Monday, August 8, 2011

သစ်ပုပ်မျိုးဆက်

FROM မိုးမခ

သစ်ပုပ်မျိုးဆက်

ကျော်သူ

သြဂုတ် ၈၊ ၂၀၁၁


တခါတုန်းက အမိတက္ကသိုလ်မှာ ချစ်သူရယ်၊ သူငယ်ချင်းတွေရယ်နဲ့ ပျော်ရွှင်ခဲ့တဲ့ ငြိမ်းချမ်းခဲ့တဲ့ ကမ္ဘာလေးတခုမှာ ကြီးပြင်းလာခဲ့ရတယ်။


ယခု အမိတက္ကသိုလ်ရဲ့ ရင်ခွင်ထဲကို ချစ်သူရယ်၊ သူငယ်ချင်းတွေရယ် မပါဘဲ အထီးကျန် ပြန်ရောက်ခဲ့ရတယ်။



ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသူ တဦးရဲ့ နောက်ဆုံးခရီးလမ်းတခုအတွက် ရောက်ခဲ့ရတာပါ။ အဲဒီ … အဲဒီအချိန်မှာ အမိကျောင်းတော်ကြီးအတွင်း အလွမ်းပြေ အမောပြေ လှည့်လည်ကြည့်ရှု ခံစားမိခဲ့စဉ် “သစ်ပုပ်မျိုးဆက်” ဟူသော စကားတခွန်း ရင်ထဲရောက်လာမိတော့တယ်။


သစ်ပုပ်မျိုးဆက်

ကျောင်းတော်ကြီးရဲ့ ကော်ရီဒါလမ်း

ဖုန်တလောင်းလောင်း ထနေဆဲ။

ကျောင်းတော်ကြီးရဲ့ သံတံခါး

တွန့်လိမ် ကောက်ကွေး ပိတ်မရဆဲ။

ကျောင်းတော်ကြီးရဲ့ အမိုးသံပြား

နေမလုံ ရေမလုံ လွင့်ပျံနေဆဲ။

ကျောင်းတော်ကြီးရဲ့ နာကျည်းမှုဒဏ်ရာများ

အော်ဟစ် ပေါက်ကွဲ ဖော်ထုတ်နေဆဲ။

ကျောင်းတော်ကြီးရဲ့ အထင်ကရ သစ်ပုပ်အိုကြီး

အရိုးအပြိုင်းပြိုင်းနဲ့ လက်သီးလက်မောင်း ထောင်ပြနေဆဲ။

ကျောင်းတော်ကြီးရဲ့ သစ်ပုပ်ပင်အောက်

သစ်ပုပ်မျိုးဆက်သစ်များ မာန်ကြွမာန်ထ ကုန်းရုန်းထနေဆဲပါလား။ ။

ကျော်သူ



No comments:

Post a Comment