Saturday, July 16, 2011

ခွန်ယင်လပ်ရဲ့ လေထန် ရေဆန်လမ်း

ရွေူးကောက်ပွဲအပြီး ကြမ်းတမ်းခက်ထန်တဲ့လမ်းဖြစ်ပေမဲ့လည်း တိုင်းပြည်ကိုဥဲီးဆောင်ဖို့ ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ အ စိုးရရဲ့အစိတ်အပိုင်းအနေနဲ့ သူ့ကိုရွေးတယ်ဆိုရင် ခွန်ယင်လပ်အနေနဲ့ စမ်းတ၀ါးဝါးနဲ့ လျှောက်လေမလားဆိုတာကို ပြောဖို့ သိပ်မကြာတော့ပါဘူး။ ဇူလိုင်လ ၃ ရက်နေ့ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရပြီးနောက်ပိုင်း ရွေးကောက် ပွဲကော်မရှင်က ခွန်ယင်လပ်ကို အခုထိ တရားဝင် အသိအမှတ်ပြုတာ မလုပ်ရသေးပါဘူး။ ၀ရမ်းပြေးဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ သူမရဲ့အကိုက လုပ်ငန်းအစီအစဉ်တွေကို ထိန်းချုပ်ထားပေမဲ့လည်း အစိုးရအဖွဲ့ဝင်ရာထူးနေရာတွေ ခန့်အပ်ရာ မှာ သူမဟာ တစိတ် တပိုင်းပါဝင် ဆောင်ရွက်နေရတယ်ဆိုတာကို သူမရဲ့ပထမဆုံး ရင်ဆိုင်ရတဲ့ ပြဿနာတွေက သက် သေပြနေပါ တယ်။

အစိုးရအဖွဲ့ထဲမှာ သူတို့အုပ်စုထဲကလူတွေကို ထဲ့ပေးဖို့ သူ့ယောင်းမဖြစ်တဲ့ ထပ်စင်ရဲ့ဇနီးဟောင်းခွန်ယင် ဖို့ကျမန်းနဲ့သူ့ အမကြီးယောက်ဝါဖဝေါင်ဆ၀ပ်နဲ့ဆုံချိုင်းတို့ဇနီးမောင်နှံတို့က ကြိုးပမ်းနေတာမျိုးတွေအပါအ၀င် ရင်းနှီးတဲ့မိတ်ဆွေတွေရဲ့ ၀င်ရောက် စွက်ဖက်တာမျိုးတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် သူ့ပါတီထဲက ရှပ်နီအဖွဲ့ဝင်တွေက အနိုင်ရတဲ့ သူတို့အမတ်တွေထဲက အနည်းဆုံး အမတ် ၃၂ ယောက်ကို အစိုးရအဖွဲ့ထဲမှာ ထဲ့ပေးဖို့ တောင်းဆိုနေပါတယ်။ နောက် စိန်ခေါ်မှု တခုကတော့ ခွန်ယင်လပ်အနေနဲ့ တပ်မတော်အုပ်စုဟောင်းတွေနဲ့ ခေါင်းဆောင်တွေ လက်ခံထားတဲ့ လူ ၁၂ ယောက်ထဲကနေ ကာကွယ်ရေးဝန်ကြီးကို ရွေးပေးရမှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ဝင်ရာထူးတွေ ခွဲဝေပြီးနောက်မှာ သူမ ဦးဆောင်တဲ့ အစိုးရအနေနဲ့ မဲဆွယ်တုန်းက ကတိပေးထားခဲ့တဲ့ အ နည်းဆုံး တနေ့လုပ်ခ ဘတ်၃၀၀၊ ဘွဲ့ရတွေအတွက် လစာ ဘတ် ၁၅,၀၀၀က စပေးဖို့နဲ့ ဆန်တတန်ကို ဘတ် ၁၅,၀၀၀ ပေးဖို့ကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ပြဿနာတွေနဲ့လည်း ပြည့်နှက်နေပါတယ်။ နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ၀န်ကြီး ချုပ်အသစ် တယောက်ဖြစ်လာမယ့်သူ တယောက်အနေနဲ့ သူမဟာ ဘ၀ကို ချင့်ချိန်စဉ်းစားနေရချိန်မှာ ဒါတွေဟာ သူမရင်ဆိုင်နေရတဲ့ ကြောက်လန့်စရာ တာဝန်တွေထဲက တချို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ သူ့အပေါ်ပုံနေတဲ့ ဖိအား တွေအကုန်လုံး ဖြေရှင်းနိုင်မယ်ဆိုရင် မျှော်လင့်ထားတာထက်ကို သူ့အာဏာသက်တမ်း ပိုရှည်ကြာနိုင်ပါတယ်။

ခွန်ယင်လပ်ဟာ နိုင်ငံရေးမျက်နှာ သစ်တဦးအနေနဲ့ ထွက်သွားတဲ့ ၀န်ကြီးချုပ်ပ်ဟောင်း အဖိဆစ် အပါအ၀င် အရင်ဝန် ကြီးချုပ်တွေထက်ကို အစိုးရသက်တမ်း အစဟာ ပိုပြီး ရှည်ကြာနိုင်ပါတယ်လို့ ထမ္မာဆတ်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပညာ ရှင် ဆုမ်ကျိုင်ဖန်ကာဖတ်စ်ဝိဗတ်က ပြောပါတယ်။

