Friday, August 5, 2011

ခွန်ယင်လပ်ကို ၀န်ကြီးချုပ်အဖြစ် ရွေးလိုက်ကြပြီ

FROM နေ့သစ်

သောကြာနေ့၊ နေ့လည်က အောက်လွှတ်တောက မစ္စခွန်ယင်လပ်ကို ၀န်ကြီး ချုပ်အဖြစ် မဲပေးလိုက်ကြပါပြီ။ အောက် လွှတ်တော် အမတ် ၄၉၆ ယောက်တက်လာတဲ့အထဲက ၂၉၆ ယောက်က ခွန်ယင်လပ်ကို မဲပေးခဲ့ကြပါတယ်။ အတိုက် အခံပါတီက အမတ် ၁၉၇ ယောက်က မဲမပေးဘဲ နေကြပြီး ၃ ယောက်က အမည်စာရင်းတင်သွင်းတာကို ဆန့်ကျင်ကန့် ကွက်ပါတယ်။ ညွန့်ပေါင်းအမတ် မဲ ၃၀၀ ထဲက မဲမပေးဘဲနေတဲ့ ၄ယောက်မှာ ယင်လပ်၊ အောက်လွှတ်တော် ဥက္ကဋ္ဌနဲ့ သူ့လက်ထောက် ၂ ယောက် တို့ပါဝင်ပါတယ်။ မဲမပေးတဲ့ ဒီမိုကရက်အမတ် ၃ ယောက်က ၀ပ်ချာရာဖကထုန်၊ ဘွန်း ယော့ဒ် ဆုက်ထင်ထိုင်းနဲ့ အက်တာပေါန်ပွန်လာဘတ် တို့ ဖြစ်ပါတယ်။ ခွန်ယင်လပ်ဟာ အသက် ၄၄ နှစ်နဲ့ တလ ရှိပြီ ဖြစ်ပြီး ကမ္ဘာ့အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ကမ္ဘာ့စံချိန် ချိုးလိုက်ပါတယ်။

No comments:

Post a Comment