Sunday, July 31, 2011

မလေးရှားပွဲစားက ရိုက်နှက်လို့ မြန်မာအမျိုးသမီး ၄ ဦး ထွက်ပြေးနေရ

FROM VOA(လွတ်လပ်တဲ့အာရှအသံ)

မလေးရှားနိုင်ငံ မလက္ကာမြို့က TJR လေအေးစက် အပိုပစ္စည်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးဟာ အလုပ်ပွဲစားက မတရား ပြင်းပြင်းထန်ထန် ရိုက်နှက်တဲ့အတွက် နောက်ထပ် နှိပ်စက်မှုကနေ လွတ်မြောက်အောင် ထွက်ပြေး ပုန်းရှောင်နေကြရတယ်လို့ သိရပါတယ်။

AFP

မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသော အင်ဒိုနီးရှား အမျိုးသမီးများ အလုပ်နားချိန်အတွင်း အဆောင်တွင် အိပ်စက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

လောလောဆယ် ဒီအမျိုးသမီး ၂ ဦးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ အခြေစိုက် လူ့အခွင့်အရေး ရှေ့နေတွေက ကာကွယ်စောင့်ရှောက်ထား ပြီး အဲဒီ ရှေ့နေတွေကပဲ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ အကူအညီ ပေးနေသူ မြန်မာနိုင်ငံသား တဦးက ပြောပါတယ်။

ဒီ မြန်မာအမျိုးသမီး ၂ ဦးဟာ မလေးရှားနိုင်ငံမှာ တရားဝင် နိုင်ငံကူး လက်မှတ်နဲ့ အဲဒီစက်ရုံမှာ အလုပ်လုပ်နေတာ ၂ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က သူတို့ရဲ့ အလုပ်ပွဲစား တရုတ်လူမျိုး Mr. Yeo ဆိုသူက အလုပ်ပြောင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ပြောင်းခိုင်းတဲ့အလုပ်ဟာ သူတို့ မလုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်တဲ့အတွက် မလုပ်လိုကြောင်း ငြင်းဆန်ရာမှာ ပွဲစားက တပည့်တွေ ခေါ်လာပြီး အမျိုးသမီး ၂ ဦးစလုံးကို ပြင်းပြင်းထန်ထန် ရိုက်နှက်တဲ့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

အတူနေထိုင်သူ နောက်ထပ်အမျိုးသမီး ၂ ဦးကိုလည်း ခြိမ်းခြောက်ထား တဲ့အတွက် ၄ ဦးစလုံး ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ကော့သောင်းမြို့က ဟိုတယ်ကြိုပို့ စက်လှေ နစ်မြုပ် စက်လှေမာင်းသူ ထိုင်းလူမျိုးတဦး သေဆုံး

FROM DVB NEWS

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ရေလယ်ကျွန်းမှာ ဇူလိုင် ၂၉ ရက်နေ့ ည ၇ နာရီလောက်မှာ (treasure island resorst) ရတနာကျွန်း ဟိုတယ် ၀န်ထမ်းတွေကို သယ်ဆောင်လာတဲ့ စက်လှေ နစ်မြုပ်ခဲ့တဲ့အတွက် တဦးသေ၊ လေးဦး ဒဏ်ရာရခဲ့ပါတယ်။

ကော့သောင်းမြို့နယ်ပိုင် ရေလယ် ရတနာကျွန်းမှာ ရှိတဲ့ ရတနာကျွန်း ဟိုတယ် ၀န်ထမ်းတွေ စီနင်းလိုက်ပါတဲ့ စက်လှေ ကော့သောင်းမြို့ကေန ကျွန်းကို အသွား နစ်မြုပ်မှု ဖြစ်ပွားခဲ့တာပါ။

လှေနစ်မြုပ်တာဟာ လှိုင်းကြီးတာက တြေကာင်း၊ လှေက တဖက် စောင်းနေတာကြောင့် လှေထဲရေ၀င်ပြီး နစ်မြုပ်တာလို့ လှေပ်ါလိုက်ပါခဲ့တဲ့ ၀န်ထမ်းတဦးက ပြောပါတယ်။

