Friday, July 15, 2011

သတင်း မြန်မာသတင်း နိုင်ငံတကာသတင်း သတင်းသုံးသပ်ချက် အစီအစဉ်များ ဒီမိုကရေစီရေးရာ စီးပွားရေး အမေရိကန်နိုင်ငံရေး သိပ္ပံ နဲ့

ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၃ ရက်တိုင်တိုင် တိုက်ပွဲဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်နဲ့ SSA (မြောက်ပိုင်း) တပ်ဖွဲ့အကြား တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ SSA (မြောက်ပိုင်း) တပ်ဖွဲ့တွေက ပြောပါတယ်။ အရင်ရက်တွေတုန်းက တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်က အထိနာခဲ့တာကြောင့် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ဖြစ်သလို စစ်ကူအင်အားတွေ တိုးမြှင့်လာပြီး အခုထက်ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြောက်ဘက် မိုင်းရယ်နဲ့ ၀မ့်ဟိုင်း လမ်းမကြီးပေါ်မှာရှိတဲ့ နန်းကိုင်ဖိတ် အစိုးရတပ်စခန်းကို SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တွေကနေ ၀ိုင်းဝန်း ပိတ်ဆို့ထားစဉ်မှာပဲ မနေ့က မွန်းလွဲ ၂ နာရီကျော်လောက်မှာ အစိုးရ စစ်တပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ SSA/SSPP တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီလို ဗုံးကြဲခဲ့ပေမဲ့ ရာသီဥတု အခြေအနေကြောင့် ဘာမှ ထိခိုက်မှု မရှိဘူးလို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

“တိုက်ပွဲအခြေအနေက သူတို့ လေကြောင်းနဲ့ လာတယ်လေ။ ဗုံး ၂ လုံး လာကြဲတာပေါ့။ ဗုံးကထွက်တဲ့ မီးခိုးတွေ မည်းနက်နေတယ်။ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာ နမ့်ကိုင်ဖိတ်မှာပဲ။ များများမကြဲရတာက တိမ်တွေဖုံးနေလို့။ သူတို့ရောက်တာနော် ၀ဲပြီးတော့ ၂ နာရီခွဲ အချိန်လောက်မှာ ကြဲတယ်ပေါ့ ၂ လုံး။ နောက် ၂ လုံး ကြဲပြီးတော့ သူတို့လူက မီးမွှေးပြီးတော့ အချက်ပြတယ်။ ကျနော်တို့လူကလည်း မီးမွှေးတယ်ဆိုတော့ ဘယ်ဟာ ဘယ်ဟာမှန်း မသိတော့ သူတို့က မကြဲဖြစ်တော့ဘူးလေ။

“ညနေပိုင်းကျတော့ အမှောင်သန်းလာပြီဆိုတော့ သူတို့လည်း ပြန်လှည့်သွားတယ်။ အဲဒီ ဗုံးကြဲတာတော့ ကျနော်တို့လူတွေ ထိခိုက်မှု မရှိပါဘူး။ တိမ်တွေဖုံးနေတော့ သူတို့လူက ဘယ်နေရာရှိမှန်း ကျနော်တို့လူက ဘယ်နေရာရှိမှန်း မသိတော့ သူတို့က မှန်းပြီးတော့ ဗုံးကြဲနေတာပေါ့။”

ဒီလို ဗုံးကြဲတိုက်ခိုက်မှုဟာ သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ ပထမဆုံးအကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီကနေ့မနက်မှာ စစ်ကူပေးလာတဲ့ မြန်မာစစ်တပ်ကို SSA (မြောက်ပိုင်း) တပ်ဖွဲ့ကနေ မိုင်းနောင် ဒေသဘက်မှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

“အခုတိုက်ပွဲက ပြင်းထန်နေတာပေါ့။ အခုထက်ထိ တိုက်ပွဲက မရပ်သေးဘူးလေ။ ဒီနေ့မနက်ကျတော့လည်း သူတို့ စစ်ကူလာတဲ့အချိန် ကျနော်တို့ သူတို့ မိုင်းနောင်ကနေ ကျေးသီးလာတဲ့အခါမှာ မိုင်းနန်းအရောက်မှာ ကျနော်တို့ တပ်ရင်း ၁ က ဖြတ်ပြီးတော့ တိုက်တယ်လေ။ တိုက်တော့ သူတို့ဘက်က ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိ တယောက်ရယ်၊ နောက် အရာခံဗိုလ် တယောက်၊ နောက် ရဲဘော်တယောက်၊ ၃ ယောက် ဒဏ်ရာရပြီးတော့ တယောက်ကျသွားတယ်။”

မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတို့ဟာ ဇူလိုင်လ ၁၁ ရက်နေ့က စခဲ့တဲ့ တိုက်ပွဲဟာ အခုအချိန်ထိ ဆက်လက် ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။ လက်ရှိ တိုက်ပွဲ အခြေအနေကိုတော့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

“ခလရ ၂၂ နဲ့ ၆၇၊ ၂၄၃ က ကျနော်တို့လူရှိတဲ့ မြောက်ဘက်ကနေ သူတို့က ပြန်ပြီးတော့ ညှပ်တိုက်တာပေါ့။ နောက် အဲဒီ ရပခ လက်အောက်ခံဖြစ်တဲ့ ၅၁၃၊ ၅၁၈ ရယ်၊ ၁၃၁၊ နောက်ထပ် ၂၈၆၊ ၂၈၇ လက်ကျန်အင်အားတွေ သူတို့က ပြန်ပူးပေါင်းပြီးတော့ တောင်ဘက်ကနေ ကျနော်တို့ကို နှစ်ဘက်ညှပ်ပြီးတော့ တိုက်တာပေါ့။ လက်နက်ကြီးကလည်း နောက်ကနေ ကူပစ်ပေးတယ်လေ။ အခုထက်ထိ တိုက်ပွဲ ဖြစ်နေတုန်းပါပဲ။”

ဇူလိုင် ၁၁ ရက်နေ့ကနေ ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ရှိရာ ၀မ်ဟိုင်းအနီးက နန်ကိုင်ဖိတ် တိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့ကနေ အသာစီးရချိန်မှာ မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်တာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အခုလို တိုက်ခိုက်လာရတာဟာ မေလ ၂၁ ရက်နေ့ နောက်ပိုင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့ ပြန်လည်ပူးပေါင်းသွားတဲ့ အခြေအနေနဲ့ ဆက်စပ်မှု ရှိနေလို့ အခုလို အင်အားသုံးပြီး တိုက်ခိုက်လာတာ ဖြစ်နိုင်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အခုလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ်မှာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းအရ မဖြေရှင်းဘဲ စစ်ရေးအရ တိုက်ခိုက်လာမယ်ဆိုရင် မလိုလားအပ်တဲ့ ပြည်တွင်းစစ်တွေ ဆက်လက်ဖြစ်ပွားနေမှာ ဖြစ်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ အနေနဲ့ကတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့် ရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဖုန်းခိုးနားထောင် ခံရမှု ရှိမရှိ FBI က စစ်ဆေးတော့မယ်


အက်ဖ်ဘီအိုင် အဖွဲ့ကြီး ရုံးစိုက်ရာ အဆောက် အဦ


အမေရိကန် ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက Washington နဲ့ New York မြို့တွေက စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု အတွင်း ထိခိုက် ဒဏ်ရာရ သူတွေရဲ့ တယ်လီဖုန်းတွေကို Rupert Murdoch ရဲ့ News Corporation ကုမ္ပဏီက ကြားဖြတ် ခိုးယူ နားထောင်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် FBI အဖွဲ့ကြီးက စုံစမ်း စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

နယူးယောက်မြို့က ရီပါ့ဘလစ်ကန် ပါတီက ကွန်ဂရက် လွှတ်တော်အမတ် Peter King အပါအဝင် လွှတ်တော်အမတ် တော်တော်များများရဲ့ တောင်းဆို မှုကြောင့် အခုလို စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ မားဒေါ့ရဲ့ ဗြိတိန်ထုတ် သတင်းစာ တစောင်ဖြစ်တဲ့ က စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေရဲ့ ဖုန်းတွေကို ကြားဖြတ်ခိုးယူ နားထောင်ဖို့ ကြိုးစားခဲ့တယ် ဆိုပြီး စွပ်စွဲကာ ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ မစ္စတာ ကင်းကနေ အက်ဖ်ဘီအိုင် အဖွဲ့ ဒါရိုက်တာ Robert Mueller ဆီကို စာရေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ တယ်လီဖုန်း ကြားဖြတ်ခိုးယူ နားထောင်မှုနဲ့ တရားနည်းလမ်း မကျတဲ့ လုပ်ရပ်တွေကြောင့် သူ့ကုမ္ပဏီ News Corporation ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်လိမ့်မယ်လို့ သူယုံကြည် ကြောင်း မီဒီယာ သူဌေးကြီး Rupert Murdoch က ပြောကြား လိုက်ပါတယ်။

