Published on July 27, 2011 by ရွှေအာင် · from ဒီမိုကရက်တစ်မြန်မာ့အသံ
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို ကတိပြုလိုက်ပါတယ်။
နြေပည်တော်မှာ ရွေးကောက်ပွဲ ကော်မရှင်နဲ့ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃၆ ခုက ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာလို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ ချင်းအမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ခုလို ပြောပါတယ်။
“လာမယ့်ရွေးကောက်ပွဲတွေမှာ လွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ သူ ကြိုးစားပေးပါ့မယ် ဆိုပြီးတော့ ကျနော် နားနဲ့ လေးခါတိတိ သူ ကျနော့်ကို ကတိပေးပါတယ်။ အဲဒါ သတင်းကောင်းပါပဲ။”
ဒီတွေ့ဆုံတဲ့အကြောင်းရင်းက ကော်မရှင် ဥက္ကဋ္ဌက ပါတီခေါင်းဆောင်တွေနဲ့ မိတ်ဆက်တာ တကြောင်း၊ ပါတီတွေက တင်ပြလိုတဲ့အချက်တွေကိုတင်ပြစေတာ တြေကာင်း ပါတယ်လို့ သူက ပြောပါတယ်။
တွေ့ဆုံပွဲမှာ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ဥပဒေ၊ နည်းဥပဒေ တွေကို ပထမဆုံး ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာတဲ့ ပါတီခေါင်းဆောင်တွေဘက်က တဦးကို ၂ မိနစ် တင်ပြခွင့် ပြုခဲ့ပါတယ်။
ရတဲ့ ၂ မိနစ်တာကာလမှာ ချင်းပါတီဥက္ကဋ္ဌ ဦးဇိုဇမ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် သူတို့တိုင်းရင်းသားညီနောင်ပါတီငါးခုက ဆောင်ရွက်ပေးလိုကြောင်း တင်ပြခဲ့တယ်လို့ ခုလို ပြောပြပါတယ်။
“ငြိမ်းချမ်းရေးကိစ္စပေါ့ဗျာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ ဒီအချိန်မှာ အဓိက အစ်ရှုးဖြစ်နေပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ ကျနော်တို့ တိုင်းရင်းသား ညီနောင် ၅ ပါတီ အနေနဲ့ ကျနော်တို့ လုပ်ပေးနိုင်မယ့် အခြေအနေတွေ ရှိလိမ့်မယ်လို့ ကျနော် ယုံကြည့်ပါတယ်လို့၊ အဲဒါကြောင့် ညီနောင် ၅ ပါတီအနေနဲ့ တက်တက်ကြွကြွနဲ့ ကျနော်က ပါဝင်ပေးချင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကျနော်တို့ ညီနောင် တိုင်းရင်းသား ၅ ပါတီအနေနဲ့ အလုပ် လုပ်ပေးချင်ပါတယ်လို့ ကျနော် ပြောပါတယ်။”
ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေကတော့ အချက်သုံးချက် တင်ပြခဲ့တဲ့ အကြောင်း ပြောပါတယ်။
အဲဒီအချက်တွေထဲမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲပုံးတွေဟာ လုံခြုံမှုမရှိတဲ့အတွက် အလွယ် တကူဖွင့်ဖောက်နိုင်ခဲ့တယ်။ ဒါကြောင့် နောင်ရွေးကောက်ပွဲမှာ လုံခြုံစိတ်ချရတဲ့ မဲပုံးတွေအသုံးပြုဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လုပ်ပေးမယ်လို့ ကတိပြု ပြောဆိုလိုက်တဲ့အပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးလှစောက ခုလို သုံးသပ် ပြောကြား လိုက်ပါတယ်။
“တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးရင်တော့ ကောင်းတာပေါ့ဗျာ။ အဲဒီတော့ တဖက်ကလည်း သူတို့အနေနဲ့ အရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မြဖစ်ခဲ့တဲ့ အပိုင်းတွေကိုလည်း ဝန်ခံရင်တော့ ပိုကောင်းတာပေါ့။ ပေးတဲ့ကတိကိုတော့ ကျနော်တို့ ကတိဆိုတာတော့ လက်ခံကောင်းပါတယ်နော်။ ဒါပေမယ့် အဲဒီ ကတိအတိုင်း ဖြစ်လာမယ်၊ မြဖစ်လာဘူးဆိုတာတော့ ဒါ မပြောတတ်ဘူးလေ။ ပြီးခဲ့တာတွေကို ပြန်လည် သုံးသပ်ပြီးတော့ မှားခဲ့တဲ့ အတိုင်းအတာ ရှိတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ဝန်ခံတာ ကောင်းပါတယ်။”
အောက်တိုဘာလလောက်မှာပြုလုပ်ဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ လေးဆယ်ကျော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီတချို့ ပြင်ဆင်နြေကပါတယ်။
No comments:
Post a Comment