သြစတေးလျရောက် ကိုထူးထူးဟန် ဒီနေ့ကစပြီး နာမည်ကြီးလာပါပြီ။
သူက မြန်မာပြည်မှာ လူအယောက် ၁၀၀ ၀န်းကျင်ကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ သတင်းတပုဒ်ကို သြစတေးလျ သတင်းဌာနတွေမှာ ဖော်ပြနေကြလို့ နာမည်ကြီးလာတာပါ။
သူပြောတာတွေကို သတင်းလုပ်ရေးထားတာ smh.com.au မှာ ဖတ်နိုင်ပါတယ်။
၁၉၈၇ နဲ့ ၁၉၉၂ ကြားထဲမှာ မြန်မာစစ်ထောက်လှမ်းရေးရဲ့ လျှို့ဝှက် အဖွဲ့ဝင် တာဝန် ယူခဲ့တယ် ဆိုပဲ။ အသက် ၄၄ ရှိပါပြီတဲ့။ ၂၁ နှစ်အရွယ်မှာ စစ်ထောက်လှမ်းရေးထဲရောက်တယ် ဆိုတဲ့ သဘောပေါ့။
သြစတေးလျမှာ ခိုလှုံခွင့်ရပြီး နိုင်ငံသားဖြစ်နေပါပြီ တဲ့။
ဧရာဝတီက စုံစမ်းကြည့်တော့ သူက နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ထောင်ထဲမှာ ယင်ကောင် အကောင် ၁၀၀ လောက် သတ်ခဲ့တာကို သတင်းထောက်က နားကြားလွဲသွားပြီး လူ ၁၀၀ လောက် သတ်ခဲ့တယ်လို့ ထင်သွားဟန်တူတယ်လို့ ဆိုပါတယ်။

http://www.acrogallery.com.au/ မှာလည်း သူ့လက်ရာတွေကို တွေ့ရမှာပါ။
No comments:
Post a Comment