Wednesday, July 27, 2011

မြောက်ကိုရီးယား ကိုယ်စားလှယ် နျူကလီးယားအရေး ဆွေးနွေးဖို့ အမေရိကန်ရောက်



မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကင်မ်ကေးဂွမ်န်။
ဓာတ်ပုံ AP
မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကင်မ်ကေးဂွမ်န်။ ဇူလိုင် ၂၆၊ ၂၀၁၁။

ရပ်တန့်နေတဲ့ မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲရဲ့ အနာဂတ်ကိစ္စတွေ ဆွေးနွေးဖို့ မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်၊ နျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှူးလည်း ဖြစ်သူဟာ အမေရိကန်နိုင်ငံကို ရောက်ရှိနေပါတယ်။

အမေရိကန် အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံဖို့ ၂ ရက်အလိုမှာ အဲဒီ စေ့စပ် ညှိနှိုင်းရေးမှူး ကင်မ်ကေးဂွမ်န် (Kim Kye Gwan) ဟာ နယူးယောက်မြို့ကို အင်္ဂါနေ့က ရောက်ရှိခဲ့တာပါ။

မစ္စတာကင်မ် အခုလို ရောက်ရှိမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့တာပါ။ အစကို ပြန်ရောက်သွားစေမယ့် ဆွေးနွေးပွဲရှည်တွေ ပြုလုပ်သွားဖို့ အမေရိကန်တို့ဘက်က စိတ်ဝင်စားခြင်း မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။

ဆင်းရဲနွမ်းပါးနေတဲ့ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေကို ဖျက်သိမ်းပစ်ရင် စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ တခြား အကူအညီပေးမယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပါဝင်တဲ့ ၆ နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲတွေကို ကျင်းပနေခဲ့တာပါ။

အဲဒီ ဆွေးနွေးပွဲတွေကနေ မြောက်ကိုရီးယားက မကြာခဏ ထွက်သွားလေ့ရှိပြီး နောက်ဆုံးတခေါက်ကတော့ ၂၀၀၉ ခုနှစ်မှာ မြောက်ကိုရီးယားက ဒုတိယအကြိမ် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု ပြုလုပ်ခဲ့တုန်းက ဖြစ်ပါတယ်။ မနှစ်ကတုန်းကတော့ ကိုရီးယားစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း အဆိုးရွားဆုံး တင်းမာမှုတွေ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

အော်ရယ်ဘီ ခံတွင်း​သန့်​ဆေး​ရည် မသုံး​စွဲရန် နှိုး​ဆော်ချက် ထုတ်ပြန်

Published on July 27, 2011 by ရွှေအောင် from ဒီမိုကရက်တစ်မြန်မာအသံ

အော်ရယ်ဘီ (Oral-B) အမျိုး​အစား​ ခံတွင်း​သန့်​ဆေး​ရည်ကို မသုံး​စွဲဖို့​ ကျန်း​မာ​ရေး​ဝန်ကြီး​ဌာနက ဒီ​နေ့​ထုတ် ​ကြေး​မုံသတင်း​စာမှာ အသိ​ပေး​နှိုး​ဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။

အော်ရယ်ဘီ ​ဆေး​ရည်ဟာ ကျန်း​မာ​ရေး​နဲ့​မညီညွတ်တဲ့​အြပင် ထုတ်လုပ်တဲ့​ကုမ္ပဏီကလည်း​ အဲဒီ ​ဆေး​ရည်ကို ပြန်သိမ်း​နေတာ​ကြောင့်​ မသုံး​သင့်​ဘူး​လို့​ နှိုး​ဆော်ချက်က ဆို​ပေမယ့်​ ကျန်း​မာ​ရေး​နဲ့​ ဘယ်လိုမညီညွတ်တာလဲဆိုတာကို​တော့​ နှိုး​ဆော်ချက်မှာ မ​ဖော်ပြထား​ပါဘူး​။

အော်ရယ်ဘီ ခံတွင်း​သန့်​ဆေး​ရည်ဟာ ဘယ်နိုင်ငံကထုတ်တာလဲ၊​ ဘာ​ကြောင့်​ကျန်း​မာ​ရေး​နဲ့​ မညီညွတ်တာလဲ၊​ ​အော်ရယ်ဘီ အမျိုး​အစား​ သွား​တိုက်​ဆေး​နဲ့​ သွား​ပွတ်တံ​တွေ​ရော ကျန်း​မာ​ရေး​နဲ့​ ညီညွတ်ရဲ့​လား​ ဆိုတာနဲ့​ပတ်သက်ပြီး​ အိန္ဒိယနိုင်ငံမှာ ယမုံနာ​ဆေး​ခန်း​ဖွင့်​ထား​ပြီး​ မြန်မာဒုက္ခသည်​တွေကို အခမဲ့​ဆေး​ကုသ​ပေး​နေတဲ့​ ​ဒေါက်တာတင့်​ဆွေကို ​မေး​မြန်း​ထား​ပါတယ်။