သူ့ကိုယ်ပိုင် သတင်းစာ တစောင်ဖြစ်တဲ့ Wall Street Journal နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ သူ့အခေါ်အရ အမှားအယွင်း အသေးအဖွဲလေးတွေသာ လုပ်ခဲ့မိတာ ဖြစ်ပြီး ဒါတွေကလည်း မကြာခင် ပြေပျောက်သွားမှာပါလို့ မစ္စတာ မားဒေါ့က ဆိုပါတယ်။

လာမယ့် သီတင်းပတ်အတွင်း ဗြိတိသျှ ပါလီမန် ကော်မတီ ရှေ့မှောက်မှာ မစ္စတာ မားဒေါ့နဲ့ သူ့သား ဂျိမ်းစ်တို့ကို လာရောက်စစ်ဆေးခံဖို့ ဆင့်ခေါ်ချက်ကို ကနဦးတုန်းက ငြင်းဆိုခဲ့ပေမယ့် အခုတော့ သူတို့အပေါ် စွပ်စွဲချက်တွေကို အစစ်ခံဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

တရုတ်ရေတပ်က ဗီယက်နမ် ငါးဖမ်းသင်္ဘော ကပ္ပတိန်ကို ရိုက်နှက်

ကြာသပတေး, 14 ဇူလိုင် 2011

လက်နက်ကိုင် တရုတ်စစ်သားတွေက တောင်တရုတ်ပင်လယ်ပြင်မှာ သွားနေတဲ့ ဗီယက်နမ် ငါးဖမ်းသင်္ဘောပေါ်ကို တက်ပြီး သင်္ဘောကပ္ပတိန်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ပြီး နှစ်နိုင်ငံ သူပိုင် ငါပိုင် ပြောနေတဲ့ ရေပိုင်နက်ထဲကနေ မောင်းထုတ်လိုက်ပါတယ်။

ကမ်းခြေစောင့် တပ်ဖွဲ့ကို ကိုးကားပြီး ဗီယက်နမ်သတင်းက ထုတ်ပြန်ရာမှာ အခင်းဖြစ်ပွားခဲ့တဲ့ နေရာဟာ ပရာဆဲလ်ကျွန်းစု (Paracel Islands) အနီး ဇူလိုင်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ အဲဒီကျွန်းစုဟာ သတ္တု ပေါကြွယ်ဝပြီး တရုတ်၊ ဗီယက်နမ်၊ ထိုင်ဝမ်တို့က သူပိုင် ငါပိုင် ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

တရုတ်စစ်သားတွေက ဗီယက်နမ် သင်္ဘောပေါ်ကနေ ငါးတန်ချိန် တတန်ကိုလည်း သိမ်းယူလိုက်တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ ငါးဖမ်းသင်္ဘော ကမ်းပြန်ကပ်လာတဲ့ ဗုဒ္ဓဟူးနေ့ကျမှ သိရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ဘာမှ မတုံ့ပြန်ပါဘူး။

တောင်တရုတ်ပင်လယ် ပရာဆဲလ်နဲ့ စပရက်လီ (Spratly) ကျွန်းတန်းကို တရုတ်က ပိုင်ဆိုင်တယ်လို့ ပြောဆိုထားပြီးတဲ့ နောက်ပိုင်း ရေကြောင်း ဥပဒေသတွေကို ချိုးဖောက်မှုတွေ လုပ်နေတယ်ဆိုပြီး ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ပြောပါတယ်။

ပြီးခဲ့တဲ့လထဲမှာ တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်ပြီး လိုအပ်ရင် အင်အားသုံးမယ်ဆိုပြီး တရုတ်က ဗီယက်နမ်ကို ပြောဆိုခဲ့ပါတယ်။

