Wednesday, July 13, 2011

ဆေးရုံမှာ ခါးပိုက်နှိုက်တို့ သောင်းကျန်း

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ ပုဂ္ဂလိက ဆေးရုံအချို့တွင် ခါးပိုက်နှိုက်များ လူနာဟန်ဆောင်ကာ အလစ်သုတ်မှုများ ရှိနေခြင်းကြောင့် ဖမ်းဆီးရမိရေး ကြေညာချက် ထုတ်ထားရကြောင်း ကြာသပတေးနေ့ထုတ် 7 Days ဂျာနယ်တွင်
ဖေါ်ပြသည်။

စမ်းချောင်းမြို့နယ်ရှိ ဆေးရုံတရုံတွင်လည်း ခါးပိုက်နှိုက် အမျိုးသမီးတဦး၏ပုံကို ဖေါ်ပြထားပြီး ဖမ်းဆီးရမိရေး ကူညီပေးရန် ဆေးရုံမှ ကြေညာချက်ထုတ်ထားကြောင်း ဂျာနယ်က ရေးသားသည်။

ပုဂ္ဂလိကဆေးရုံများတွင် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားသော်လည်း တဦးချင်း စိစစ်ရန် ခက်ခဲသည်ဟုလည်း
ဆေးရုံ၏ လုံခြုံရေးဝန်ထမ်း တဦးကို ကိုးကားကာ ဂျာနယ်က ရေးသားထားသည်။

ခါးပိုက်နှိုက်များသည် ဆေးကုသမှု လာရောက်ခံယူသူများကဲ့သို့ ဟန်ဆောင်ကာ ဆေးရုံဝင်းအတွင်း ဝင်ရောက်ပြီး လူနာနှင့် လူနာရှင်များကို ခါးပိုက်နှိုက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

No comments:

Post a Comment