အော်ရယ်ဘီ ခံတွင်း​သန့်​ဆေး​ရည်နဲ့​ပတ်သက်ပြီး​ ကမ္ဘာမှာ သတင်း​စထွက်လာတဲ့​အ​ကြောင်း​ ​ဒေါက်တာတင့်​ဆွေက အခုလို ​ပြောပါတယ်။
ဒေါက်တာ တင့်ဆွေ (ဓာတ်ပုံ - ဒီဗွီဘီ)

“ဒီသတင်း​ ကမ္ဘာမှာ စ​ပေါ်လာတာ ဇူလိုင် ၁၅ ကတည်း​က စြပီး​ ​ပေါ်လာတယ်ခင်ဗျ။ ဒီ အ​မေရိကန်နိုင်ငံမှာ ရှိတဲ့​ နိုင်ငံ​ပေါင်း​စုံ​ကော်ပို​ရေး​ရှင်း​ကြီး​ ဖြစ်တဲ့​ တီအန်ဂျီလို့​ ​ခေါ်ပါတယ်။ အဲဒီ ကုမ္ပဏီက​နေ ပြီး​တော့​ ပါး​စပ်နဲ့​ခံတွင်း​သန့်​ရှင်း​ရေး​ ပါး​စပ်​ဆေး​တဲ့​ ​ဆေး​ကို ပြန်​ခေါ်တယ်လို့​ ​ခေါ်တာ​ပေါ့​လေ။ ဝယ်သုံး​ပြီး​သား​လူ​တွေကို ပြန်ပို့​ပါ ဆိုပြီး​တော့​ သူတို့​ ​ကြေညာချက် ထုတ်တယ်ခင်ဗျ။ ဘာ​ကြောင့်​လဲဆို​တော့​ သူက အကုန်လုံး​ပို့​ပါလို့​ အတင်း​ခိုင်း​တာ​တော့​ မဟုတ်ဘဲနဲ့​ ပိုချင်တဲ့​လူ ပို့​ပါဆိုတဲ့​ သ​ဘောမျိုး​ ဖြစ်ပါတယ်။ အ​ကြောင်း​ပြချက်က​တော့​ ပါး​စပ်နဲ့​ ခံတွင်း​ဆေး​ရည်ထဲမှာ မလိုလား​အပ်တဲ့​ ဗက်တီး​ရီး​ယား​တွေရဲ့​ အ​ရေအတွက်ဟာ ပိုပြီး​တော့​ ပါ​နေတယ်​ပေါ့​လေ။ အဲဒါ​ကြောင့်​ အန္တရာယ် ရှိနိုင်စရာ ရှိတယ်ဆိုတဲ့​ ထင်မြင်ယူဆချက်အရ ဒီ ထုတ်ကုန်​တွေကို ပြန်ပြီး​တော့​ ပို့​ခိုင်း​ သွင်း​ခိုင်း​တာပဲခင်ဗျ။”

မလိုလား​အပ်တဲ့​ ဗက်တီး​ရီး​ယား​ဆိုတာ ခံတွင်း​ကင်ဆာ ဖြစ်​စေတာတို့​ ဘာတို့​လား​။

“အဲဒီလို​တော့​ မဟုတ်ဘူး​ခင်ဗျ။ ဗက်တီး​ရီး​ယား​ဆို​တော့​ infection ​ခေါ်တဲ့​ ​ရောဂါပိုး​ဝင်တာ ဖြစ်နိုင်တယ်။ ဒါ​ပေမယ့်​ ဖြစ်နိုင်တာကလည်း​ ပုံမှန် ကျန်း​မာ​ရေး​ ​ကောင်း​နေတဲ့​ လူ​တွေအတွက်​တော့​ မ​ထောင်း​သာဘူး​ပေါ့​လေ။ ကျန်း​မာ​ရေး​ အား​နည်း​နေတဲ့​အချိန် ကိုယ်ခံအား​နည်း​နေတဲ့​ လူ​တွေမှာ​တော့​ ဗက်တီး​ရီး​ယား​ပိုး​ဝင် တာ​တွေ ဖြစ်​စေနိုင်တယ်လို့​ သူတို့​ ယူဆတဲ့​အတွက် ဒီ အ​မေရိကန် အက်ဖ်ဒီ​အေ က​နြေပီး​တော့​ ​ကြောညာချက် ထုတ်တာ ဖြစ်ပါတယ် ခင်ဗျ။ အဲဒီ​တော့​ ဒီကုမ္ပဏီကလည်း​ ကုမ္ပဏီခွဲ​တွေရှိတယ်။ ဖိလစ်ပိုင်မှာလည်း​ ရှိတယ်၊​ ထိုင်း​မှာလည်း​ ရှိတယ်​ပေါ့​။ တကမ္ဘာလုံး​ အကျုံး​ဝင်တာ​ပေါ့​။”