ဒီနေရာရဲ့ တစိတ်တဒေသကို ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့က ပိုင်ဆိုင်တယ်ဆိုပြီး ပြောနေကြတာပါ။

တောင်တရုတ်ပင်လယ်အတွင်း လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့ နောက်တပတ် အင်ဒိုနီးရှားမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ တရုတ်က တင်ပြဖို့ ရှိနေတယ်ဆိုပြီး ဂျပန်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းမြို့ ဆရာဝန်-ကျူရှင်ဆရာမှ ကျောင်းသူလေးကို မဟားတရားပြုကျင့်



စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ ရွာထောင်တွင် တက္ကသိုလ်ဝင်တန်း ဘော်ဒါဆောင် တည်ထောင်ဖွင့်လှစ်ထားသူ အသက် ၄၅ နှစ်အရွယ် ဆရာဝန်က အရွယ်မရောက်သေးသူ

ဒသမတန်း ကျောင်းသူ တစ်ဦးအား အဓမ္မပြုကျင့်မှုကို အမှုဖွင့် စစ်ဆေးနေကြောင်း စစ်ကိုင်းမြို့ ဒေသခံများ၊ မြို့နယ်တပ်ဖွဲ့ ရဲစခန်း၊ အမှတ် (၁) ရဲစခန်းတို့ထံမှ စုံစမ်းသိရှိရသည်။

နေမကောင်းသည့် အဆောင်နေ ကျောင်းသူကို ဆေးကုပေးရန် ဆေးခန်းတစ်ခုသို့ ခေါ်သွားကြောင်း၊ ယင်းနောက် အခြားဆေးခန်း တစ်ခုသို့ ထပ်မံ သွားရောက်ရမည်ဟု ခေါ်ဆောင်ကာ အမှန်တကယ်တွင် ဆေးခန်းသို့ သွားရောက်ခြင်း မပြုဘဲ၊ တည်းခိုခန်းတစ်ခုသို့ ခေါ်သွားပြီး အဓမ္မပြုကျင့်ခြင်း ဖြစ်ကြောင်း၊ ကျောင်းသူက ရွာပြန်မည့် ကားဂိတ်တွင် ငိုယိုနေသည်ကို အတန်းဖော်များ တွေ့မြင်၍ မေးမြန်းရာမှ တစ်ဆင့် မိဘများ သိရှိသွားပြီး အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းမြို့ ရွာထောင်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

ရွာထောင် အမှတ် (၁) ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ပြည်သူ့ရဲတပ်ဖွဲ့ဝင် တစ်ဦးက "ဒေါက်တာဇော်လေးအမှုကို ဂျာနယ်တစ်ခုက သိချင်လို့" ဟုဆိုကာ အဆင့်ဆင့် ညွှန်ကြားချက် တောင်းခံပြီးနောက်၊ ၎င်းတို့အနေဖြင့် ဖြေဆိုခွင့် မရှိကြောင်းနှင့် တိုင်းရုံးဖြင့် ဖြစ်စေ၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းကို ဖြစ်စေ ဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ်ကို ရည်မွန်စွာ ဖြေဆို ပြောကြားသည်။

စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် အမှုဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း၊ ပနံပါတ် ၄၉၉/၂၀၁၁ ဖြင့် အမှုဖွင့်ထားကြောင်း ပြန်လည် ဖြေကြားသဖြင့် The Voice Weekly က မည်သည့်ပုဒ်မနှင့် ဖွင့်ထားကြောင်း ဆက်လက် မေးမြန်းရာ ပြစ်မှု မြောက်မမြောက် အထောက်အထား ရှာဖွေနေဆဲဖြစ်ကြောင်း၊ ဆေးရုံမှ ဆရာဝန်၏ ဆေးစစ်ချက် တောင်းခံထားကြောင်း အတည်ပြု ပြောကြားခဲ့ပြီး လောလောဆယ် ပြောနိုင်သည်မှာ ဤမျှသာဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အမှုလိုက် အရာရှိက ရည်မွန်စွာ ဖြေကြားသည်။

အမှုဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း၊ ဇူလိုင်လ ၂ ရက်နေ့ စနေနေ့က ဖြစ်ပွားခဲ့ပြီး တစ်မြို့လုံး တစ်ယောက် တစ်ပေါက် ထင်ကြေးပေး ပြောဆိုနေကြကာ မည်သည်ကို အမှန်ဟု ပြောရန် မလွယ်ကူသေးကြောင်း စစ်ကိုင်းမြို့မှ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက တယ်လီဖုန်း မှတစ်ဆင့် ဖြေကြားသည်။

"မင်းလမ်း ရပ်ကွက်မှာရှိတဲ့ တည်းခိုခန်းကနေ ထွက်သွားပြီး သုံးနာရီလောက် အကြာမှာ ကျောင်းသူလေးရဲ့ မိဘတွေ အမှုဖွင့်လို့ ဒေါက်တာဇော်လေးကို ဘော်ဒါမှာ သွားဖမ်းခဲ့တာပါ။ ကျောင်းသူမလေးက (------) ကျေးရွာကပါ" ဟု သွားရောက် ဖမ်းဆီးစဉ် သက်သေအဖြစ် ပါဝင်သော အသက် ၃၀ အရွယ် အမျိုးသား ဝန်ထမ်းတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ဘော်ဒါဖွင့်ထားသည့် ကျူရှင်ဆရာမှာ ရွာထောင် မီးရထားဆေးရုံတွင် တာဝန်ကျနေသူ လက်ထောက် ဆရာဝန် တစ်ဦးဖြစ်ပြီး ကျောင်းသူမလေးကို အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရခြင်းသည် အခြားပညာရေး ဘော်ဒါများကိုပါ ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု ထင်မြင်ကြောင်း စစ်ကိုင်းမြို့ ဒေသခံ မင်းလမ်း ရပ်ကွက်နေ ဦးရွှေဖူးက ၎င်း၏အမြင်ကို ပြောကြားသည်။

"အခုလို ဖြစ်သွားတဲ့ ကိစ္စကိုတော့ စစ်ကိုင်း တစ်မြို့လုံး လက်မခံနိုင်ဘူး။ ကျူရှင်ဆရာတစ်ဦး ဖြစ်တဲ့အပြင် ဆရာဝန်တစ်ဦးပါ ဖြစ်တဲ့အတွက် ဒီလို မလုပ်သင့်ဘူးလို့ မြင်မိပါတယ်" ဟု အသက် ၅၀ ကျော်အရွယ် စစ်ကိုင်းမြို့ခံ စာနယ်ဇင်းဆရာ တစ်ဦးဖြစ်သူ ဦးကြည်အောင်က ပြောကြားသည်။
Friday, 15 July 2011 03:51 မောက္ခပြည်တွင်းသတင်း

တစ်ပတ်အတွင်းစီးပွားရေးသတင်း

အစိုး​ရ ဘဏ္ဍာ​ငွေမရှိသဖြင့်​ ​ဆောက်လုပ်​ရေး​လုပ်ငန်း​အချို့​ရပ်

ဗဟိုအစိုး​ရမှာ ဘတ်ဂျက်၊​ ဘဏ္ဍာ​တွေ မရှိလို့​ ​နြေပည်​တော်က​ဆောက်လုပ် ​ရေး​လုပ်ငန်း​တချို့​ ရပ်ထား​တယ်လို့​ ပြည်တွင်း​စီး​ပွား​ရေး​လုပ်ငန်း​ရှင်ကြီး​တဦး​က ​ပြောပါတယ်။

ရပ်လိုက်တဲ့​ ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေထဲ ၂၀၁၃ ဆီး​လ်ဂိမ်း​၊​ အ​ရှေ့​တောင်အာရှ အား​ကစား​ပွဲ စီမံကိန်း​အပါအဝင်၊​ တပ်မ​တော်စစ်သမိုင်း​ပြတိုက်၊​ အမျိုး​သား​စာကြည့်​တိုက်နဲ့​ အမျိုး​သား​ပြတိုက် စတာ​တွေ ပါဝင်ပါတယ်။

