Friday, July 22, 2011

မန္တ​လေး​ မူး​ယစ်ရဲအုပ်က ​ငွေ​ပေး​ပြီး​ လူသတ်ခိုင်း

Published on July 22, 2011 by ရွှေအောင်

မန္တ​လေး​မြို့​၊​ ၈၈ လမ်း​၊​ ၂၃ လမ်း​နဲ့​ ၂၄ လမ်း​ကြား​၊​ သီရိမာလာ ရပ်ကွက်ရုံး​ရှေ့​မှာ ဇူလိုင် ၁၉ ရက်​နေ့​ ည ၆ နာရီခွဲ​လောက်က အမျိုး​သမီး​တဦး​ကို အမျိုး​သား​တဦး​က ဓား​နဲ့​ထိုး​သတ်ခဲ့​ပါတယ်။

အမျိုး​သမီး​ရဲ့​အော်သံ​ကြောင့်​ ရပ်ကွက်က ဝိုင်း​ဝန်း​ဖမ်း​မ်း​မိခဲ့​ပြီး​ အဲ့​ဒီလူရဲ့​ ထွက်ဆိုချက်အရ မန္တ​လေး​မြို့​ ​မြောက်ပိုင်း​ခရိုင် မူး​ယစ်အထူး​ရဲတပ်ဖွဲ့​က ရဲအုပ်သန်း​စိုး​က ​ငွေဆယ်သိန်း​ပေး​ သတ်ခိုင်း​တာ ဖြစ်​ကြောင်း​ ​ဖြောင့်​ချက်​ပေး​တယ်လို့​ မျက်မြင်တဦး​က ​ပြောပြပါတယ်။

အသတ်ခံရတဲ့​ အမျိုး​သမီး​ဟာ ရဲအုပ်သန်း​စိုး​ရဲ့​ မယား​ပြိုင်ဖြစ်ပြီး​ မန္တ​လေး​မှာ ကွာရှင်း​စရိတ် လာ​တောင်း​တုန်း​ အခုလိုအသတ်ခံရတာ ဖြစ်​ကြောင်း​ မျက်မြင်က ​ပြောပါတယ်။

“သူ့​က​လေး​နဲ့​ အဲဒီ​ကောင်မ​လေး​ကို ပိုက်ဆံမ​ထောက်လို့​ အဲဒီ​ကောင်မ​လေး​က ဗန်း​မော်က​နေ မန္တ​လေး​ကို လာပြီး​ အဲဒီ မူး​ယစ်အရာရှိ စိုး​သန်း​ဆီမှာ ပိုက်ဆံ​တောင်း​တဲ့​အခါမှာ စိုး​သန်း​က မ​ပေး​ဘဲနဲ့​ ​ကျောက်သပိတ်ဘက်က လူသတ်သမား​ကို ငှား​ပြီး​ သတ်လိုက်တယ်။ အဲဒီ ​ကောင်မ​လေး​လည်း​ ဓား​နဲ့​ ထိုး​သတ်တာ ​သေသွား​တယ်။ ထိုး​သတ်လိုက်တဲ့​ တရား​ခံကို မိပြီး​ စစ်လိုက်​တော့​ မန္တ​လေး​ ​မြောက်ပိုင်း​ခရိုင် အထူး​မူး​ယစ် ရဲအုပ် စိုး​သန်း​က ၁၀ သိန်း​ပေး​ပြီး​ သတ်ခိုင်း​တယ်လို့​ အစစ်ခံတယ်။ တရား​သူကြီး​တွေ ဘာ​တွေနဲ့​ ​ဖြောင့်​ချက် ယူတဲ့​အခါမှာ အဲဒီအတိုင်း​ ​ပြောတဲ့​အတွက် အမှတ် ၅ ရဲစခန်း​မှာ အဲဒီ စိုး​သန်း​ကို ဖမ်း​ထား​တယ်။”