ခံတွင်း​ဆေး​ရည်က​တော့​ သိပ်ပြဿနာ မရှိ​လောက်ဘူး​ ကျ​နော်တို့​ တိုင်း​ပြည်မှာ။ ​တော်​တော်တတ်နိုင်တဲ့​ လူမှ သုံး​တာကိုး​။ ခံတွင်း​နဲ့​ ပတ်သက်လို့​ သွား​ပွတ်တံတို့​၊​ သွား​တိုက်​ဆေး​တို့​….။

“အခုထိ​တော့​ အဲဒါ​တွေ မထွက်​သေး​ဘူး​ခင်ဗျ။ ​ဆေး​ရည်ကိုပဲ​ပေါ့​လေ။ သွား​တိုက်​ဆေး​တွေ၊​ သွား​တိုက်တံ​တွေကို​တော့​ မဟုတ်ဘူး​။ ​ဆေး​ရည်ထဲ ​ဖျော်စပ်တဲ့​အထဲမှာ သူတို့​ တခုခု ချို့​ယွင်း​သွား​ပုံ ရတယ်ခင်ဗျ။ လိုတာထက် ပိုတဲ့​ ဗက်တီး​ရီး​ယား​အ​ရေအတွက်ပါတယ်ဆို​တော့​ အခုထိက​တော့​ ဒီခံတွင်း​ဆေး​ရည် ကိုပဲ ထုတ်ပါ​သေး​တယ်ခင်ဗျ။ ကျန်တာ​တွေ​တော့​ အခုထိ​တော့​ မထုတ်​သေး​ပါဘူး​။”

အဲဒီ​တော့​ ဆရာ မသုံး​ရင် အ​ကောင်း​ဆုံး​ပေါ့​နော်။

“မသုံး​သင့်​ဘူး​ခင်ဗျ။ သူတို့​က​တော့​ ပို့​ချင် ပို့​ကြပါလို့​ ​ပြော​တော့​ ကျ​နော်တို့​ ကျန်း​မာ​ရေး​ရှု​ထောင်က ကြည့်​ရင်​တော့​ မသုံး​တာ အ​ကောင်း​ဆုံး​ပဲလို့​ ဆရာဝန်တ​ယောက်အ​နေနဲ့​ ညွှန်ချင်တယ်ခင်ဗျ။”

ဒီကိစ္စနဲ့​ ပတ်သက်လို့​ တြခား​ ဘာများ​ပြောချင်ပါ​သေး​လဲ။

“ဒီဟာကို တကယ်လို့​ ကျ​နော်တို့​ ဗမာနိုင်ငံမှာလည်း​ အဲဒီလို တား​ဆီး​မှု သို့​မဟုတ် သတိ​ပေး​ကြေညာမှု​တွေ ရှိရင်​တော့​ ​ကောင်း​တယ်ခင်ဗျ။ အဲဒီလို လုပ်ရင်​တော့​ ကျ​နော်တို့​နိုင်ငံရဲ့​ ကျန်း​မာ​ရေး​ဌာနကို ချီး​ကျူး​ရမှာပါ။ ဒီသတင်း​ ထွက်လာတာက အခုဆို ၁၂ ရက်​တောင် မရှိ​သေး​ဘူး​ပေါ့​လေ။ ကမ္ဘာနဲ့​အမီ လူထုရဲ့​ ကျန်း​မာ​ရေး​ကို သတိ​ပေး​နိုင်စွမ်း​ရှိရင်​တော့​ ဒါ ​ကောင်း​တယ်၊​ အဲဒီလိုလည်း​ လုပ်သင့်​တယ်လို့​ ယူဆတယ်။ ​နောင်လည်း​ပဲ အဲဒီလို လူထုကျန်း​မာ​ရေး​ ထိခိုက်မယ့်​ ဟာ​တွေကို သတိဝီရိယနဲ့​ ​နေ့​ညမြပတ် ကြည့်​ပြီး​တော့​ ပြည်သူလူထုကို ကျယ်ကျယ်ပြန့်​ပြန့်​ အသိ​ပေး​သင့်​တယ်လို့​ ယူဆပါတယ်ခင်ဗျ။”

ကြား​ဖြတ်​ရွေး​ကောက်ပွဲ လွတ်လပ်ပြီး​ တရား​မျှတရမည်ဟုဆို

Published on July 27, 2011 by ရွှေအာင် · from ဒီမိုကရက်တစ်မြန်မာ့အသံ

လာမယ့်​ကြား​ဖြတ်​ရွေး​ကောက်ပွဲကို လွတ်လပ်ပြီး​ တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲဖြစ်​အောင် လုပ်​ပေး​မယ်လို့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဦး​တင်​အေး​က နိုင်ငံ​ရေး​ပါတီ​တွေကို ကတိပြုလိုက်ပါတယ်။

နြေပည်​တော်မှာ ​ရွေး​ကောက်ပွဲ ​ကော်မရှင်နဲ့​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ ၃၆ ခုက ​ခေါင်း​ဆောင်​တွေ ဒီက​နေ့​ ​တွေ့​ဆုံပွဲမှာ အခုလို ​ပြောကြား​လိုက်တာလို့​ ​တွေ့​ဆုံပွဲတက်ခဲ့​တဲ့​ ချင်း​အမျိုး​သား​တိုး​တက်​ရေး​ပါတီဥက္ကဋ္ဌ ဦး​ဇိုဇမ်က ခုလို ​ပြောပါတယ်။