နြေပည်​တော်က ​ဆောက်လုပ်​ရေး​ လုပ်ငန်း​တွေ ဘယ်​လောက်ကြာ​အောင် ရပ်ထား​မယ်ဆိုတာ အတိအကျ မ​ပြောနိုင်​သေး​ပေမယ့်​ ​ဆောက်လုပ်​ရေး​ ကုမ္ပဏီတချို့​က​တော့​ လုပ်ငန်း​သိန်း​ပြီး​ ရန်ကုန်ကို ယာယီပြန်လာကြပီလို့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်က ​ပြောပါတယ်။

အစိုး​ရသစ်တက်လာတာ ရက်​ပေါင်း​ တရာ​ကျော်ကာလမှာ အခုလိုဘဏ္ဍာ ​ရေး​ ပြဿနာ ​ပေါ်လာတာဖြစ်ပြီး​အာဏာလွှဲ​ပြောင်း​ပေး​ခဲ့​တဲ့​ နအဖ အစိုး​ရက လက်ရှိ အစိုး​ရကို ​ငွေစာရင်း​ ဘယ်လိုရှင်း​သွား​တယ်ဆိုတာက​တော့​ ​မေး​ခွန်း​ထုတ်စရာဖြစ်တယ်လို့​ ဆိုပါတယ်။

နအဖ အစိုး​ရ လက်ထက်က ​ရေနံ၊​ သဘာဝဓာတ်​ငွေ နဲ့​ သဘာဝ သယံဇာတ အ​မြောက်အြမား​ တိုင်း​တပါး​ကို ထုတ်​ရောင်း​ခဲ့​ပြီး​ ဒီ​ငွေ​တွေ ဘယ်​နေရာမှာ သုံး​စွဲခဲ့​တယ် ဆိုတာကို အများ​သိ​အောင် ရှင်း​ပြခဲ့​တာမျိုး​ မရှိခဲ့​ပါဘူး​။

အိမ်၊​ ခြံ၊​ ​မြေ​ဈေး

မန္တ​လေး​မြို့​ ရန်ကင်း​ ​တောင်ဘက်မှာ ​မြေမို့​ နဲ့​ မန္တ​လေး​ ကား​လမ်း​ဖောက်မယ်ဆိုပြီး​ သတင်း​ ထွက်​နေလို့​ အဲဒီဘက်မှာ ​မြေ​ဈေး​တွေ တက်​နေတယ်လို့​ မန္တ​လေး​ ကုန်သည်အသိုင်း​ဝိုင်း​က ​ပြောပါတယ်။

ပုံမှန်အား​ဖြင့်​ တဧကကို ကျပ် ၅ သိန်း​လောက် ​ဈေး​ရှိတဲ့​လယ်​မြေ​တွေကို အခု​တော့​ ၈ သိန်း​၊​ ၉ သိန်း​ ​လောက် ​ဈေး​ပေး​နြေပီး​ ​နေ့​စဉ်လိုလို တရုတ်လူမျိုး​တွေ ​မြေပုံ​တွေကိုင်ပြီး​ သွား​နြေကတယ်လို့​ ​ပြောပါတယ်။

ဒေါ်လာနှင့်​ရွှေ​ဈေး

ဒီက​နေ့​ လဝါလြပည့်​နေ့​ ဖြစ်တာ​ကြောင့်​ ​ဒေါ်လာ၊​ FEC နဲ့​ ​ရွှေ​ဈေး​တွေ ပိတ်ထား​ပါတယ်။ မ​နေ့​က အ​မေရိကန် ​ဒေါ်လာ ​ပေါက်​ဈေး​က ၇၉၀ ကျပ် ဝန်း​ကျင် ​ဈေး​ပေါက်ပြီး​ FEC က​တော့​ ၇၂၀ ဝန်း​ကျင် ​ဈေး​ပေါက်ပါတယ်။ မ​နေ့​က ​ရွှေ​ပေါက်​ဈေး​က​တော့​ အ​ခေါက်​ရွှေ တကျပ်သား​ကို ၆၆၂၅၀၀ ကျပ် ​ဈေး​ပေါက်ပါတယ်။

