉၄၅ မျက်နှာ ပါတဲ့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ကြီးမားတဲ့ ရေကာတာကြီးကို ဧရာဝတီမြစ်မှာ တည်ဆောက်ဖို့ မသင့်တော်တဲ့ အကြောင်း အဓိကတင်ပြ ထားတာပါ။ ဒါပေမယ့် မြန်မာနဲ့ တရုတ်အစိုးရတို့က အစီရင်ခံစာပါ အချက်တွေကို လျစ်လျူရှုပြီး ဆက်လက် ဆောက်လုပ် နေတာကြောင့် ဧရာဝတီမြစ် ပျောက်ကွယ်မသွားဖို့ အရေးဟာ အမျိုးသားရေး တာဝန်တရပ် ဖြစ်လာပြီလို့ US campaign for Burma အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။ ပြည်တွင်းမှာလည်း ထင်ရှားတဲ့ အနုပညာရှင်တွေ ကိုယ်တိုင် ဧရာဝတီမြစ်ကြီး ပျောက်ကွယ်မသွားဖို့ ဟောပြောပွဲတွေ ကျင်းပ နေပါတယ်။ ပြီးခဲ့လပိုင်းက မင်္ဂလာဒုံမြို့နယ်မှာ ကျင်းပတဲ့ စာပေဟောပြောပွဲမှာ စာရေးဆရာ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)က ဧရာဝတီ မြစ်ရေတွေ တဖြည်းဖြည်းနဲ့ တိမ်ကော လာနေတဲ့အကြောင်း ဟောပြချက်ကို လူကြိုက်များတယ်လို့ သိရပါတယ်။ ဧရာဝတီမြစ်ကြီးရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး သုသေသန စာတမ်းတစောင် ပြုစုခဲ့တဲ့ ဦးအောင်ဒင်ကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆရာဝန်၊ လူနာနဲ့ ဟောလစ်ပုလင်း

FROM ဧရာဝတီ
နေပြည်တော်မှာ လူနာက ဆရာဝန်ကို ဟောလစ်ပုလင်းနဲ့ ပေါက်လိုက်တယ် တဲ့။

ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ဖြစ်ခဲ့တာပါ။

ပဲနွယ်ကုန်း မြို့နယ်၊ ရွှေပြည်အေးရပ်ကွက်က အသက် ၃၂ နှစ်အရွယ် ကိုဇော် (ခေါ်) စိုးထက်အောင်က အစာအိမ်ရောဂါဖြစ်နေတယ်၊ နေပြည်တော် ပျဉ်းမနားမှာ ဆေးရုံတက်ကုတယ်၊ ဆရာဝန်က ခွဲစိတ်ကုသဖို့ ၃ သိန်းတောင်းတယ်လို့ ဆိုပါတယ်။

``လူနာက အိမ်ကို ဖုန်းဆက်ပြီး လှမ်းတောင်းထားတယ်။ ပြီးတော့ ပိုက်ဆံပေးပါမယ် ဆိုတာကို ဆရာဝန်က ရော့ ပတ္တမြား ရော့နဂါးပဲ လိုချင်တယ် ဆိုပြီး ပြောပြီး လူနာခန်းထဲက ထွက်သွားတယ်။ အဲဒီမှာ လူနာက နောက်က လိုက်ပြီး ဟောလစ်ပုလင်းနဲ့ ပေါက်လိုက်တာပါ´´ လို့ အခင်းဖြစ်ချိန် အနားမှာရှိတဲ့ သူနာပြုတယောက်က ရှင်းပြပါတယ်။

``ဆရာက ဘယ်လက်နဲ့ ကာလိုက်တော့ ဘယ်လက် လက်ဖျံနဲ့ ဘယ်ဘက် နားရွက်နားပုလင်းကွဲ ရှသွားတယ်´´တဲ့။

