Saturday, July 16, 2011

တင်အောင်မြင့်ဦး ကျုးလွန်ခဲ့သော အစုလိုက် အပြုံလိုက် လူသတ်မှုများ Saturday, July 16, 2011 Khet Htan

Saturday, July 16, 2011 KheLinkt Htan
သီဟသူရ တင်အောင်မြင့်ဦး။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အရာရှိတွေက အခုလက်ရှိ ဒုသမ္မတ တင်အောင်မြင့်ဦးဟာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးသင့်တဲ့သူ ဖြစ်တယ် လို့ ပြောလိုက်ပါတယ်။ တိုင်းရင်းသားဒေသဘက်မှာ သူ တာဝန်ယူစဉ်က လူအများအပြားသတ်ဖြတ်ခံရမှုမှာ အဓိက တာဝန်ရှိသူ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ဒေသကို သွားရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ဘကောင်းက ဒီကိစ္စတွေကို စုံစမ်းရေးသား တင်ပြထားပါတယ်။ အသေးစိတ်ကို လောလောဆယ် အင်္ဂလိပ်ဘာသာနဲ့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ သတင်းထောက် ဘကောင်း စုဆောင်းခဲ့တဲ့ အထောက်အထား ဓာတ်ပုံတချို့ကို ဒီကနေ ထပ်ပြီး တင်ပြပေးလိုက်ပါတယ်။

ဧပြီ ၂၀၀၁။ အစိုးရတပ်တွေ သတ်သွားတဲ့ သူတို့ရဲ့ တပ်သား အလောင်းတွေကို KIA အရာရှိတွေ ကြည့်ရှုစစ်ဆေးနေတာပါ။



ဇန်နဝါရီ ၂၀၀၆။ မူဆယ်ဆောင်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ KIA စစ်သားနဲ့ အရပ်သားများရဲ့ ဈာပန။

ဈာပန

မြှုပ်နှံသဂြိုဟ်ရန် သယ်ယူလာစဉ်။



မြှုပ်နှံသဂြိုဟ်စဉ်။





ဇန်နဝါရီ ၂၀၀၆။ ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ KIA အရာရှိနဲ့ စစ်သားများက ကျဆုံးသွားသူများကို အလေးပြုစဉ်။

ဈာပနမှာ စကားပြောနေတဲ့ ဗိုလ်မှူးချုပ် ဂွမ်မော်

ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေကို ဘာကြောင့် အခုမှ ဖွင့်ချရတာလဲဆိုတော့ အဲဒီကာလတုန်းက အမျိုးသားညီလာခံကျင်းပနေဆဲဖြစ်တယ်၊ အပစ်အခတ်ရပ်စဲရေး မပျက်ချင်ဘူး ဆိုတာတွေကြောင့် လူသိရှင်ကြား ဘာမှ မပြောဘဲ နေခဲ့တာလို့ ဆိုပါတယ်။

No comments:

Post a Comment