“လှေက တြခမ်းစောင်းပြီး မြုပ်သွားတာ။ ထိုင်နေရင်းနဲ့ ၀န်းထမ်းတွေက အောက်ကို ပြုတ်ကျကုန်တာ။ ပြန်တက်လို့ရမယ်ထင်လို့ ပြန်တက်တာ မရဘူး။ ရေက တြဖည်းဖြည်း​ ၀င်လာတယ်။ တံခါးပေါက်က နှစ်ပေါက်ရှိတယ်။ တေပါက်က ဖွင့်ထားတယ်။ ပိတ်ထားတဲ့ တေပါက်က မြုပ်ပြီး ကျတယ်။ ဖွင့်ထားတဲ့တေပါက်က ပေါ်နေတယ်။ သမီးက အောက်ကို ပြုတ်ကျေတာ့ တခါးပေါက်နဲ့ထိပြီး နောက်ကျောနာသွားတယ်။ သမီးတို့ကို လာကယ်တဲ့အချိန်မှာ လှေက မြုပ်တော့မယ်။ ရေက တ၀က်လောက် ရောက်နြေပီ။ လာကယ်တဲ့ လှေက ငါးဖမ်းတဲ့လှေလား မသိဘူး။ အဲဒီလှေလာပြီးမှ ကျွန်းက လှေ လာတယ်။”

အဲဒီစက်လှေဟာ ရတနာကျွန်းဟိုတယ်ပိုင် ဖြစ်ပြီး ထိုင်းလူမျိုးတဦး မောင်းနှင်တာလို့ သူက ပြောပါတယ်။ ကော့သောင်းမြို့မှာ ရှိတဲ့ ညပိုင်း တာဝန်ကျတဲ့ မြန်မာဝန်းထမ်း ၂၀ ကျော်ကို လာခေါ်ပြီး အြပန်မှာ အခုလို နစ်မြုပ်တာ ဖြစ်ပါတယ်။

လှေနစ်ချိန် လှေပါ် အမျိုးသမီး ၀န်ထမ်းအများစု ပါရှိပြီး အနီးနားရှိ တငါလှေ တစီး ရောက်ရှိ ကယ်တင်မှုကြောင့် တချို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ လှိုင်းကြီးလို့ လှေနစ်ချိန် ၀န်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာရြပီး ကော့သောင်းဆေးရုံကို ပို့ဆောင် ကုသထားပါတယ်။

စက်လှေမာင်းသူ ထိုင်းအမျိုးသားကေတာ့ သွေတိုးရောဂါရှိသူမို့ အခင်းဖြစ်မှုအတွင်း ထိတ်လန့်ပြီး ရေနာင်းဆေးရုံကို ပို့ဆောင်ကုသေပမယ့် သေဆုံးသွားတယ်လို့ ကော့သောင်းမြို့ခံတဦးက ပြောပြပါတယ်။

“ပဲ့နင်းတေယာက်က လွဲပြီး ကျန်တဲ့သူတွေ အကုန်လုံး ပြန်ရတယ်။ ပဲ့နင်းတေယာက်ကကျေတာ့ အခင်းဖြစ်တဲ့အချိန်တုန်းက အြေခအေန သိပ်မဟန်ဘူး။ သူက သွေးတိုးရောဂါရှိတော့ နည်းနည်းရှော့ ဖြစ်သွားတဲ့ ပုံစံ ဖြစ်တာပေါ့။”

ကော့သောင်း ပြည်သူ့ဆေးရုံက ကုသေနရတဲ့ လူနာအြေခအေနကို သိနိုင်ဖို့ ကော့သောင်းဆေးရုံကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေဆိုခြင်း မရှိပါဘူး။

ရတနာကျွန်းဟိုတယ်ဟာ ထိုင်းနိုင်ငံသားတဦးပိုင်တဲ့ ဟိုတယ်ဖြစ်ပြီး ကော့သောင်းနဲ့ ထိုင်းနိုင်ငံ ရေနာင်းမြို့ကြား မြန်မာပိုင် ရေလယ်ကျွန်းမှာ တည်ရှိပါတယ်။

ရတနာကျွန်းကို မြန်မာအစိုးရက ထိုင်းလုပ်ငန်းရှင်တဦးကို နှစ် ၃၀ စာချုပ်နဲ့ ငှားရန်းထားတာပါ။ အဲဒီ ရတနာကျွန်းဟိုတယ်ဟာ ကြယ်သုံးပွင့်အဆင့် ဟိုတယ်ဖြစ်ပြီး ကာစီနိုနဲ့ လောင်ကစား လုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်တဲ့ ဟိုတယ် ဖြစ်တယ်လို့ ကော့သောင်းမြို့ခံက ပြောပြပါတယ်။

နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲရန် IMF ကို မြန်မာ ဆက်သွယ်ဆောက်ရွက်နေ

