Saturday, July 23, 2011

ပဲခူးမြို့ ရေကြီး

ပဲခူးမြို့မှာ မနေ့ကစပြီး ရေစကြီးတယ်။ မိုးရွာသွန်မှုများတာကြောင့်ရယ်။ ဇောင်းတူဆည်ရေ ဖောက်ချတာတွေကြောင့် ပဲခူးမြို့ အနောက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းရပ်ကွက်တွေ ရေမြုပ်ကုန်ပါတယ်။ ရေကြီးလာတဲ့ အတွက် နေထိုင်စရာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအနေနဲ့ တာဘောင်တွေပေါ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပါတယ်။ ရေဘေး ဒုက္ခသည် ပြည်သူတွေအတွက် ပရဟိတ ဆရာတော် ဦးကိတ္တိ ဦးဆောင်ပြီး ထမင်းထုပ်ဝေပေးလျက်ရှိပါတယ်။ ယခုချိန်အထိ တိုးလာတဲ့ ရေဟာ မကျသေးဘဲ ထပ်မံ တိုးလျက်ရှိပါတယ်။

နေ့သစ် သတင်းဌာန

No comments:

Post a Comment