ဒီကိစ္စနဲ့​ပတ်သက်ပြီး​ တာဝန်ရှိသူ အမှတ် ၅ ရဲစခန်း​ကို ဆက်သွယ်​မေး​ကြည့်​တော့​ တာဝန်မှူး​က စစ်​ဆေး​ဖော်ထုတ်ဆဲဖြစ်တာကိုသာ ​ဖြေဆိုပြီး​ အ​သေး​စိတ်မ​ဖြေပါဘူး​။

“ကျ​နော်တို့​က အခုက ဘာမှန်း​မသိ​သေး​ဘူး​။ စစ်​ဆေး​တုန်း​ပဲ ရှိ​သေး​တဲ့​ အတွက် ကျ​နော်တို့​က အတည်ပြုလို့​ မရ​သေး​ဘူး​ခင်ဗျ။”

သူ့​ကို ဘာနဲ့​ဖမ်း​ထား​တယ် ဆိုတာ​ရော ​ပြောလို့​ မရဘူး​လား​ ဆရာ။

“အဲဒါ​တော့​ တိုင်း​ကိုလှမ်း​ပြောလိုက်​နော် တိုင်း​လှမ်း​မေး​လိုက်။”

ရဲနဲ့​ နီး​စပ်သူ​တွေအဆိုအရ အသတ်ခံရသူအမျိုး​သမီး​ဟာ အရင်က ရဲ​မေတဦး​ ဖြစ်ပြီး​ ရဲအုပ်သန်း​စိုး​နဲ့​ ကိုယ်ဝန်ရှိတာ​ကြောင့်​ ရဲတပ်ဖွဲ့​က ထုတ်ပယ်ခံထား​ရတာလို့​လည်း​ ​ပြောပါတယ်။

ရဲအုပ်သန်း​စိုး​ဟာ ဘား​အံ မူး​ယစ်တပ်ဖွဲ့​က​နေ မန္တ​လေး​မှာ တာဝန်ကျတာ သုံး​နှစ်​လောက်ရှိပြီဖြစ်ပြီး​ ဒီအမျိုး​သမီး​နဲ့​ မန္တ​လေး​မှာပဲ ​တွေ့​ခဲ့​ကြတာလို့​ ဆိုပါတယ်။

ကွာ​ရှင်း​စရိတ်အြဖစ် အမျိုး​သမီး​က သိန်း​၂၀၀ ​တောင်း​ပြီး​ ရဲအုပ်သန်း​စိုး​က သိန်း​ ၅၀ ​ပေး​ဖို့​ ညှိရာမှာ အဆင်မ​ပြေဖစ်လို့​ အခုလို လူငှား​သတ်ခိုင်း​လိုက်တာလို့​လည်း​ ဆိုပါတယ်။

ဒီအချက်အလက်​တွေကို အတည်ပြုနိုင်ဖို့​ မန္တ​လေး​တိုင်း​ ရဲတပ်ဖွဲ့​ကို ဆက်သွယ်​မေး​မြန်း​ဖို့​ ကြိုး​စား​ပေမယ့်​ မရပါဘူး​။

ကျပ်သိန်းပေါင်း တသိန်း ရန်ကုန်မှာ ကြံ့ဖွံ့ထုတ်ချေး

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁ ခုနှစ်

မဇ္ဈိမသတင်းဌာန ။ ။ ချေးငွေယူလျှင် ပါတီဝင်ရသည့် ကျပ်သိန်းပေါင်း တသိန်းအား ရန်ကုန်တိုင်းအတွင်း ထုတ်ချေးခဲ့ကြောင်း အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက ပြောသည်။

ကြာသပတေးမနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်း ကြံ့ဖွံ့ရုံးချုပ်၌ ကျင်းပသော ၎င်းတို့ပါတီနှင့် အခြား ၅ ပါတီမှ လူငယ်များ ဂျပန်သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်း ရှင်းလင်းသည့် အခမ်းအနား၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အတိုးနှုန်း ၂ ကျပ် ယူသည့် အသေးစား ချေးငွေ
atlinn

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း တာဝန်ခံ ဦးအောင်သိန်းလင်း (ဓာတ်ပုံ - မဇ္ဈိမ)