FROM DVB NEWS

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ပြင်ဆင်သတ်မှတ်ဖို့ အြပည်ပြည်ဆိုင်ရာ ငွေကြးရန်ပုံငွေအဖွဲ့ (IMF)နဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ မြန်မာဗဟိုဘဏ် ထိပ်တန်းအရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်း ဂျာနယ်တေစာင်မှာ ဖော်ပြထားပါတယ်။

မြန်မာကျပ်ငွေနဲ့ အေမရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ပြုပြင်ပြောင်းလဲဖို့ IMF ကို ဆက်သွယ်ထားတဲ့အြေကာင်း၊ အကူအညီ လှမ်းတောင်းတာ မဟုတ်ဘဲ မြန်မာနိုင်ငံဟာ အိုင်အမ်အက်ဖ် အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်တဲ့အေလျာက် ငွေလဲနှုန်းတွေ ပြင်ဖို့ ဆက်သွယ်ထားတာ ဖြစ်တယ်လို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးမာင်မောင်ဝင်းက The Voice ဂျာနယ်ကို ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အလားတူ ဘဏ္ဍာအခွန်ဝန်ကြီး ဦးလှထွန်းကလည်း မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြး ဈေးကွက် စနစ်တကျ ဖြစ်ပေါ်ရေးနဲ့ ငွေလဲနှုန်း တရားဝင် သတ်မှတ်နိုင်ရေး ဆောင်ရွက်နြေပီလို့ ပြီးခဲ့တဲ့ သီတင်းပတ်က နြေပည်တော်မှာ ကျင်းပခဲ့တဲ့ ဘဏ်ကြီးကြပ်ရေးကော်မတီ အစည်းအေ၀းမှာ ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၅၂ ခုနှစ်ကတည်းက IMF နဲ့ ကမ္ဘာ့ဘဏ်အဖွဲ့ဝင် ဖြစ်ခဲ့ပေမယ့် ၁၉၈၇ ခုနှစ်ကတည်းက ဘဏ္ဍာရေး အကူအညီ အေထာက်အပံ့တွေ ရပ်ဆိုင်းခံထားရတာ ဖြစ်ပါတယ်။ မြန်မာရဲ့ ကမ်းလှမ်းချက်ကို IMF က ဘယ်လို တုံ့ပြန်မယ်ဆိုတာကေတာ့ မသိရေသးပါဘူး။

မြန်မာနိုင်ငံမှာ ကျပ်ငွေနဲ့  အေမရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ၁၉ရ၅ ခုနှစ်လောက် ကတည်းက လက်ရှိ အချိန်ထိ တေဒ်ါလာကို မြန်မာငွေ ၆ ကျပ်နဲ့ အစိုးရက သတ်မှတ်ထားတာပါ။ ပြင်ပေမှာင်ခိုဈေးကွက်မှာတော့ လက်ရှိပေါက်ဈေး အေမရိကန် တေဒ်ါလာ မြန်မာငွေ ၇၈၀ ကျပ် ၀န်းကျင် ရှိနေပါတယ်။

ခုလိုကွာဟချက် ကြီးကြီးမားမား ရှိနေတဲ့ ငွေလဲလှယ်နှုန်းထားတွေကို အစိုးရအေနနဲ့ တရားဝင်နှုန်း တခုအြဖစ် သတ်မှတ်နိုင်မယ်ဆိုရင် မြန်မာ စီးပွားရေး လုပ်ငန်းရှင်အတွက် ပိုလို့အကျိုးရှိစေမှာ ဖြစ်တယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် အြငိမ်းစားပါမောက္ခ ဦးမော်သန်းက ဒီဗွီဘီကို ပြောပါတယ်။

