
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)နဲ့ မြန်မာစစ်တပ်တွေအြကား တိုက်ပွဲတွေ ဖြစ်နေတဲ့ကြားက ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို ဆက်လက်တည်ဆောက်နြေပီး လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ဒီကနေ့ မနက်ပိုင်းက ဗလမင်းထင်တံတားကို ရောက်ရှိလာပါတယ်။
တရုတ်ပြည် ထိန်ချုံးမြို့မှတဆင့် ကန်ပိုက်တီး-မြစ်ကြီးနား လမ်းကြောင်းအတိုင်း ဆောက်လုပ်ရေးပစ္စည်းတွေ တင်ထားတဲ့ ကားတွေ ဒီကနေ့ မနက်ပိုင်းက မြစ်ကြီးနား အရှေ့ဖက်ကမ်း ဗလမင်းထင်တံတားကို ရောက်ရှိလာတာလို့ မြစ်ကြီးနားဒေသခံတဦးက ပြောပါတယ်။
“မနက်က ဗလမင်းထင်တံတားထိပ်မှာ ဧရာဝတီမြစ် ရေကာတာ စီမံကိန်းမှာ အသုံးပြုတဲ့ ကားအစီး ၂ဝ၊ ၃ဝ လောက် တွေ့ခဲ့တယ်။ မြစ်ဆုံရေကာတာမှာ အသုံးပြုတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ၊ သံချောင်းတွေပါတယ်၊ သံယက်မတွေ အဲလိုမျိုး ပါတယ်။ ကန်ပိုက်တီးလမ်းကနေ လာခဲ့တာ။ ”
ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအထက်က တံတားတစင်း မနေ့က ဗုံးခွဲ ဖျက်ဆီးခံခဲ့ရသည့်ကြားက အခုလို မြစ်ဆုံရေကာတာစီမံကိန်းက ကားတွေ ဖြတ်သန်း လာတာလည်း ဖြစ်ပါတယ်။
“ဝါးရှောင်အထက်မှာ မလောင်ခတံတားဆိုတာ ပေပေါင်း ၁၃ဝ၊ ၁၄ဝ လောက်ရှိတယ်။ ကွန်ကရက်တံတားကြီးလေ။ အဲဒါကို ဘယ်သူခွဲတယ်မသိဘူး။ မနေ့ညက ခွဲတာပေါ့။ အပေါက်တွေ ဖြစ်သွားတာ။ မိုင်းခွဲလိုက်တာ ဒီလောက် အပေါက်တွေဖြစ်တဲ့ကြားမှာ ဧရာဝတီမြစ်စီမံကိန်းက ကားတွေက မြစ်ကြီးနားအဝင်မှာ ကျနော်တွေ့ခဲ့တာ။ တွေ့ခဲ့တယ်ဆိုတော့ စစ်ဘယ်လောက်ဖြစ်ဖြစ် စီမံကိန်းကို ဆက်လုပ်မယ့်အနေအထားရှိတယ်။ မနေ့ညက လာပုံထောက်တယ်။ သူတို့မရောက်ခင် တံတားက မိုင်းခွဲလိုက်တာ။ မိုင်းခွဲလိုက်တာကို သူတို့က ရောက်အောင် ဖြတ်ခဲ့တာပေါ့။ အပေါက်ပဲဖြစ်ခဲ့တာကြောင့်၊ တံတားကျိုးအောင် မလုပ်တဲ့ခါကျတော့ ဖြစ်လို့ရသွားတာ။”
ဧရာဝတီမြစ်ဆုံရေကာတာ မတည်ဆောက်ရန် ဒေသခံ ကချင်ခေါင်းဆောင်တွေ၊ ဒေသခံရွာသားတွေအပါအဝင် ကေအိုင်အိုက မြန်မာအစိုးရကို တောင်းဆိုခဲ့သလို တရုတ်-မြန်မာ နှစ်နိုင်ငံပါဝင်တဲ့ ပညာရှင်အဖွဲ့ကလည်း မြစ်ဆုံရေကာတာ ဆောက်လုပ်ရင် ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေ ကြီးမားတာမို့ မဆောက်လုပ်ဖို့ စာတမ်းပြုစုတင်ပြတဲ့ကြားက မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေက တည်ဆောက်နေတာလည်း ဖြစ်ပါတယ်
No comments:
Post a Comment