ပုလင်းနဲ့ပေါက်ခံရသူ ဒေါက်တာ သူရဇော်က နေပြည်တော်ရဲစခန်းမှာ တိုင်ခဲ့တယ်၊ (ပ) ၄၄၇/၂၀၁၁ ဥပဒေ ပုဒ်မ ၃၂၂ နဲ့ စွဲထားတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

တရားစွဲခံရတဲ့ လူနာက မကျေနပ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနကို ပြန်တိုင်ကြားထားတယ်လို့ သိရပါတယ်။

``ကျန်းမာရေးဦးစီးဌာနကတော့ အခု ခုံဖွဲ့ပြီး စစ်ဖို့လုပ်နေပါ တယ်။ ဆရာဝန်ဘက်က မှားရင်လည်း ထိထိရောက်ရောက် အရေး ယူသွားမယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောပါတယ်´´
လို့ ဌာန ၀န်ထမ်းတယောက်က ဖောက်သည်ချပါတယ်။

စစ်တကောင်းတောင်တန်းနယ်တွင် ဗုဒ္ဓဘာသာ အမျိုးသမီးငယ် တစ်ဦး အုပ်စုလိုက် မုဒိမ်းပြုကျင့်ခံရ

FROM နိရဉ္စရာ

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ရခိုင်မျိုးနွယ်စုဝင် ဗုဒ္ဓဘာသာ မာရ်မာ အမျိုးသမီးငယ် တစ်ဦး အုပ်စုလိုက် မုဒိမ်းပြုကျင့်ခံရကြောင်း သတင်း ရရှိသည်။

အဆိုပါ အမျိုးသမီးငယ်မှာ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ညနေပိုင်းက အနီးအနားရှိ ကျေးရွာ တစ်ခုကို သွားရောက်စဉ် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းကို ခံရခြင်း ဖြစ်သည်။

Marma-Chittagong-Hill-Tracts
အခင်း ဖြစ်ပွားရာ ဒေသ မာတိန်ရန်ဂ ရဲစခန်းမှာ တာဝန်ရှိသူ ရဲစခန်းမှူး မီဇာနုရ် ရာဟာမန် ( Mizanur Rahman) က အဆိုပါ အမျိုးသမီးငယ်မှာ သူမ၏ သူငယ်ချင်း ဖြစ်သူ Shankar Chandra Shil နှင့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရိန်းချမ်း ဂျာနာ ပတ်ဝန်းကျင်သို့ သွားရောက်စဉ် အဆိုပါ အမျိုးသားမှ လမ်းမှ စောင့်နေသူ တခြား အဖေါ်နှစ်ဦးနှင့် အတူ အဆိုပါ အမျိုးသမီးငယ်အား တောထဲ ဆွဲခေါ်ပြီး မုဒိမ်းပြုကျင့်ခဲ့ကြောင်း ပြောကြားသည်။

သူမအား မုဒိမ်းပြုကျင့်စဉ် အော်ဟစ် အကူ အညီတောင်းခံ သဖြင့် အနီးပတ်ဝန်းကျင်မှ လူများ လိုက်လာပြီး အဆိုပါနေရာတွင် Shankar ကို လက်ပူး လက်ကြပ် ဖမ်းမိပြီး နောက် (၂) ဦးမှာ လွှတ်မြောက်သွားခဲ့သည်။

ယခုအခါ အမျိုးသမီးငယ်အား ခါဆိုရီမြို့ ဆေးရုံတွင် ဆေးစစ်နေပြီး မုဒိမ်းကျင့်ရာ ပါဝင်သူဟု စွပ်စွဲခံရသူ Shankar ကိုမူ ဖမ်းဆီးထားသည်။