“စီးပွားရေး လုပ်ငန်း လုပ်ကိုင်တဲ့ ပုဂ္ဂိုလ်တွေ အတွက် ကောင်းတာပေါ့လေ။ စီမံကိန်းတွေ ဘာတွေ စွဲတဲ့အခါကျေတာ့ ကိုယ့်ငွေကြးက ဘယ်နှုန်းနဲ့ ရှိတယ်ဆိုတာ သူ့ရဲ့ အစီအစဉ်တွေကို ကြိုတင်ပြီးတော့ စီစဉ်လို့ရတာပေါ့။ နှုန်း သတ်သတ်မှတ်မှတ် ရှိတယ်ဆိုတော့။ ရှေ့ကြိုပြီးတော့ အစီအစဉ် ချတဲ့အခါကျေတာ့ ကိုယ်ရမယ့်ငွေကေတာ့ export လုပ်တဲ့အခါကျရင် ကိုယ့် earning (ပို့​ကုန်​မှ​ရ​ငွေ)​ အတွက် ပိုက်ဆံက ဘယ်လောက်ရမယ်ဆိုတာ တွက်လို့ရတာပေါ့။ ထို့နည်းအတူပဲ သွင်းကုန်လုပ်ငန်း လုပ်တယ်ဆိုရင်လည်း သွင်းကုန်အတွက် ဗမာကျပ်ငွေနဲ့ ဘယ်လောက်ကျမှာလဲ ဆိုပြီး နီးနီးစပ်စပ် တွက်လို့ရတာပေါ့။ သို့သော်လည်းပဲ အေရးကြီးတာက နှုန်း သတ်မှတ်လိုက်တဲ့ အခါကျရင် အဲဒီနှုန်းကို ထိန်းထားနိုင်ဖို့က အေရးကြီးပါတယ်။ နှုန်းဆိုတာ ဘယ်လောက်ပဲ အစိုးရ သတ်မှတ်သတ်မှတ် အြပင်မှာ ရှိတဲ့ ရောင်းလိုအား ၀ယ်လိုအားနဲ့ နှုန်းက အြမဲတမ်း အတက်အကျ ဖြစ်နေမှာ။”

ဒါပေမယ့် ဒီလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ သီးသန့် ရန်ပုံငွေ အင်းအားတောင့်တင်း ခိုင်မာမှုရှိဖို့၊ နိုင်ငံခြားငွေ လွတ်လပ်စွာ ကိုင်ဆောင်ခွင့်ပေးဖို့၊ ဘဏ်လုပ်ငန်းနဲ့ တြခားဘဏ္ဍာရေးဆိုင်ရာ ဥပေဒေတွ ပြဌာန်းဖို့နဲ့ FEC သုံးစွဲမှု စနစ်ဖျက်သိမ်းဖို့ စတဲ့ ဆောင်ရွက်စရာတွေ အြေမာက်အများ ရှိနေတဲ့အတွက် အချိန်ယူရဦးမှာ ဖြစ်တယ်လို့လည်း အြငိမ်းစားပါမောက္ခ ဦးမော်သန်းက ပြောကြားပါတယ်။

နိုင်ငံရေးအကျဉ်းသား အမြန်ဆုံးလွှတ်ရန် ဘန်ကီမွန်း တိုက်ရိုက်ဖုန်းဆက် တောင်းဆို

FROM DVB NEWS

မြန်မာနိုင်ငံထဲ အကျဉ်းထောင်တွေထဲမှာ မလွတ်မြောက်သေးဘဲ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို အြမန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏေမာင်လွင်ကို တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်ပြောကြားပြီး ထပ်မံ တောင်းဆိုခဲ့တယ်လို့  ကုလသမဂ္ဂက သတင်းထုတ်ပြန် လိုက်ပါတယ်။

မြန်မာ့ဒီမိုကေရစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့​​ တွေ့​ဆုံမှုအေပါ် ကြိုဆိုလိုက်ပြီးနောက် ရက်ပိုင်းအတွင်း မစ္စတာဘန်ကီမွန်းက ခုလို တယ်လီဖုန်းဆက်ပြီး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။


နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးတာဟာ မြန်မာအစိုးရ လုပ်ဆောင်နိုင်တဲ့ တခုတည်းသော အေရးအြကီးဆုံး အလုပ်ဖြစ်တယ် ဒါကိုမြန်မာအစိုးရက လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအ၀န်းက မျှော်လင့်နေတာ ဖြစ်တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောတဲ့အြေကာင်း ကုလသမဂ္ဂ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားရာမှာ မြန်မာအစိုးရအဖွဲ့သစ် ကြေညာထားတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို သူ့ အေနနဲ့ လူသိရှင်ကြား ကြိုဆိုတဲ့တယ်လို့ အတွင်းရေးမှူးချုပ်က အေလးထား ပြောကြားခဲ့ကြောင်း ဘန်ကီမွန်းရဲ့  ပြောခွင့်ရသူက ပြောပါတယ်။

မြန်မာအစိုးရဟာ ခုဆိုရင် အေကာင်အထည် ပြနိုင်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်နြေပီး နိုင်ငံကို ငြိမ်းချမ်းတဲ့၊ ဒီမိုကေရစီကျတဲ့၊ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်အောင် ရှေ့ခရီးဆက် လှမ်းနိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း အတွင်းရေးမှူးချုပ်က ဆိုပါတယ်။