သိန်းပေါင်း ၇ သောင်းနှင့် လယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေ သိန်းပေါင်း ၃ သောင်း ထုတ်ချေးခဲ့ကာ၊ ရရှိလာမည့် အတိုးများကို လူထုကျန်းမာရေးအတွက် ဆောင်ရွက်မည်ဟု ဦးအောင်သိန်းလင်းက ပြောသည်။ သူသည် လက်ရှိ တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော် အမတ် ဖြစ်ပြီး၊ ရန်ကုန်မြို့တော်ဝန်ဟောင်းလည်း
ဖစ်သည်။

ရွှေပြည်သာမြို့နယ်မှ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတဦးက ‘‘ မြို့နယ်ကို ဒီလောက် ငွေချေးပေးနေတာ၊ ပါတီကိုလည်း သိတတ်ရမှာပေါ့၊ ပြည်သူနဲ့ အပြန်အလှန်ပေါ့ ဆိုတာမျိုး ပြည်သူကို ပြောပြတယ်။ ပြီးတော့ သူတို့ကို ငွေချေးတယ်။ လူတွေကလည်း ပါတီ ဝင်ကြတယ်။ ငွေချေးလို့လေ’’ ဟု ဆိုသည်။

မြောက်ဥက္ကလာပ မြို့ခံတဦးကလည်း ‘‘ကျမတို့ကို တယောက်ကို ၃ သောင်း ချေးတယ်။ ကျမတို့အဖွဲ့မှာ
ခေါင်းဆောင်တယောက် ပါတယ်။ ငွေချေးတာ အပေါင်တော့ မပေးရဘူး။ ဒါပေမဲ့ ပါတီတော့ ဝင်ရတယ်’’ ဟု ပြောသည်။

ဦးအောင်သိန်းလင်းက ရန်ကုန်၌ (ဖြိုးစေတနာ) အခမဲ့ဆေးခန်း ၃၅ ခု ဖွင့်လှစ်ခဲ့သလို သမိုင်းလမ်းဆုံတွင် ၆ ထပ်
ဆေးရုံဖွင့်ကာ အခမဲ့ မျက်စိခွဲစိတ်ပေးနေပြီး၊ အင်းစိန် GTI ၌ အခမဲ့ ကျောက်ကပ်ဆေးခြင်းကို
ဆောင်ရွက်ခဲ့ကြောင်းနှင့် မကြာမီတွင် အခမဲ့ သားဖွားဆေးရုံ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

Egat ကို မြန်မာလျှပ်စစ် စီမံကိန်းများမှ နှုတ်ထွက်ရန် တောင်းဆို

ဧရာဝတီ Friday, 22 July 2011 12:05 သတင်းတိုများ

ထိုင်းနိုင်ငံ ချင်းရိုင်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားနှင့် ကျေးရွာဒေသခံများ ကွန်ရက်က မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများတွင် ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် ထိုင်း လျှပ်စစ်ဓာတ်အား ရရှိရေး အာဏာပိုင်အဖွဲ့ (Egat) အား တောင်းဆိုသည့် လှုံ့ဆော်မှုကို စတင်လိုက်သည်။ လျှပ်စစ်ဓာတ်အား စီမံကိန်းများကြောင့် ကျေးရွာ ၂၀ ခန့် ရွှေ့ပြောင်းခံရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ထိုသို့ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့တပ်မတော်အား အတုမခိုးရန် ကေဒါတပ်သားများအား ဗိုလ်ချုပ်ပန်ဖှ တားမြစ်မိန့်ထုတ်

Friday, 22 July 2011 12:52 သျှမ်းသံတော်ဆင့်


သျှမ်းပြည်တပ်မတော် ဗဟိုဌာနချုပ်အားသိမ်းပိုက်ရန် မြန်မာအစိုးရတပ်မှ အပြင်းအထန်ထိုးစစ်ဆင်တိုက် ခိုက်မှုတွင် လူသတ်မှု၊ မုဒိန်းကျင့်မှု၊ ပစ္စည်းလုယက်မှု ခိုးယူမှုများကျူးလွန်နေသောကြောင့် သျှမ်း ကေဒါ တပ်သားထု တရပ်လုံး ထိုကဲ့သို့မလုပ်ရန် - SSPP/ SSA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှ မှ ယခုကဲ့သို့အမိန့် ထုတ် ပြန် တားမြစ်ခဲ့ခြင်းဖြစ်သည်။