မုဒိမ်းကျင့်ခံရသူ အမျိုးသမီးငယ်မှာ အသက် ၁၄၊ ၁၅ နှစ်အရွယ်ရှိပြီး ခါကာဆိုရီ ( ဖလံထောင်) ခရိုင် မာနီချရီမြို့နယ် ဟာတီမူရ နေရာမှ ဦးသိန်းကြာလှ သမီး ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ဇူလိုင်လ (၃၀) ရက်နေ့ကလည်း မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ကပ်နေသည့် စစ်တကောင်း တောင်တန်းနယ် တောင်ပိုင်း လမားမြို့နယ်တွင် ရခိုင်မျိုးနွယ်စုဝင် မာရမာ အမျိုး သမီးငယ် တစ်ဦးကို ဒေသခံ ဘင်္ဂလီ တစ်ဦးက မုဒိမ်းကျင့်ရန် ကြိုးစားစဉ် သူမ၏ အဖိုးတော်သူ ၆၅ နှစ်အရွယ် လူကြီး တစ်ဦး၊ အသက် ၃၅ နှစ်ရှိ သူမမိခင်နှင့် အသက် ၅ နှစ်အရွယ် သူမ မောင်ငယ်တို့ကို သတ်ဖြတ် ပစ်ခဲ့သည်။

ယခုကဲ့သို့ ပြဿနာများ ရက်ဆက်ဆိုသလို ဖြစ်ပွားနေသဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံရှိ တောင်တန်းနယ် တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် လူနည်းစုတို့၏ ဘ၀လုံခြုံရေးမှာ အလွန်တရာ စိုးရိမ်စရာ အခြေအနေသို့ ဆိုက်ရောက်နေကြောင်း ဒေသခံ ဆရာတော် တပါးက ပြောသည်။

ခွန်ယင်လပ်ကို ၀န်ကြီးချုပ်အဖြစ် ရွေးလိုက်ကြပြီ

FROM နေ့သစ်

သောကြာနေ့၊ နေ့လည်က အောက်လွှတ်တောက မစ္စခွန်ယင်လပ်ကို ၀န်ကြီး ချုပ်အဖြစ် မဲပေးလိုက်ကြပါပြီ။ အောက် လွှတ်တော် အမတ် ၄၉၆ ယောက်တက်လာတဲ့အထဲက ၂၉၆ ယောက်က ခွန်ယင်လပ်ကို မဲပေးခဲ့ကြပါတယ်။ အတိုက် အခံပါတီက အမတ် ၁၉၇ ယောက်က မဲမပေးဘဲ နေကြပြီး ၃ ယောက်က အမည်စာရင်းတင်သွင်းတာကို ဆန့်ကျင်ကန့် ကွက်ပါတယ်။ ညွန့်ပေါင်းအမတ် မဲ ၃၀၀ ထဲက မဲမပေးဘဲနေတဲ့ ၄ယောက်မှာ ယင်လပ်၊ အောက်လွှတ်တော် ဥက္ကဋ္ဌနဲ့ သူ့လက်ထောက် ၂ ယောက် တို့ပါဝင်ပါတယ်။ မဲမပေးတဲ့ ဒီမိုကရက်အမတ် ၃ ယောက်က ၀ပ်ချာရာဖကထုန်၊ ဘွန်း ယော့ဒ် ဆုက်ထင်ထိုင်းနဲ့ အက်တာပေါန်ပွန်လာဘတ် တို့ ဖြစ်ပါတယ်။ ခွန်ယင်လပ်ဟာ အသက် ၄၄ နှစ်နဲ့ တလ ရှိပြီ ဖြစ်ပြီး ကမ္ဘာ့အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ကမ္ဘာ့စံချိန် ချိုးလိုက်ပါတယ်။

တပတ်အတွင်း စီးပွားရေးသတင်း

FROM DVB NEWS

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်ဟာ နိုင်ငံတလွှားက လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်နေပမယ့် တိုင်းပြည်ကို ပေးဆောင်ရမယ့် အခွန်ဘဏ္ဍာကိုတော့ ပေးဆောင်ခြင်း မရှိဘူးလို့ ပြည်တွင်းစီးပွားရေး
လုပ်ငန်းရှင်တွေက ဝေဖန် လိုက်ကြပါတယ်။