ဒါ့အြပင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ အစိုးရတပ်တွေ အြကား လတ်တေလာ ဖြစ်ပွားနေတဲ့ အြကမ်းဖက် တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေကြာင့် အရပ်သားတွေ ထိခိုက်မှုကို စိုးရိမ်ပူပန်ကြောင်းနဲ့ အစိုးရအေနနဲ့ အြေခအေနကို ငြိမ်းချမ်စွာဖြေရှင်းဖို့ လိုတယ်လို့ လည်း မစ္စတာဘန်ကီမွန်းက ဦးဝဏ္ဏေမာင်လွင်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဘန်ကီမွန်းရဲ့ ပြောဆို တိုက်တွန်းချက်တွေကို မြန်မာဝန်ကြီးက ဘယ်လို တုံ့ပြန်ပြောဆိုခဲ့တယ် ဆိုတာတော့ မသိရေသးပါဘူး။ မြန်မာနိုင်ငံတွင်းက အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း နှစ်ထောင်ကျော် ရှိတယ်လို့ လူ့အခွင့်အေရးအဖွဲ့တွေက ယုံကြည်ထားပေမယ့် မြန်မာ အစိုးရ အဆက်ဆက်ကေတာ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

လစ်ဗျားရုပ်သံကို နေတိုးတပ်များ တိုက်ခိုက်

FROM VOA NEWS

လစ်ဗျားနိုင်ငံမြို့တော် ထရစ်ပိုလီမှာရှိတဲ့ ဂြိုလ်တုစလောင်း ၃ ခုကို ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ နေတိုး ခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ကပြောပါတယ်။ လစ်ဗျားခေါင်းဆောင် မိုမာဂဒါဖီအနေနဲ့ ရုပ်မြင်သံကြားကို အသုံးပြုပြီး ပြည်သူလူထုကို ခြိမ်းခြောက်မှုမလုပ်နိုင်အောင် မြို့တော် ထရစ်ပိုလီမှာရှိတဲ့ ဂြိုလ်တုစလောင်း ၃ ခုကို ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ နေတိုးအဖွဲ့က ပြောဆိုပါတယ်။

မြေကြီးပေါ်မှာ စိုက်ထူထားတဲ့ ဂြိုလ်တုစလောင်းတွေကို သုံးလို့မရတော့အောင် တိုက်လေယာဉ်တွေက လေကြောင်းကနေ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း နေတိုးအဖွဲ့က စနေနေ့မှာ ပြောလိုက်တာပါ။ ဒါဟာ လိုအပ်ချက်ကြောင့် လုပ်ရတာဖြစ်တယ်၊ မစ္စတာ ဂဒါဖီက ရုပ်သံထုတ်လွှင့်မှုကို အသုံးချပြီး လစ်ဗျားလူထုကို သူ့ကိုဆန့်ကျင်ဖို့လှုံ့ဆော်နေသူတွေကို ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ ဆိုပြီး ညွှန့်ပေါင်းအဖွဲ့ရဲ့ ပြောခွင့်ရသူ ကာနယ် ရိုလန်လပ်ဖ်ဗွိုင်း (Roland Lavoie) က ပြောပါတယ်။

ရိုက်တာသတင်းဌာနကတော့ အခုတိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက် လစ်ဗျားနိုင်ငံပိုင် ရုပ်သံဌာနက ဆက်ပြီးတော့ လွှင့်နေဆဲပဲလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့မတ်လကစပြီး နေတိုးအဖွဲ့က လစ်ဗျားကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

အရှေ့အာရှဒေသမှာ အပူပိုင်းမုန်တိုင်းတိုက်

င်္FROM VOA NEWS

ဖိလစ်ပိုင်နိုင်ငံမှာ လူ့အသက်ဆုံးရှုံးမှုတွေ၊ အပျက်အစီးတွေဖြစ်စေခဲ့တဲ့ အပူပိုင်းမုန်တိုင်းဟာ အခု တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံဘက်တွေကို ဖြတ်သန်းသွားတဲ့အတွက် လူအမြောက်အများ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။