“လာမယ့်​ရွေး​ကောက်ပွဲ​တွေမှာ လွတ်လပ်ပြီး​မျှတတဲ့​ရွေး​ကောက်ပွဲ ဖြစ်ဖို့​ သူ ကြိုး​စား​ပေး​ပါ့​မယ် ဆိုပြီး​တော့​ ကျ​နော် နား​နဲ့​ ​လေး​ခါတိတိ သူ ကျ​နော့်​ကို ကတိ​ပေး​ပါတယ်။ အဲဒါ သတင်း​ကောင်း​ပါပဲ။”

ဒီ​တွေ့​ဆုံတဲ့​အ​ကြောင်း​ရင်း​က ​ကော်မရှင် ဥက္ကဋ္ဌက ပါတီ​ခေါင်း​ဆောင်​တွေနဲ့​ မိတ်ဆက်တာ တ​ကြောင်း​၊​ ပါတီ​တွေက တင်ပြလိုတဲ့​အချက်​တွေကိုတင်ပြ​စေတာ တြေကာင်း​ ပါတယ်လို့​ သူက ​ပြောပါတယ်။

တွေ့​ဆုံပွဲမှာ ​ကော်မရှင်ဥက္ကဋ္ဌက ​ရွေး​ကောက်ပွဲ​ကော်မရှင်က ထုတ်ပြန်ထား​တဲ့​ဥပ​ဒေ၊​ နည်း​ဥပ​ဒေ ​တွေကို ပထမဆုံး​ ရှင်း​လင်း​တင်ပြခဲ့​ပြီး​၊​ တက်​ရောက်လာတဲ့​ ပါတီ​ခေါင်း​ဆောင်​တွေဘက်က တဦး​ကို ၂ မိနစ် တင်ပြခွင့်​ ပြုခဲ့​ပါတယ်။

ရတဲ့​ ၂ မိနစ်တာကာလမှာ ချင်း​ပါတီဥက္ကဋ္ဌ ဦး​ဇိုဇမ်က​တော့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ အတွက် သူတို့​တိုင်း​ရင်း​သား​ညီ​နောင်ပါတီငါး​ခုက ​ဆောင်ရွက်​ပေး​လို​ကြောင်း​ တင်ပြခဲ့​တယ်လို့​ ခုလို ​ပြောပြပါတယ်။

“ငြိမ်း​ချမ်း​ရေး​ကိစ္စ​ပေါ့​ဗျာ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကိစ္စမှာ ဒီအချိန်မှာ အဓိက အစ်ရှုး​ဖြစ်​နေပါတယ်။ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကိစ္စမှာ ကျ​နော်တို့​ တိုင်း​ရင်း​သား​ ညီ​နောင် ၅ ပါတီ အ​နေနဲ့​ ကျ​နော်တို့​ လုပ်​ပေး​နိုင်မယ့်​ အ​ခြေအ​နေ​တွေ ရှိလိမ့်​မယ်လို့​ ကျ​နော် ယုံကြည့်​ပါတယ်လို့​၊​ အဲဒါ​ကြောင့်​ ညီ​နောင် ၅ ပါတီအ​နေနဲ့​ တက်တက်ကြွကြွနဲ့​ ကျ​နော်က ပါဝင်​ပေး​ချင်ပါတယ်။ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​အတွက် ကျ​နော်တို့​ ညီ​နောင် တိုင်း​ရင်း​သား​ ၅ ပါတီအ​နေနဲ့​ အလုပ် လုပ်​ပေး​ချင်ပါတယ်လို့​ ကျ​နော် ​ပြောပါတယ်။”

ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦး​သု​ဝေက​တော့​ အချက်သုံး​ချက် တင်ပြခဲ့​တဲ့​ အ​ကြောင်း​ ​ပြောပါတယ်။

အဲဒီအချက်​တွေထဲမှာ ပြီး​ခဲ့​တဲ့​ရွေး​ကောက်ပွဲမှာ အသုံး​ပြုခဲ့​တဲ့​ မဲပုံး​တွေဟာ လုံခြုံမှုမရှိတဲ့​အတွက် အလွယ် တကူဖွင့်​ဖောက်နိုင်ခဲ့​တယ်။ ဒါ​ကြောင့်​ ​နောင်​ရွေး​ကောက်ပွဲမှာ လုံခြုံစိတ်ချရတဲ့​ မဲပုံး​တွေအသုံး​ပြုဖို့​ တင်ပြခဲ့​တယ်လို့​ ​ပြောပါတယ်။

ရွေး​ကောက်ပွဲ​ကော်မရှင်ဥက္ကဋ္ဌရဲ့​ လွတ်လပ်ပြီး​ တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲ ဖြစ်​အောင်လုပ်​ပေး​မယ်လို့​ ကတိပြု ​ပြောဆိုလိုက်တဲ့​အ​ပေါ် ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီက အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​လှ​စောက ခုလို သုံး​သပ် ​ပြောကြား​ လိုက်ပါတယ်။