ပါလီမန်ပြင်ပမှာတော့ ခွန်ယင်လပ်ဟာ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့လို ထပ်စင်ဆန့်ကျင် ရေး အုပ်စုတွေနဲ့ ပြဿနာရှိမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ထဲက အများစုကို ထပ်စင်က မိတ်ဆွေဖွဲ့ပြီးသွား လို့ ဖြစ်ပါတယ်။ ဖွေ့ထိုင်းပါတီအနေနဲ့ ထပ်စင်ကို အိမ်ပြန်စေချင်တယ်ဆိုရင်လည်း ရှပ်ဝါတွေက ထပ်စင်ကို ဆန့်ကျင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ရှပ်ဝါတွေနဲ့ရှပ်နီတွေဟာ နိုင်ငံရေးအရ လွတ်ငြိမ်းချမ်းသာခွင့်ရမှာ ဖြစ်လို့ပါလို့ ဆုမ် ကျိုင်း က ပြောပါတယ်။ သူမအနေနဲ့ တိုင်းပြည်ကို လွတ်လွတ်လပ်လပ်အုပ်ချုပ်ဖို့ ထပ်စင်က ခွင့်ပြုပေးသင့်တယ်။

နောက်ပြီး ပါလီမန်ထဲမှာ အများစုရတိုင်းလဲ အစိုးရတည်ငြိမ်ဖို့ အာမမခံဘူးဆိုတာ သူမကို သတိပေးသင့်တယ်လို့ သူက ပြောပါတယ်။ အတိတ်တုန်းက ထပ်စင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ မောင်းထုတ်ခံရတဲ့ တစိတ်တပိုင်းအကြောင်းရင်းက တိုင်းပြည်ကို ဦးဆောင်တဲ့နေရာမှာ ထင်သာမြင်သာတဲ့ ပွင့်လင်းမှု မရှိလို့ဖြစ်တယ်လို့ သူက ပြောပါတယ်။ သူမရဲ့ အောင်မြင်မှုက တိုင်းပြည်မှာ တရားဥပေဒအရစိုးမိုးအုပ်ချုပ်တာကို ထိန်းသိမ်းနိုင်စွမ်း ရှိတာနဲ့ သူမ ကတိပေးထားတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အကောင်အထည်ဖော်နိုင်မှုအပေါ်မှာ မူတည်မှာ ဖြစ်တယ်လို့ သူက ထပ်လောင်း ပြောပါတယ်။

ဇူလိုင် ၁၆၊ ၂၀၁၁ (ဘန်ကောက်ပို့စ်) နေ့သစ်

တင်အောင်မြင့်ဦး ကျုးလွန်ခဲ့သော အစုလိုက် အပြုံလိုက် လူသတ်မှုများ Saturday, July 16, 2011 Khet Htan

Saturday, July 16, 2011 KheLinkt Htan
သီဟသူရ တင်အောင်မြင့်ဦး။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အရာရှိတွေက အခုလက်ရှိ ဒုသမ္မတ တင်အောင်မြင့်ဦးဟာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးသင့်တဲ့သူ ဖြစ်တယ် လို့ ပြောလိုက်ပါတယ်။ တိုင်းရင်းသားဒေသဘက်မှာ သူ တာဝန်ယူစဉ်က လူအများအပြားသတ်ဖြတ်ခံရမှုမှာ အဓိက တာဝန်ရှိသူ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ဒေသကို သွားရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ဘကောင်းက ဒီကိစ္စတွေကို စုံစမ်းရေးသား တင်ပြထားပါတယ်။ အသေးစိတ်ကို လောလောဆယ် အင်္ဂလိပ်ဘာသာနဲ့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ သတင်းထောက် ဘကောင်း စုဆောင်းခဲ့တဲ့ အထောက်အထား ဓာတ်ပုံတချို့ကို ဒီကနေ ထပ်ပြီး တင်ပြပေးလိုက်ပါတယ်။

ဧပြီ ၂၀၀၁။ အစိုးရတပ်တွေ သတ်သွားတဲ့ သူတို့ရဲ့ တပ်သား အလောင်းတွေကို KIA အရာရှိတွေ ကြည့်ရှုစစ်ဆေးနေတာပါ။



ဇန်နဝါရီ ၂၀၀၆။ မူဆယ်ဆောင်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ KIA စစ်သားနဲ့ အရပ်သားများရဲ့ ဈာပန။

ဈာပန

မြှုပ်နှံသဂြိုဟ်ရန် သယ်ယူလာစဉ်။



မြှုပ်နှံသဂြိုဟ်စဉ်။





ဇန်နဝါရီ ၂၀၀၆။ ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ KIA အရာရှိနဲ့ စစ်သားများက ကျဆုံးသွားသူများကို အလေးပြုစဉ်။

ဈာပနမှာ စကားပြောနေတဲ့ ဗိုလ်မှူးချုပ် ဂွမ်မော်

ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေကို ဘာကြောင့် အခုမှ ဖွင့်ချရတာလဲဆိုတော့ အဲဒီကာလတုန်းက အမျိုးသားညီလာခံကျင်းပနေဆဲဖြစ်တယ်၊ အပစ်အခတ်ရပ်စဲရေး မပျက်ချင်ဘူး ဆိုတာတွေကြောင့် လူသိရှင်ကြား ဘာမှ မပြောဘဲ နေခဲ့တာလို့ ဆိုပါတယ်။