Nock Ten လို့ နံမည်ရတဲ့ အပူပိုင်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းရဲ့ တချို့ဒေသတွေမှာ စနေနေ့အစောပိုင်းက ရေကြီးခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ပြောပါတယ်။ လူပေါင်း ၁၉၀,၀၀၀ နီးပါးလောက် ဘေးလွတ်ရာမှာ ပြောင်းရွှေ့နေကြရတယ်လို့ တရုတ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာလည်း တနာရီမိုင် ၆၀ ကျော်နှုန်း လေပြင်းနဲ့အတူ စနေနေ့မှာ ဝင်ရောက်လာတဲ့ Nock Ten မုန်တိုင်းကြောင့် တချို့ ကမ်းရိုးတမ်းဒေသဘက်မှာ နေကြတဲ့သူတွေကို ဗီယက်နမ် တာဝန်ရှိသူတွေက ဘေးကင်းရာကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ တနင်္ဂနွေနေ့ကျရင် မုန်တိုင်းကြောင့် မိုးပိုရွာပြီး လေပြင်းပိုတိုက်ကာ ရေကြီးမှုတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာလည်း ဝင်ရောက်လာမဲ့ Nock Ten မုန်တိုင်းဒဏ်ခံနိုင်ဖို့ ကြိုတင် ပြင်ဆင်မှုတွေကို တာဝန်ရှိသူတွေက လုပ်နေကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အဓိကကျွန်းကြီးတကျွန်းဖြစ်တဲ့ လူဇုံ (Luzon) ကျွန်းကို ဗုဒ္ဓဟူးနေ့တုန်းက မိုးကြီး လေကြီးနဲ့ Nock Ten မုန်တိုင်းဝင်ခဲ့တာမှာ တနာရီ လေတိုက်နှုန်းမိုင် ၆၀ နှုန်းလောက်နဲ့ အဆက်မပြတ် လေပြင်းတိုက်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း ၄၁ ယောက်ထက်မနည်း သေဆုံးပြီး တော်တော်များများ ပျောက်ဆုံးနေတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

လာအိုဘာသာစကားအရ ငှက်လို့ အဓိပ္ပါယ်ရတဲ့ Nock Ten မုန်တိုင်းဟာ ပစိဖိတ်သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေကို ဒီနှစ်ထဲ ဝင်ရောက်တိုက်တဲ့ ဆယ်ခုမြောက်မုန်တိုင်းဖြစ်ပါတယ်။

အာရှက နောက်ထပ် သဘာဝဘေးဒဏ်သတင်းကတော့ အင်ဒိုနီးရှားနိုင်ငံ တောင်ဆူမားထရားပြည်နယ်မှာ မြေပြိုမှုတခုကြောင့် ကလေးငယ် လေးယောက်ထက်မနည်း သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရခဲ့ပါတယ်။

Kemahan Lama ရွာမှာ သည်းထန်စွာရွာတဲ့ မိုးဒဏ်ကြောင့် မြေပြိုကျတဲ့အတွက် တောင်စောင်းအောက်မှာ ကစားနေကြတဲ့ကလေးတွေ မြေကြီးအောက်ရောက်ပြီး သေဆုံးခဲ့ကြရတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၇ နှစ်ကနေ ၁၀ နှစ်ကြား ကလေးတွေ သေဆုံးခဲ့တာဖြစ်ပါတယ်။ ကျောက်တုံး ကျောက်ခဲတွေ ရွှံ့မြေတွေအောက်မှာ ပိတ်မိနေနိုင်တဲ့ တခြားသူတွေကို ကယ်ဆယ်ဖို့ ရွာသားတွေဟာ ရွှံ့မြေပုံတွေကို ကြိုးစား တူးနေကြပါတယ်။ အင်ဒိုနီးရှားမှာ အဆက်မပြတ်မိုးရွာမှုကြောင့် ရုတ်တရက် ရေကြီးမှု၊ မြေပြိုမှုပေါင်းများစွာ နှစ်စဉ်ဖြစ်လေ့ရှိပါတယ်။

အစိုးရတပ်များ ရှမ်းဌာနချုပ်က ဆုတ်ခွာ

FROM VOA NEWS

၁၈ ရက်ကြာ မြန်မာစစ်တပ်တွေဟာ တပ်အင်အားအလုံးအရင်းနဲ့ ၀ိုင်းပတ်ပိတ်ဆို့ထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ၀မ်ဟိုင်းဌာနချုပ်စခန်းကနေ တချို့တ၀က် ပြန်လည် ရုတ်သိမ်းသွားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာစစ်တပ်က အခုလို တပ်တွေ ရုတ်သိမ်းသွားတဲ့အတွက် စစ်ဘေးကနေတိမ်းရှောင်နေတဲ့ ရွာသားတချို့ဟာ ရွာထဲကို ပြန်လည် ၀င်ရောက်နေပြီလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အခြေအနေတွေဟာ စောင့်ကြည့်ရမယ့် အနေအထားမှာပဲ ရှိနေသေးတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ရှမ်းပြည်နယ်က အခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်းမှာရှိတဲ့ ၀မ်ဟိုင်းဌာနချုပ်ကို ၀ိုင်းပတ်ပိတ်ဆို့ထားတဲ့ မြန်မာစစ်တပ်တော်တော်များများဟာ ဇူလိုင် ၂၉ ရက်နေ့ကနေစပြီးတော့ ပြန်လည်ရုတ်သိမ်းသွားပြီလို့ ရှမ်းပြည်တိုးတက်ရေးပါတီ ဘက်ကနေ အတည်ပြု ပြောဆိုခဲ့ပါတယ်။ အခုလို တပ်ရုတ်သိမ်းသွားတာဟာ ထူးခြားမှုရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက အခုလိုပြောပါတယ်။