“တရား​မျှတတဲ့​ရွေး​ကောက်ပွဲ ဖြစ်​အောင် လုပ်​ပေး​မယ်လို့​ ကတိ​ပေး​ရင်​တော့​ ​ကောင်း​တာ​ပေါ့​ဗျာ။ အဲဒီ​တော့​ တဖက်ကလည်း​ သူတို့​အ​နေနဲ့​ အရင် ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲမှာ လွတ်လပ်ပြီး​ တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲ မြဖစ်ခဲ့​တဲ့​ အပိုင်း​တွေကိုလည်း​ ဝန်ခံရင်​တော့​ ပို​ကောင်း​တာ​ပေါ့​။ ​ပေး​တဲ့​ကတိကို​တော့​ ကျ​နော်တို့​ ကတိဆိုတာ​တော့​ လက်ခံ​ကောင်း​ပါတယ်​နော်။ ဒါ​ပေမယ့်​ အဲဒီ ကတိအတိုင်း​ ဖြစ်လာမယ်၊​ မြဖစ်လာဘူး​ဆိုတာ​တော့​ ဒါ မ​ပြောတတ်ဘူး​လေ။ ပြီး​ခဲ့​တာ​တွေကို ပြန်လည် သုံး​သပ်ပြီး​တော့​ မှား​ခဲ့​တဲ့​ အတိုင်း​အတာ ရှိတယ်ဆိုရင်လည်း​ ပွင့်​ပွင့်​လင်း​လင်း​ ဝန်ခံတာ ​ကောင်း​ပါတယ်။”

အောက်တိုဘာလ​လောက်မှာပြုလုပ်ဖို့​ရှိတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ကိုယ်စား​လှယ်​နေရာ ​လေး​ဆယ်​ကျော်အတွက် ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ ​ရွေး​ကောက်ပွဲဝင်နိုင်ငံ​ရေး​ပါတီတချို့​ ပြင်ဆင်​နြေကပါတယ်။

ကူညီ​ထောက်ပံ့​သူများ​ကြောင့်​ ​မောင်ထိပ်ကွက် ​ကျောင်း​ပြန်တက်နိုင်ပြီ

Published on July 27, 2011 by နော်နိုရင်း

ဧရာဝတီတိုင်း​ ဟင်္သာတြမို့​ လက်ဖက်ရည်ဆိုင်မှာ စား​ပွဲထိုး​လုပ်ရင်း
နှိပ်စက်ညှဉ်း​ပန်း​ခံခဲ့​ရတဲ့​ မိဘမဲ့​က​လေး​ငယ် ​မောင်ထိပ်ကွက် (​ခေါ်) စိုး​ထက်​အောင်ဟာ သူ့​အ​ပေါ် စာနာသူ​တွေရဲ့​ ကူညီ​ထောက်ပံ့​မှု​ကြောင့်​ ​ဆေး​ကုသနိုင်သလို ​ကျောင်း​ပြန်တက်​နေပါတယ်။မောင်ထိပ်ကွက် ထိတ်လန့်​ဖွယ်နှိပ်စက်ခံရမှုနဲ့​ ပတ်သက်ပြီး
ပြည်တွင်း​ပြည်ပ သတင်း​တွေမှာ ​ဖော်ပြအြပီး​ သူ့​ကို စာနာသူ​တွေရဲ့​ ​ထောက်ပံ့​ငွေ​တွေနဲ့​ မူလထွက်ထား​ရတဲ့​ ဒုတိယတန်း​က​နေ ​ကျောင်း​ပြန်တက်​နေတာဖြစ်ပါတယ်။

မောင်ထိပ်ကွက်ဟာ ဟင်္သာတြမို့​နယ် က​နောင်စုရပ်ကွက် ပိ​တောက်လမ်း​သွယ်က အဘွား​ရဲ့​ညီမ ​တော်စပ်သူအိမ်မှာ ​နေထိုင်ပြီး​ သူ့​အတွက်​ပေး​တဲ့​ အလှူ​ငွေ​တွေကို လက်ခံ​ပေး​ထား​တဲ့​ ဟင်္သာတြမို့​ ဘုန်း​ကြီး​ကျောင်း​က​နေဆင့်​ အကူညီ​တွေ ရရှိ​နေတယ်လို့​ ဆိုပါတယ်။

