အော်ရယ်ဘီ (Oral-B) အမျိုးအစား ခံတွင်းသန့်ဆေးရည်ကို မသုံးစွဲဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ အသိပေးနှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။
အော်ရယ်ဘီ ဆေးရည်ဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အြပင် ထုတ်လုပ်တဲ့ကုမ္ပဏီကလည်း အဲဒီ ဆေးရည်ကို ပြန်သိမ်းနေတာကြောင့် မသုံးသင့်ဘူးလို့ နှိုးဆော်ချက်က ဆိုပေမယ့် ကျန်းမာရေးနဲ့ ဘယ်လိုမညီညွတ်တာလဲဆိုတာကိုတော့ နှိုးဆော်ချက်မှာ မဖော်ပြထားပါဘူး။
အော်ရယ်ဘီ ခံတွင်းသန့်ဆေးရည်ဟာ ဘယ်နိုင်ငံကထုတ်တာလဲ၊ ဘာကြောင့်ကျန်းမာရေးနဲ့ မညီညွတ်တာလဲ၊ အော်ရယ်ဘီ အမျိုးအစား သွားတိုက်ဆေးနဲ့ သွားပွတ်တံတွေရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား ဆိုတာနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ ယမုံနာဆေးခန်းဖွင့်ထားပြီး မြန်မာဒုက္ခသည်တွေကို အခမဲ့ဆေးကုသပေးနေတဲ့ ဒေါက်တာတင့်ဆွေကို မေးမြန်းထားပါတယ်။
အော်ရယ်ဘီ ခံတွင်းသန့်ဆေးရည်နဲ့ပတ်သက်ပြီး ကမ္ဘာမှာ သတင်းစထွက်လာတဲ့အကြောင်း ဒေါက်တာတင့်ဆွေက အခုလို ပြောပါတယ်။

“ဒီသတင်း ကမ္ဘာမှာ စပေါ်လာတာ ဇူလိုင် ၁၅ ကတည်းက စြပီး ပေါ်လာတယ်ခင်ဗျ။ ဒီ အမေရိကန်နိုင်ငံမှာ ရှိတဲ့ နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းကြီး ဖြစ်တဲ့ တီအန်ဂျီလို့ ခေါ်ပါတယ်။ အဲဒီ ကုမ္ပဏီကနေ ပြီးတော့ ပါးစပ်နဲ့ခံတွင်းသန့်ရှင်းရေး ပါးစပ်ဆေးတဲ့ ဆေးကို ပြန်ခေါ်တယ်လို့ ခေါ်တာပေါ့လေ။ ဝယ်သုံးပြီးသားလူတွေကို ပြန်ပို့ပါ ဆိုပြီးတော့ သူတို့ ကြေညာချက် ထုတ်တယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ သူက အကုန်လုံးပို့ပါလို့ အတင်းခိုင်းတာတော့ မဟုတ်ဘဲနဲ့ ပိုချင်တဲ့လူ ပို့ပါဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ ပါးစပ်နဲ့ ခံတွင်းဆေးရည်ထဲမှာ မလိုလားအပ်တဲ့ ဗက်တီးရီးယားတွေရဲ့ အရေအတွက်ဟာ ပိုပြီးတော့ ပါနေတယ်ပေါ့လေ။ အဲဒါကြောင့် အန္တရာယ် ရှိနိုင်စရာ ရှိတယ်ဆိုတဲ့ ထင်မြင်ယူဆချက်အရ ဒီ ထုတ်ကုန်တွေကို ပြန်ပြီးတော့ ပို့ခိုင်း သွင်းခိုင်းတာပဲခင်ဗျ။”
မလိုလားအပ်တဲ့ ဗက်တီးရီးယားဆိုတာ ခံတွင်းကင်ဆာ ဖြစ်စေတာတို့ ဘာတို့လား။