“အခုကျနော်တို့ ၀မ်ဟိုင်းဌာနချုပ်ဝန်းကျင်မှာ တပ်ရင်း ၆ ရင်း ၇ ရင်းလောက်ပဲ ကျန်တော့တယ်။ အဲဒီအလုံးအရင်းနဲ့လာတဲ့တပ်တွေ သူတို့ ပြန်ရုတ်သိမ်းသွားတယ်။ ၀မ့်မိန်မှာတော့ ကျန်သေးတယ်။ ဆုတ်တာနည်းနည်း အပြင်ဘက်ကျတဲ့နေရာပေါ့။ အတွင်းပိုင်းတော့ နည်းနည်းရှိသေးတယ်။ တခြားတပ်တွေအစားထိုးတာဆိုရင် အဲဒီတပ်တွေရောက်မှ ရုတ်မယ်လေ။ အခုဟာက အရင်ရုတ်သိမ်းသွားတယ် ဆိုတော့ တမျိုးတော့ ထူးခြားတာပေါ့။”

ဝမ်ဟိုင်းဌာနချုပ်ကို မြန်မာစစ်တပ်က တပ်ရင်း ၂၀ လောက် ၀ိုင်းပတ် ပိတ်ဆို့ထားရာကနေ အခုလို တပ်တွေ ရုတ်သိမ်းသွားခဲ့ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေအနေနဲ့ကတော့ အခုလို တပ်ရုတ်သိမ်းသွားတဲ့အပေါ် ထင်မြင်ချက်သဘောထားကို ဗိုလ်မှူးစိုင်းလှကနေ အခုလို ပြောဆိုပါတယ်။

“သူတို့က အပစ်ရပ်စဲချင်လို့လား။ နည်းဗျူဟာပြောင်းဖို့လား။ တပ်မတွေနဲ့ အစားထိုးဖို့လား။ အဲဒါ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့ နည်းနည်းတော့ စောင့်ကြည့်ရဦးမယ်။”

ဆုတ်ခွာသွားတဲ့ မြန်စစ်တပ်နောက်ကို ရှမ်းပြည်တိုးတက်ရေးပါတီတပ်တွေကနေ လိုက်လံတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၀မ်ဟိုင်းဌာနချုပ်စခန်းသိမ်းတိုက်ပွဲဟာ ရက်သီတင်းပတ် နှစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီး ဒီတိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးမှုကိုတော့ ဗိုလ်မှူးစိုင်းလှက အခုလိုပြောပါတယ်။

“သူတို့ဘက်က ဒဏ်ရာရတာ ၁၅၀ ၀န်းကျင်လောက် ရှိမယ်။ ကျနော်တို့ဘက်က ၁၀ လောက်ပေါ့။”

အခုဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုစာရင်းကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ မြန်မာစစ်တပ်ကနေ တပ်တွေရုတ်သိမ်းသွားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံရွာသားတချို့ ဟာလည်း ရွာထဲပြန်ဝင်လာတယ်လို့ ဗိုလ်မှူးစိုင်းလှကပြောပါတယ်။

“ဒေသခံပြည်သူ တချို့တော့ ရွာထဲပြန်ဝင်လာကြပြီခင်ဗျ။ အားလုံးတော့ မလာသေးဘူး။ တချို့လဲ နည်းနည်းဝေးတာကို ထွက်သွားတာ။ အနီးနားပတ်ဝန်းကျင်က တချို့တော့ နည်းနည်း ပြန်ဝင်လာတယ်။”