မောင်ထိပ်ကွက်ကို ကူညီ​ပေး​နေသူတဦး​က “​လော​လောဆယ် စင်ကာပူမှာ ​ရောက်​နေတဲ့ ဟင်္သာတမှာ အမျိုး​ရှိတဲ့​သူ​တွေက လှမ်း​အကူအညီ​ပေး​တဲ့​ ၂ သိန်း​နဲ့​ လိုအပ်ရင် ​ကျောင်း​မှာ သွား​ယူဆိုပြီး​ ​ပြောထား​တယ်။ စား​ပွဲထိုး​က​နေ ​ကျောင်း​သား​ဖြစ်သွား​တဲ့​ သူ့​ဘဝအသစ်​ပေါ့​။ တ​နေ့​လုံး​ မနိုင်ဝန်ထမ်း​နေရတဲ့​ သူတ​ယောက်က ​ကျောင်း​တက်ရတယ်ဆို​တော့​ ​ပျော်​နေတာ​ပေါ့​။ သူဘဝ မ​မျှော်မှန်း​ခဲ့​တာ ရသလို​ပေါ့​။ ဒီ​ကျောင်း​သား​ဘဝ သူက မရ​တော့​ဘူး​ထင်တာ။ လန်း​ဆန်း​နေတာ” လို့​ ​ပြောပါတယ်။

အသက် ၉ နှစ်အရွယ် မိဘမဲ့​က​လေး​ငယ် ​မောင်ထိပ်ကွက်ဟာ
ဟင်္သာတြမို့​ you and me လက်ဖက်ရည်ဆိုင်မှာ စား​ပွဲထိုး​အြဖစ်
အလုပ်လုပ်ကိုင်​နေရင်း​ ပြီး​ခဲ့​တဲ့​ ဇွန်လကုန်ပိုင်း​က ဆိုင်ရှင်သမက် ကိုစနိုး​ရဲ့
ရက်ရက်စက်စက် နှိပ်စက်မှုကို ခံခဲ့​ရပါတယ်။

သူ့​ကို ကိုစနိုး​က ကြိုး​တုပ်ရိုက်နှက်ပြီး​ မီး​ပူနဲ့​ ကိုယ်လုံး​တွေကို ကပ်လို့
အြပင်း​အထန် ဒဏ်ရာရခဲ့​ပါတယ်။

ကိုစနိုး​ကို ဒီကျူး​လွန်မှုနဲ့​ ဟင်္သာတြမို့​နယ်တရား​ရုံး​မှာ စစ်​ဆေး​ပြီး​တဲ့​နောက် အြပင်း​အထန်နာကျင်​စေမှု၊​ ချုပ်​နှောင်မှု နှစ်ခုနဲ့​ စွဲဆိုခဲ့​ပြီး​ ပြစ်မှုထင်ရှား​တဲ့​အတွက်
ထောင်ခုနှစ်နှစ် ချမှတ်ခဲ့​ပါတယ်။

ဒီက​လေး​အတွက် နစ်နာ​ကြေး​ရရှိ​ရေး​ကိုလည်း​ စာနာနား​လည်သူ​တွေက ကြိုး​ပမ်း​ဆောင်ရွက်​နြေကပါတယ်။

မောင်ထိပ်ကွက် (ဓာတ်ပုံ - ဒီဗွီဘီ)

ဒေါ်စု ပဲခူးရှိ “ အောင်ဆန်းဂျာမွန်း ” စာကြည့်တိုက် ဖွင့်ပွဲသွားမည်

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအတွင်းရှိ “ အောင်ဆန်းဂျာမွန်း ” ဟု အမည်ပေးထားသော စာကြည့်တိုက်နှစ်ခုကို ဩဂုတ်လ ဒုတိယပတ်တွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပဲခူးမြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

၁၉၉၇ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ ခရီးထွက်စဉ် အတွင်း ကြားသိခဲ့ရသည့် ကချင်
ဝေါဟာရ တခုကို ဒေါ်အောင်ဆန်းစုကြည်မှ ကြိုက်နှစ်သက်သည့် အတွက် စာကြည်တိုက် အမည်ကို
အောင်ဆန်းဂျာမွန်းဟု ပေးဖြစ်ကြောင်းလည်း ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

“ကချင်ပြည်နယ်ကိုရောက်တော့ ကချင်မလေးတွေက အော်တယ်
dsbagan31ss

ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးတိုင်းအတွင်းရှိ “ အောင်ဆန်းဂျာမွန်း ” ဟု အမည်ပေးထားသော စာကြည့်တိုက်နှစ်ခုကို သွားရောက် ဖွင့်လှစ်ပေးမည်

တဲ့။ အောင်ဆန်းဂျာမွန်း၊ အောင်ဆန်းဂျာမွန်း ဆိုပြီးတော့ အော်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က သိပ်ပြီးတော့ သဘောကျလာတယ် ” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

ဂျိန်းဖော ကချင်ဘာသာစကားတွင် ဂျာမွန်းဆိုသည်မှာ ရွှေဝတ်မှုန်ဟု အဓိပ္ပါယ်ရပြီး သမီးကြီးများကိုလည်း မျိုးရိုးအမည် နောက်တွင်တွဲ၍ တင်စား အမည်မှည့်ခေါ်လေ့ ရှိသည်။

ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃ လမ်းနှင့် သနပ်ပင်မြို့ မင်းလမ်းတို့တွင် ဖွင့်လှစ်မည့် အောင်ဆန်းဂျာမွန်း စာကြည့်တိုက် များတွင် စာအုပ်ပေါင်း ၄,၀၀၀ ကျော်ရှိကြကာ ပဲခူးဒေသခံများမှ လှူဒါန်းသည့် စာအုပ်များ
ဖြစ်သည်ဟု ဦးမြတ်လှက ပြောသည်။ စာကြည့်တိုက် တခုစီအတွက်
ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁ဝ သိန်းကျော် ဖြစ်သည်။

စာအုပ်များတွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ရေးသည့် “ ဘာလဲဟဲ့ လူ့ငရဲ ” ကဲ့သို့သော စာအုပ်အများ အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနှင့် ဝတ္ထုစာအုပ်များလည်း စာကြည့်တိုက်တွင် ထားရှိမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးတိုင်း စာကြည့်တိုက်ဖွင့်ပွဲ အတွင်း လုံခြုံရေးနှင့် ပတ်သက်၍ ဦးမြတ်လှမှ ဦးစီးကာ ပဲခူးတိုင်း NLD လူငယ်များမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဟုလည်း ဦးမြတ်လှက ဆိုသည်။

“လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ပဲခူးလူငယ်တွေနဲ့ ကျနော်တို့ဒီမှာ အကုန်လုံး စီစဉ်ထားပြီးပြီ လုံခြုံရေးက သူတို့ဆီကလည်း ပါလာမယ် ကျနော်တို့ဆီကလဲ တထပ် ထပ်ဝိုင်းမယ် လုံခြုံရေးကလည်း ကျနော်တို့ အားလုံး စီစဉ်ထားပြီးပြီ ဘယ်တော့ လာမယ်ဆိုတာသာ မသိသေးတာ ” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၃ ရက် နေအိမ် အကျယ်ချုပ်မှ လွတ်လာအပြီး နေအိမ်ပြင်ပ ခရီးစဉ်များ အဖြစ် ယခုလ ၄ ရက်နေ့ကလည်း ပုဂံရှေးဟောင်းမြို့တော်သို့ ၄ ရက်ကြာ မိသားစု ဘုရားဖူးခရီး သွားခဲ့သေးသည်။

ခရီးစဉ်၏ နောက်ဆုံးနေ့ ဖြစ်သည့် ဇူလိုင် ၇ ရက်နေ့ ညောင်ဦးဈေးသို့ သွားရောက်ရာတွင် ညောင်ဦး
ဈေးသူဈေးသားများနှင့် ဒေသခံ ၃,၀၀၀ ကျော်တို့မှ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ယခုဒုတိယအကြိမ် ပဲခူးခရီးစဉ်တွင်လည်း ပဲခူးဒေသခံများမှ စိတ်ဝင်စားမှု များပြားကြောင်း ဦးမြတ်လှက မဇ္ဈိမကို ဆက်ပြောခဲ့သည်။

“အခုလည်း ကျနော့်ကို လာမလား လာမလားနဲ့ တော်တော်လာမေးနေကြတယ်ဗျ၊ စည်းရုံးရေး သဘောလည်း ပါမှာပေါ့ဗျ အခုတည်းက ကျနော့်ကို လာမေးနေကြတာ အဲဒီနေ့လည်း ဘယ်လောက်လာမလဲမှ မသိတာ၊ အခုတည်းက သူတို့က ရွစိရွစိနဲ့ ဖြစ်နေကြပြီ ” ဟု ဦးမြတ်လှက ဆိုသည်။

မြန်မာပြည်ရှိ အဆင့်အမြင့်ဆုံး အမေရိကန် သံအရာရှိ အနားယူမည်

အေးလဲ့ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံရှိ အဆင့်အမြင့်ဆုံးသော အမေရိကန် သံအရာရှိကြီးဟု ဆိုနိုင်သည့် ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးယာယီ တာဝန်ခံ လယ်ရီဒင်းဂါး လာမည့် သြဂုတ်လတွင် အနားယူတော့မည် ဖြစ်ကြောင်း အမေရိကန်သံရုံးက ပြောသည်။

မစ္စတာဒင်းဂါး အနေဖြင့် အသက် ၆၅နှစ် ပြည့်မည် ဖြစ်သောကြောင့် ရာထူးမှ အနားယူခြင်း ဖြစ်သည်ဟုလည်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာနတွင် တာဝန်ထမ်းဆောင်သူများ အဖို့ ၂ နှစ်မှ ၃ နှစ် ကာလအတွင်း လူအပြောင်းအလဲ လုပ်သည့် အစဉ်အလာအတိုင်း ပြောင်းလဲခြင်း ဖြစ်ကြောင်းလည်း အမေရိကန် သံရုံးက ဆိုသည်။
lelal-dingar

အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာဂျွန်မက်ကိန်း ဇွန်လအတွင်းက မြန်မာနိုင်ငံ လာရောက် လည်ပတ်စဉ် ရန်ကုန်ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာလယ်ရီဒင်းဂါး (ဘယ်)နှင့် အတူ တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်ရှိ အမေရိကန်သံရုံး ပြောခွင့်ရ အရာရှိက “သံရုံးတာဝန်ခံဟာ ရန်ကုန်မှာ တာဝန်ထမ်းဆောင်တာ သုံးနှစ်
ကျော်သွားပြီဖြစ်လို့ သြဂုတ်လမှာ ထွက်ပါလိမ့်မယ်။ နိုင်ငံခြားရေးဌာန လုပ်ထုံးလုပ်နည်းအရ သူဟာ သြဂုတ်လမှာ ၆၅ နှစ်ပြည်လို့ အနားယူမှာပါ ” ဟု မဇ္ဈိမသို့ စာရေး ပြန်ကြားသည်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသို့ သံအမတ်ကြီး အဆင့်မထားပဲ သံရုံးယာယီတာဝန်ခံ (Charge de Affairs) အဆင့်သာ ထားသဖြင့် ယင်းအမြင့်ဆုံး တာဝန်ယူခဲ့သူ မစ္စတာဒင်းဂါးသည် မြန်မာ့ဒီမိုကရေစီရေးကို စိတ်ဝင်စားမူရှိသူ ဖြစ်ကြောင်း ပြည်တွင်း နိုင်ငံရေးသမားများက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ ကျနော်တို့နဲ့ ဆက်ဆံတဲ့ နေရာမှာ
တော့ သူဟာ ကျွမ်းကျင်တဲ့ သံတမန် တဦးပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ်မှာလည်း အရမ်း စိတ်ဝင်စား ပါတယ်။” ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း “သူက တော်တော့ကို ရင်းရင်းနှီးနှီး ဆက်ဆံ ပြောဆိုလို့ရတဲ့ သံမှူးပါပဲ။ ကျနော် ထောင်က ထွက်လာပြီး သူနဲ့ တွေ့ရတာပဲလေ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ် အရေးယူမှုများနှင့် စပ်လျင်း၍လည်း သဘောထား တင်းမာသူ
ဖြစ်ပုံရကြောင်း ဦးခင်မောင်ဆွေ က မှတ်ချက်ချသည်။

“ စီးပွားရေး ပိတ်ဆို့မူနဲ့ ပတ်သက်လို့ သူ့သဘောထားကတော့ ချက်ချင်း အပြောင်းအလဲကြီး ဖြစ်ဖို့ မလွယ်ဘူး
ဆိုတဲ့ သဘောမှာရှိတယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ပေးဘဲနဲ့တော့ ဟိုဘက်က
ဘာမှ လုပ်ပေးနိုင်တဲ့ အနေအထား မရှိဘူး ဆိုတဲ့ သူ့ယူဆချက် ရှိပါတယ်” ဝီကီလိခ် ခေါ်အမေရိကန် သံတမန်များ
က ဝါရှင်တန်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနထံ ပေးပို့သော ကြေးနန်းများ ပေါက်ကြားသည့် အထဲတွင် လယ်ရီ ဒင်းဂါး အမည်ဖြင့် “ မြန်မာဗိုလ်ချုပ်များနှင့် စကားပြောဆိုမှု စတင်ခြင်း ” ဆိုသည့် စာတစောင်ကို တွေ့ရှိရသည်။

ယင်းစာ၌ မြန်မာ့စစ်တပ်ကြီးများနှင့် ပတ်သက်ပြီး သူ၏ သရုပ်ဖော် ရေးသားရာတွင် မြန်မာစစ်တပ်သည် အထက် - အောက် အုပ်ချုပ်သော ယန္တရားတခုဖြစ်ပြီး တိုင်းတပါးကို ကြောက်သော၊ အမျိုးသား ညီညွတ်ရေးကို ထိန်းသိမ်း ထားရမည်ဟူသော အမြင်ရှိကြောင်း၊ တချိန်တည်းတွင် ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် နိုင်ငံတကာ မျက်နှာစာတွင် လူမိုက်ကြီးများ ဖြစ်နေရခြင်းကို ရှက်ရွံ့နေကြပြီး လူအများ၏ လေးစားမှု ခံယူလိုကြကြောင်း ယင်း၏ အမြင်ကို
ရေးသားထားသည်။

မစ္စတာဒင်းဂါး လက်ထက်တွင် မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံမှ အဆင့်အမြင့် နိုင်ငံရေး ခေါင်းဆောင်များ
ရောက်ရှိလာခဲ့ရာ၊ ၎င်းတို့အနက် အထက်လွှတ်တော် အမတ်များ ဖြစ်သည့် ဂျင်မ်ဝက် နှင့် ဂျွန်မက်ကိန်းတို့
ပါဝင်သလို အမေရိကန် နိုင်ငံခြားရေးဌာနမှ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဆင့်ရှိ ဂျိုးဆက်ယွန်းတို့လည်း ပါဝင်သည်။

မစ္စတာ ဒင်းဂါးသည် Macalester ကောလိပ်၊ ဟားဗက်ဥပဒေကျောင်းနှင့် အမျိုးသားစစ်ဘက် ကောလိပ်တို့မှ ဘွဲရရှိခဲ့သူ ဖြစ်သည်။