ယခုလ ၁၉ ရက်နေ့ ရက်စွဲပါထုတ်ပြန်သော အဆိုပါစစ်ရေးအမိန့်ပြန်တမ်းကို အထွေထွေအတွင်း ရေးမှူး ချုပ်ရုံး ၊ သျှမ်းပြည်တိုးတက်ရေးပါတီမှ ထုတ်ပြန်ခြင်းဖြစ်ပြီး ပါတီအထွေထွေအတွင်းရေးမှူးအနေဖြင့်ဗိုလ်ချုပ် ပန်ဖှ ကိုယ်တိုင်လက်မှတ်ရေးထိုးထားသည်။

sao_pang_fah
သျှမ်းပြည်တပ်မတော်(SSPP/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှာ့ (ဓာတ်ပုံ - S.H.A.N.)

စစ်ပွဲဖြစ်သော နေရာများတွင် ယောက်ကျားတွေ့လျှင်ပစ်သတ်၊ မိန်းမတွေ့လျှင် မုဒိန်းကျင့်ခွင့်ပေးထားသည့် မြန်မာစစ်တပ်အကြီးအကဲများ၏ ခွင့်ပြုချက်ကို ရှုပ်ချထားပြီး မိမိတပ်သား ကေဒါများအားလုံး လူမျိုးခွဲခြား ရေးမူဝါဒနှင့်စိတ်ဓါတ်များလုံးဝမရှိစေရဟုလည်း ထုတ်ပြန်ထားသည်။


“ သျှမ်းပြည်တိုင်းချုပ် ဗိုလ်ချုပ်အောင်သန်းထွဋ်က လားရှိုးစစ်တိုင်းရုံးမှာ ဗျူဟာမှူး၊ စကခ မှူးတွေကို ပြော တယ်။ စစ်ပွဲဖြစ်တဲ့နေရာမှာ ယောက်ျားတွေ့ရင် သတ်ပစ်၊ မိန်းမတွေ့ရင် လုပ်ချင်တာလုပ်တဲ့။ တဆင့်စကား တဆင့်နားနဲ့ လူထုက ပြန်ကြားတော့ ရွာထဲမှာ ဘယ်သူမှမနေချင်ကြဘူး။ တောတောင်တွေထဲ ထွက်ပြေး ပုန်းရှောင်နေကြတယ်။ ဗမာစစ်သားတွေကို မတွေ့ချင်ကြလို့လေ” ဟု SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က ပြောသည်။


သျှမ်းပြည်တပ်မတော်သားများအားလုံး - မည်သည့်လူမျိုးကိုမဆို မသတ်ဖြတ်ရ၊ လူ့အခွင့်အရေးများ မချိုး ဖောက်ရ၊ ပြည်သူပိုင်ပစ္စည်းများ အခမဲ့ လုံးဝ မယူရ ၊ လူထုအားဝန်ထုပ်ဝန်ပိုးဖြစ်စေမည့်အလုပ် လုံးဝမလုပ် ရဟု အဓိက အချက် ၄ ချက်ဖြင့် တားမြစ်ထားပြီး အဆိုပါ စည်းကမ်းချက်အား ကျူးလွန်ချိုးဖောက်ပါကစစ်ရေး ဥပဒေအရ အရေးယူခြင်းခံရမည်ဟုလည်း ညွှန်ကြားထားသည်။

NLD နိုင်ငံရေးသိပ္ပံသင်တန်း စတင်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရက်သတ္တတပတ်ကြာ နိုင်ငံရေးသိပ္ပံသင်တန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဗဟိုရုံးချုပ်၌ သောကြာနေ့တွင် စတင်လိုက်သည်။

လူသား ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေး Human Development and Human Security ဘာသာရပ်အား ကိုရီးယားနိုင်ငံ Ewha အမျိုးသမီးတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ Brendam Howe ၏ ပို့ချမှုဖြင့် ယနေ့မနက်တွင် စတင်လိုက်သည်။ သင်တန်းဆရာစာရင်းအား NLD က ထုတ်ဖော်ကြေညာခြင်း မရှိပေ။