ကျောက်မျက်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ကားလုပ်ငန်း၊ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်း၊ သစ်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်း၊ ဓာတုဗေဒ လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ငါးလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း အစရှိတဲ့ လုပ်ငန်းတွေကို ဦးပိုင်ကုမ္ပဏီလီမိတက်က လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အလားတူ အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ မြန်မာနိုင်ငံရဲ့ အြကွယ်ဝ အချမ်းသာဆုံး သူဌေးကြီးတွေ ဖြစ်နေပမယ့် တိတိကျကျ ပေးဆောင်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေမှာ အခုလို ဥပေဒ နှစ်မျိုးဖြစ်နေရင် တြခားစီးပွားရေး လုပ်ငန်းရှင်တွေကလည်း အြမတ်အစွန်း လျှော့ပြတာတွေ၊ မသမာနည်းတွေသုံးပြီး အခွန်ရှောင်တာတွေ ရှိနေဦးမှာပဲလို့ ဆိုပါတယ်။

အခွင့်ထူးခံ လုပ်ငန်းရှင်ကြီးတွေ အခွန်ရှောင်နြေကတာကို ဝေဖန် နြေကသလိုပဲ ဘဏ်ချေးငွေ အတိုးနှုန်းတွေ ကြီးမြင့်နေတာကိုလည်း လျှော့ချေပးဖို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေက တောင်းဆိုနြေကပါတယ်။

မြန်မာနိုင်ငံက အစိုးရဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ အပ်ငွေအတွက် တနှစ်ကို အတိုး ၁၂ ရာခိုင်နှုန်းရြပီး ချေးငွေအတွက်တော့ ၁၇ ရာခိုင်းနှုန်း ပေးဆောင်ရပါတယ်။ ချေးငွေအတွက် ပေးရတဲ့ ဘဏ်တိုးနှုန်းဟာ ဒေသတွင်း အာဆီယံနိုင်ငံတွေနဲ့ နှုန်းယှဉ်လိုက်ရင် မြင့်နေတာမို့ ဘဏ်တိုးနှုန်းလျှော့ချေပးဖို့ စီးပွားရေးလုပ်ငန်းရှင်တွေက တောင်းဆိုနြေကတာပါ။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မြကာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ ဖွေထိုင်းပါတီခေါင်းဆောင် ယဉ်လတ်ရှင်နာဝပ်ထရာက ထိုင်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အြဖစ် ဒီကေန့ ဩဂုတ်လ ၅ ရက်နေ့မှာ ကျမ်းသစ္စာ ကျိမ်ဆိုလိုက်ပါပြီ။

ထိုင်းအစိုးရသစ်အေနနဲ့ မြန်မာနိုင်ငံပေါ်ထားရှိတဲ့ စီးပွားရေး ပေါ်လစီတွေကေတာ့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်နြေကပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက လျှပ်စစ်စွမ်းအားအတွက် မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ကို မှီခိုနေရတဲ့အြပင် ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်သွယ်မှုတွေ အများအြပား လုပ်ဆောင်နေတာမို့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မယ့် သေဘာမှာ ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်နြေကတာပါ။

ဒီကေန့ အေမရိကန် ဒေါ်လာပေါက်ဈေးက ၇၆၀ ကျပ် ဝန်းကျင်မှာ ရှိပြီး FEC ကေတာ့ တယူနစ်ကို ၇၂၀ ကျပ် ဝန်းကျင် ဈေးပေါက်ပါတယ်။

အခုရက်ပိုင်း ကမ္ဘာ့ရွှေဈး တက်နေပမယ့်လည်း မြန်မာ့ရွှေဈးကေတာ့ တန်းနေပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်၊ ဩဂုတ်လ ၃ ရက်နေ့ ရွှေဈးက အေခါက်ရွှေ တကျပ်သားကို ၆၇၀၀၀၀ ကျပ် ဈေးပေါက်ပြီး ဒီကေန့ဈေးကေတာ့ အေခါက်ရွှေ တကျပ်သားကို ၆၆၉၀၀၀ ကျပ် ဝန်းကျင်ဈေးပေါက်ကြောင်းပါ။