“အဲဒီလိုတော့ မဟုတ်ဘူးခင်ဗျ။ ဗက်တီးရီးယားဆိုတော့ infection ခေါ်တဲ့ ရောဂါပိုးဝင်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဖြစ်နိုင်တာကလည်း ပုံမှန် ကျန်းမာရေး ကောင်းနေတဲ့ လူတွေအတွက်တော့ မထောင်းသာဘူးပေါ့လေ။ ကျန်းမာရေး အားနည်းနေတဲ့အချိန် ကိုယ်ခံအားနည်းနေတဲ့ လူတွေမှာတော့ ဗက်တီးရီးယားပိုးဝင် တာတွေ ဖြစ်စေနိုင်တယ်လို့ သူတို့ ယူဆတဲ့အတွက် ဒီ အမေရိကန် အက်ဖ်ဒီအေ ကနြေပီးတော့ ကြောညာချက် ထုတ်တာ ဖြစ်ပါတယ် ခင်ဗျ။ အဲဒီတော့ ဒီကုမ္ပဏီကလည်း ကုမ္ပဏီခွဲတွေရှိတယ်။ ဖိလစ်ပိုင်မှာလည်း ရှိတယ်၊ ထိုင်းမှာလည်း ရှိတယ်ပေါ့။ တကမ္ဘာလုံး အကျုံးဝင်တာပေါ့။”
ခံတွင်းဆေးရည်ကတော့ သိပ်ပြဿနာ မရှိလောက်ဘူး ကျနော်တို့ တိုင်းပြည်မှာ။ တော်တော်တတ်နိုင်တဲ့ လူမှ သုံးတာကိုး။ ခံတွင်းနဲ့ ပတ်သက်လို့ သွားပွတ်တံတို့၊ သွားတိုက်ဆေးတို့….။
“အခုထိတော့ အဲဒါတွေ မထွက်သေးဘူးခင်ဗျ။ ဆေးရည်ကိုပဲပေါ့လေ။ သွားတိုက်ဆေးတွေ၊ သွားတိုက်တံတွေကိုတော့ မဟုတ်ဘူး။ ဆေးရည်ထဲ ဖျော်စပ်တဲ့အထဲမှာ သူတို့ တခုခု ချို့ယွင်းသွားပုံ ရတယ်ခင်ဗျ။ လိုတာထက် ပိုတဲ့ ဗက်တီးရီးယားအရေအတွက်ပါတယ်ဆိုတော့ အခုထိကတော့ ဒီခံတွင်းဆေးရည် ကိုပဲ ထုတ်ပါသေးတယ်ခင်ဗျ။ ကျန်တာတွေတော့ အခုထိတော့ မထုတ်သေးပါဘူး။”
အဲဒီတော့ ဆရာ မသုံးရင် အကောင်းဆုံးပေါ့နော်။
“မသုံးသင့်ဘူးခင်ဗျ။ သူတို့ကတော့ ပို့ချင် ပို့ကြပါလို့ ပြောတော့ ကျနော်တို့ ကျန်းမာရေးရှုထောင်က ကြည့်ရင်တော့ မသုံးတာ အကောင်းဆုံးပဲလို့ ဆရာဝန်တယောက်အနေနဲ့ ညွှန်ချင်တယ်ခင်ဗျ။”
ဒီကိစ္စနဲ့ ပတ်သက်လို့ တြခား ဘာများပြောချင်ပါသေးလဲ။
“ဒီဟာကို တကယ်လို့ ကျနော်တို့ ဗမာနိုင်ငံမှာလည်း အဲဒီလို တားဆီးမှု သို့မဟုတ် သတိပေးကြေညာမှုတွေ ရှိရင်တော့ ကောင်းတယ်ခင်ဗျ။ အဲဒီလို လုပ်ရင်တော့ ကျနော်တို့နိုင်ငံရဲ့ ကျန်းမာရေးဌာနကို ချီးကျူးရမှာပါ။ ဒီသတင်း ထွက်လာတာက အခုဆို ၁၂ ရက်တောင် မရှိသေးဘူးပေါ့လေ။ ကမ္ဘာနဲ့အမီ လူထုရဲ့ ကျန်းမာရေးကို သတိပေးနိုင်စွမ်းရှိရင်တော့ ဒါ ကောင်းတယ်၊ အဲဒီလိုလည်း လုပ်သင့်တယ်လို့ ယူဆတယ်။ နောင်လည်းပဲ အဲဒီလို လူထုကျန်းမာရေး ထိခိုက်မယ့် ဟာတွေကို သတိဝီရိယနဲ့ နေ့ညမြပတ် ကြည့်ပြီးတော့ ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးသင့်တယ်လို့ ယူဆပါတယ်ခင်ဗျ။”
No comments:
Post a Comment