တရား​မဝင် ကုန်ပစ္စည်း​ ဖမ်း​ဆီး

မ​နေ့​က ဘဂင်္လား​ဒေ့​ရှ်နိုင်ငံ တက္ကနာမြို့​နယ် မြစ်နား​ရွာမှာ ​ဒေသခံတာဝန်ကျ တပ်ဖွဲ့​ တဖွဲ့​က ဘဂင်္လား​က​နေ မြန်မာဘက် တရား​မဝင်တင်ပို့​မယ့်​ သ​န္ဓေတား​ဆေး​၊​ အာလူး​၊​ ကြက်သွန်နဲ့​ ​မြေဩဇာ စတာ​တွေဖမ်း​ဆီး​လိုက်ပါတယ်။

ဘဂင်္လား​ဒေ့​ခ်ျက မြန်မာဘက်ကို ​မှောင်ခိုတင်ပို့​ခွင့်​ကို ပိတ်ပင်ထား​ ​ပေမယ့်​ သက်ဆိုင်ရာ နယ်ခြား​စောင့်​ တပ်ဖွဲ့​ပူး​ပေါင်း​ပြီး​ ​မှောင်ခိုတင်ပို့​တာ​တွေ ရှိတယ်လို့​ ကုန်သည်​တွေက ​ပြောပါတယ်။

မြန်မာဘက်က​နေ ဘဂင်္လား​ဒေ့​ရှ်ကို တရား​မဝင် တင်ပို့​တဲ့​ ပုစွန်နဲ့​ ဂဏန်း​ က​တော့​ ဘဂင်္လာ​ဒေ့​ရှ်ဘက်က ဝင်ခွင့်​ပြု​နေဆဲပါ။ ဒီက​နေ့​ ဘဂင်္လား​-မြန်မာ ​ငွေလဲနှုန်း​က​တော့​ တတာကာကို ၁ဝကျပ်၊​ ပြား​ ၄၀ ​ဈေး​ ​ပေါက်ပါတယ်

စစ်ဖြစ်နေသည့်ကြားကမြစ်ဆုံရေကာတာဆက်ဆောက်

by DVB
ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို)နဲ့​ မြန်မာစစ်တပ်​တွေအြကား​ တိုက်ပွဲ​တွေ ဖြစ်​နေတဲ့​ကြား​က ဧရာဝတီမြစ်ဆုံ​ရေကာတာစီမံကိန်း​ကို ဆက်လက်တည်​ဆောက်​နြေပီး​ လိုအပ်တဲ့​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေ ဒီက​နေ့​ မနက်ပိုင်း​က ဗလမင်း​ထင်တံတား​ကို ​ရောက်ရှိလာပါတယ်။

တရုတ်ပြည် ထိန်ချုံး​မြို့​မှတဆင့်​ ကန်ပိုက်တီး​-မြစ်ကြီး​နား​ လမ်း​ကြောင်း​အတိုင်း​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေ တင်ထား​တဲ့​ ကား​တွေ ဒီက​နေ့​ မနက်ပိုင်း​က မြစ်ကြီး​နား​ အ​ရှေ့​ဖက်ကမ်း​ ဗလမင်း​ထင်တံတား​ကို ​ရောက်ရှိလာတာလို့​ မြစ်ကြီး​နား​ဒေသခံတဦး​က ​ပြောပါတယ်။

“မနက်က ဗလမင်း​ထင်တံတား​ထိပ်မှာ ဧရာဝတီမြစ် ​ရေကာတာ စီမံကိန်း​မှာ အသုံး​ပြုတဲ့​ ကား​အစီး​ ၂ဝ၊​ ၃ဝ ​လောက် ​တွေ့​ခဲ့​တယ်။ မြစ်ဆုံ​ရေကာတာမှာ အသုံး​ပြုတဲ့​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေ၊​ သံ​ချောင်း​တွေပါတယ်၊​ သံယက်မ​တွေ အဲလိုမျိုး​ ပါတယ်။ ကန်ပိုက်တီး​လမ်း​က​နေ လာခဲ့​တာ။ ”

ဝိုင်း​မော်မြို့​နယ်၊​ ဝါး​ရှောင်​ကျေး​ရွာအထက်က တံတား​တစင်း​ မ​နေ့​က ဗုံး​ခွဲ ဖျက်ဆီး​ခံခဲ့​ရသည့်​ကြား​က အခုလို မြစ်ဆုံ​ရေကာတာစီမံကိန်း​က ကား​တွေ ဖြတ်သန်း​ လာတာလည်း​ ဖြစ်ပါတယ်။