“ဆရာ ၂ ယောက် ရောက်ပါပြီ။ သင်တန်းကို ထိခိုက်မှာစိုးလို့ သင်တန်းဆရာတွေနဲ့ ပတ်သက်ပြီး အကုန်သတင်း မထုတ်သေးဘူးလို့ ထင်ပါတယ်။ အတွေ့အကြုံက ၂ ခါ ရှိသွားပါပြီ။ ဆရာကျော်ရင်လှိုင်တို့တုန်းကလည်း တခါ၊ ဆရာဦးမြင့်တုန်းကလည်း ပျက်ဖူးတယ်ဆိုတော့ အတော်လေးကို ဂရုစိုက်ပြီး လုပ်ရပါတယ်” ဟု သင်တန်းသားတဦး
ဖြစ်သူ ဗေဒါအင်စတီကျုမှ ကိုမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။


မနက် ၉ နာရီတွင် သင်တန်းဖွင့်ပွဲကို ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိလုပ်ကာ ဖွင့်လှစ်ပေးခဲ့သည်။ သင်တန်းကို ဇူလိုင် ၂၈ ရက်အထိ နားရက်မရှိ ပို့ချသွားရန် စီစဉ်ထားသည်။

ပြည်နယ်နှင့်တိုင်း အသီးသီးမှ NLD ပါတီဝင်များအပြင် ဗေဒါအင်စတီကျုမှ ကျောင်းသား ၃၃ ဦးလည်း တက်ရောက်နေသည်။

“တရားဝင် စာရင်းပေးတက်တာ ၇ဝ ကျော်။ နာမည်စာရင်းမပေးဘဲ နားထောင်နေတဲ့ ပရိသတ်လည်း ရှိတယ်ဗျ။ အားလုံးပေါင်း ၁ဝဝ ကျော် ရှိတယ်။ ကျနော်ဆိုရင် နာမည်မပေးဘဲ တက်တဲ့သူထဲ ပါတာပေါ့” ဟု ကိုမျိုးရန်နောင်သိန်းက ဆိုသည်။

အကျယ်ချုပ်ကျ ဦးခင်ညွန့်၏ နောက်ဆုံးအခြေအနေ

ဧရာဝတီ Friday, 22 July 2011 16:45

ဆိုင်းငံ့ ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ကျနေသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က စားဝတ်နေရေး အခက်အခဲကြောင့် ဇနီးနှင့် သမီးအား စီးပွားလုပ်ကိုင်နိုင်ရေး လွတ်လပ်စွာ သွားလာခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ကြောင်း နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

khinnyuantနိုင်ငံတော် အကြီးအကဲများအနေဖြင့် ၎င်းအား တချိန်က လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက် တယောက်အနေဖြင့် သဘောထားကာ လက်ရှိစားဝတ်နေရေး အခက်အခဲကို စဉ်းစားပေးစေလိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် ဦးခင်ညွန့်က မေတ္တာရပ်ခံခြင်း ဖြစ်သည်။

အသက် ၇၀ နှစ်ရှိပြီဖြစ်သော ဦးခင်ညွန့်သည် မိသားစု စားဝတ်နေရေးနှင့် မြေးများ၏ ပညာသင်စရိတ်အတွက် သစ်ခွပန်း တနိုင်တပိုင်စိုက်ပျိုးကာ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့သွင်းပြီး ဖြေရှင်းနေရကြောင်း၊ ထို့ကြောင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ နှင့် သမီးဖြစ်သူ မသင်းမြတ်မြတ်ဝင်းတို့အား လွတ်လပ်စွာ စီးပွားရှာခွင့်ပြုရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်း သိရသည်။

