Tuesday, July 12, 2011

နိုင်ငံကူးလက်မှတ်

ဧရာဝတီ



နိုင်ငံကူးလက်မှတ် သုံးပတ်နှင့် ရမည် လို့  မိုးယံက ဧရာဝတီမှာ ရေးထားတယ်။
တခြားနိုင်ငံတွေမှာ ဘယ်လိုလဲ ??

ထိုင်းတယောက်ကို မေးကြည့်တော့ ချင်းမိုင်၊ ဖိစနလွတ် ဆိုတဲ့ မြို့ကြီးတွေမှာတော့ တပတ် ကြာတယ်၊ ဘန်ကောက်မှာတော့ တရက်ပဲ ကြာမယ် တဲ့။ နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ကွန်ပျူတာအားကိုးနဲ့ သိမ်းဆည်း မှတ်တမ်းတင်ထားတာကြောင့် ဒီလောက် မြန်တာ ဖြစ်ပါလိမ့်မယ်။

ကွန်ပျူတာ စထွင်တဲ့ US မှာရော ??
စည်းကမ်းချက်အသစ်အရ တလခွဲ ကြာမယ် လို့ ဆိုတယ်။
ဒီနေ့ စတင်တဲ့ စည်းကမ်းချက်ပေါ့။ နောက်ဆုတ်သွားတာပါ။ ခါတိုင်း တလပဲ ကြာပါတယ်။

US
ရဲ့ အားသာချက်က နေရာအနှံ့ တွေ့ရတတ်တဲ့ စာတိုက်၊ စာကြည့်တိုက်တွေမှာ လျှောက်လွှာတင်ရတာပါပဲ။ တလခွဲကြာရင် စာပို့သမားက လာပို့ပါလိမ့်မယ်။

ဗြိတိန်မှာလည်း နေရာအတော်များများမှာ ဖွင့်ထားပုံ ရပါတယ်။ ပထမဆုံးအကြိမ် ပတ်စ်ပို့ လျှောက်မယ် ဆိုရင်တော့ တလခွဲ ကြာမယ်လို့ ဆိုတယ်။ ပြီးတော့ ရုံးကို သွားပြီး နာရီဝက် အင်တာဗျူးခံရမယ် တဲ့။ ကိုယ်ရေးအချက်အလက် တလွဲတွေ ပေးပြီး ပတ်စ်ပို့လျှောက်သူတွေရန်က ကာကွယ်ဖို့ ဒီလို တင်းကျပ်ထားတာလို့ ဆိုတယ်။

အနာဂတ်မှာတော့ မြန်မာပြည်က US ဗြိတိန်တို့ကို ပုံတူ မကူးဘဲ ထိုင်းကို ပုံတူကူးရင်တော့ ပို မြန်လာမှာပါ။

No comments:

Post a Comment