“ဝါး​ရှောင်အထက်မှာ မ​လောင်ခတံတား​ဆိုတာ ​ပေ​ပေါင်း​ ၁၃ဝ၊​ ၁၄ဝ ​လောက်ရှိတယ်။ ကွန်ကရက်တံတား​ကြီး​လေ။ အဲဒါကို ဘယ်သူခွဲတယ်မသိဘူး​။ မ​နေ့​ညက ခွဲတာ​ပေါ့​။ အ​ပေါက်​တွေ ဖြစ်သွား​တာ။ မိုင်း​ခွဲလိုက်တာ ဒီ​လောက် အ​ပေါက်​တွေဖြစ်တဲ့​ကြား​မှာ ဧရာဝတီမြစ်စီမံကိန်း​က ကား​တွေက မြစ်ကြီး​နား​အဝင်မှာ ကျ​နော်​တွေ့​ခဲ့​တာ။ ​တွေ့​ခဲ့​တယ်ဆို​တော့​ စစ်ဘယ်​လောက်ဖြစ်ဖြစ် စီမံကိန်း​ကို ဆက်လုပ်မယ့်​အ​နေအထား​ရှိတယ်။ မ​နေ့​ညက လာပုံ​ထောက်တယ်။ သူတို့​မ​ရောက်ခင် တံတား​က မိုင်း​ခွဲလိုက်တာ။ မိုင်း​ခွဲလိုက်တာကို သူတို့​က ​ရောက်​အောင် ဖြတ်ခဲ့​တာ​ပေါ့​။ အ​ပေါက်ပဲဖြစ်ခဲ့​တာ​ကြောင့်​၊​ တံတား​ကျိုး​အောင် မလုပ်တဲ့​ခါကျ​တော့​ ဖြစ်လို့​ရသွား​တာ။”

ဧရာဝတီမြစ်ဆုံ​ရေကာတာ မတည်​ဆောက်ရန် ​ဒေသခံ ကချင်​ခေါင်း​ဆောင်​တွေ၊​ ​ဒေသခံရွာသား​တွေအပါအဝင် ​ကေအိုင်အိုက မြန်မာအစိုး​ရကို ​တောင်း​ဆိုခဲ့​သလို တရုတ်-မြန်မာ နှစ်နိုင်ငံပါဝင်တဲ့​ ပညာရှင်အဖွဲ့​ကလည်း​ မြစ်ဆုံ​ရေကာတာ ​ဆောက်လုပ်ရင် ဖြစ်​ပေါ်လာမယ့်​ဆိုး​ကျိုး​တွေ ကြီး​မား​တာမို့​ မ​ဆောက်လုပ်ဖို့​ စာတမ်း​ပြုစုတင်ပြတဲ့​ကြား​က မြန်မာအစိုး​ရနဲ့​ တရုတ်ကုမ္ပဏီ​တွေက တည်​ဆောက်​နေတာလည်း​ ဖြစ်ပါတယ်

အိန္ဒိယ-မြန်မာနယ်စပ်တွင် လေတပ်ရေဒါစခန်း တည်ဆောက်ဖွယ်ရှိ

ဧရာဝတီ Friday, 15 July 2011 14:41

အိန္ဒိယလေတပ်သည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်၌ လေတပ်ရေဒါစခန်း တည်ဆောက်ဖွယ်ရှိကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးက ဇူလိုင်လ ၁၂ ရက်နေ့က ပြောသည်။ အဆိုပါ ရေဒါစခန်းကို လုံးလန်င်မြို့အနီးတွင် တည်ဆောက်ဖွယ်ရှိပြီး အိုက်ဇောမြို့အနီးရှိ လေဆိပ်တွင်လည်း လေတပ်မှ တိုက်လေယာဉ်များ ဆင်းသက်အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ မြန်မာအတွင်း လတ်တလော ချဲ့ထွင်လာနေသော စီမံကိန်းများနှင့် အရှေ့တောင်အာရှသို့ ထိုးဖောက်ဝင်ရောက်လာမှုများကြောင့် လေတပ်ရေဒါစခန်း တည်ဆောက်ရန် စဉ်းစားခြင်းဖြစ်ကြောင်း သိရသည်။