ဦးခင်ညွန့်က မိမိမှာ ကျန်းမာရေးလည်း ချို့ယွင်းနေပြီး ဘာသာရေးလုပ်ရင်းနှင့် ဘ၀နေ၀င်ချိန်ကို ဖြတ်ကျော်နေရကြောင်း၊ ဇနီးဖြစ်သူမှာလည်း ကျောက်တန်းမြို့တွင် နေထိုင်သည့် ၎င်း၏ အသက် ၉၅ နှစ်အရွယ် မိခင်ကြီးကို ပြုစုစောင့်ရှောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

သားနှစ်ဦးဖြစ်သည့် ဒု ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ဒေါက်တာ ရဲနိုင်ဝင်းနှင့် သားမက်ဖြစ်သူ ဦးတင်ထွဋ်တို့မှာလည်း ယခုအချိန်အထိ ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပြီး ၎င်းတို့ သုံးဦးအတွက်ပါ သက်ညှာစွာ စဉ်းစားပေးရန်လည်း တင်ပြထားသည်။

ဦးခင်ညွန့် မိသားစု၏ လက်ရှိ ကျန်းမာရေး၊ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ယောက်ဖတော်စပ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာ သန်းငြိမ်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် နိုင်ငံရေးနယ်ပယ်တွင် ရောက်ရှိနေသည့်အတွက် မသိရှိကြောင်း၊ သို့သော် နှမဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေမှာ သစ်ခွပန်းစိုက်ပျိုးရာတွင် ၀ါသနာပါကြောင်း ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းကလည်း ဦးခင်ညွန့်နှင့်ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းတခု ထွက်ပေါ်လာရာ ထိုမှတ်တမ်းထဲ၌ ရဲချုပ်ဟောင်း ဦးခင်ရီက တခြားတနေရာသို့ ပြောင်းရွေ့ရန် ညအချိန်တွင် လာရောက်ခေါ်ခြင်းဖြစ်ပြီး၊ ဦးခင်ညွန့်က ပထမပိုင်းတွင် စိတ်ဆိုးဒေါသထွက်နေသည့် ပုံသဏ္ဍန်ရှိသော်လည်း နောက်ပိုင်းတွင် စိတ်ကိုလျှော့ကာ စကားလက်ခံပြောဆိုနေသည်ကိုလည်း မြင်တွေ့ရသည်။

ထိုဗီဒီယို မှတ်တမ်းတွင် ဦးခင်ညွန့်က စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်မရှိသဖြင့် ၀င်ငွေမရှိကြောင်း၊ မြေးများမှာ ကျောင်းနေရန်ပင် အခက်အခဲရှိကြောင်း၊ ပိုက်ဆံမရှိသဖြင့် အိမ်၏ ဧည်ခန်းမီး ပျက်နေသည်ကိုပင် မပြင်နိုင်သေးကြောင်း ပြောဆိုသည်ကိုလည်း တွေ့ရသည်။

ဦးခင်ညွန့်ကို ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရားစွဲဆိုကာ ဆိုင်ငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ပြီး နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။

မကြာသေးမီကလည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ထောင်ကျနေသည့် ထောက်လှမ်းရေး အဖွဲ့ဝင် အရာရှိကြီးတချို့ ပြန်လည်လွတ်မြောက်လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မင်္ဂလာမြန်မာ NGO အဖွဲ့မှ ဒေါက်တာ ဖုန်းဝင်းက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အကြား ကြီးမားသော ပြဿနာ မရှိနိုင်ကြောင်း၊ ထောက်လှမ်းရေး အဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းမှာလည်း တချို့သော စစ်တပ်ခေါင်းဆောင်များနှင့် ထောက်လှမ်းရေး အရာရှိများအကြား ဖြစ်ပွားခဲ့သည့် ပြဿနာသာဖြစ်၍ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်မှာ မကြာခင် ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း ပြောသည်။

နေပြည်တော် သတင်းရပ်ကွက်၏ အဆိုအရလည်း ဦးခင်ညွန့်နှင့် မိသားစုကို မကြာမီ လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဦးသိန်းစိန် အစိုးရ မတက်မီ မတ်လအတွင်းက ဦးခင်ညွန့်အား လွှတ်ပေးရန် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက အကြံပြုဆွေးနွေးခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပယ်ချခဲ့သည်ဟု သိရသည်။