၁၈ ရက်လောက် ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ တိုက်ပွဲတွေကြောင့် ၀မ်ဟိုင်းဒေသနဲ့ ဆက်စပ်ရာဒေသတွေက ထောင်နဲ့ချီတဲ့ရွာသားတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရသလို ကျောင်းသား ၁ ထောင်ကျော်ဟာလဲ ကျောင်းတွေပိတ်ထားရတဲ့အတွက် စာသင်ကြားခွင့်ကင်းမဲ့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေခဲ့တာ ပိုပြီးများလာပါတယ်။ အခုဆိုရင် အပစ်အခတ်ရပ်စဲထားတဲ့ ကေအိုင်အို ခေါ် ကချင် လွတ်လပ်ရေးအဖွဲ့အပေါ်မှာရော၊ ရှမ်းပြည်တိုးတက်ရေးပါတီအပေါ်မှာပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ်မှာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကနေ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဇူလိုင် ၂၈ ရက်နေ့မှာ အိပ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါတယ်။ အခုလို ဒေါ်အောင်းဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလဲ ထောက်ခံကြိုဆိုနေတယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

SSA ဌာနချုပ်ကို ဝိုင်းထားတဲ့ အစိုးရ တပ်တချို့ ဆုတ်သွား

SSA တပ်သားတဦး

ရှမ်းပြည်နယ်မှာ ရှမ်းပြည် တိုးတက်ရေး ပါတီရဲ့ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ မြန်မာအစိုးရကြား လေးလကြာတိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အခုနောက်ဆုံး SSA ရဲ့ ဝမ်းဟိုင်းဌာနချုပ်ကို ဝိုင်းထားတဲ့ အစိုးရ တပ်ရင်း ၁၄ ရင်းအနက် ၇ ရင်းလောက် ရုတ်သွားပြီလို့ SSPP ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှုး စိုင်းလက ပြောပါတယ်။

အဲဒီတပ်တွေဟာ လွန်ခဲ့တဲ့ ၁၀ရက်လောက်က တပ်ချနေရာယူထားခဲ့တဲ့နေရာတွေကနေ ရုတ်သွားတာလို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို ကျေးသီးမြို့နယ်မှာ အခြေချပြီး ကွပ်ကဲနေတဲ့ ဗျူဟာမှုးလည်း တိုင်းဌာနချုပ်ကို ပြန်သွားပြီလို့ ကြားရကြောင်း ဗိုလ်မှုးစိုင်းလက ပြောပါတယ်။

ဒီလို အစိုးရတပ်တချို့ ရုတ်သိမ်းခဲ့တာဟာ နိုင်ငံတကာဖိအားပေးမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိအားပေးမှုနဲ့ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၅ ခုရဲ့ ငြိမ်းချမ်းရေးကော်မရှင်ဖွဲ့ လုပ်ဆောင်ဖို့ ပြောဆို တိုက်တွန်းမှုကြောင့် ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက အစိုးရဘက်က သံဃာတော် ၂ပါးကိုစေလွှတ်ပြီး ငြိမ်းချမ်းရေးကမ်းလှမ်းလာခဲ့တာနဲ့ပတ်သက်လို့တော့ နောက်ထပ် ဆက်သွယ်ပြောဆိုမှုတွေ မရှိဘူးလို့ ဆိုပါတယ်။

သူတို့အနေနဲ့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းလိုတဲ့ဆန္ဒ အမြဲရှိနေတာပါလို့ SSPP ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှုး စိုင်းလက ပြောပါတယ်။

ပြည်သူတွေအတွက် ဖြုတ်တာမဟုတ်

FROM BBC NEWS
မကြာခင်က ထွက်ပေါ်ခဲ့တဲ့ မြန်မာစစ်တပ်က ဗိုလ်ချုပ်ကြီးတွေ ဖြုတ်ထုတ် ခံရတာဟာ ပြည်သူအတွက်၊ တိုင်းပြည်အကျိုး လုပ်တာမျိုး မဟုတ်ဘဲ အချင်းချင်း အကျိုး စီးပွား၊ လုကြ ပြိုင်ကြရတာက ဖြစ်ကုန်တာလို့ စစ်ရေးအကဲခတ် တဦးက သုံးသပ်ပါတယ်။
thein sein
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာလည်း ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ပါတယ်။

စစ်တပ်တွင်း စစ်တိုင်းမှူးတွေနဲ့ စစ်တိုင်းမှူးထက် ကြီးတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူးတွေကြား အကျိုးစီးပွား ပြိုင်ရာကနေ အပေးအယူ မမျှ ဖြစ်ကုန်ပြီး စစ်ဗိုလ်ချုပ် တချို့ တာဝန်ကနေ အနားပေး ခံရတာလို့ တရုတ်-မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ဘီဘီစီကို ပြောပါတယ်။

မကြာခင်ရက်ပိုင်းကပဲ ရန်ကုန်စစ်တိုင်းမှူး ဖြစ်တဲ့ ဗိုလ်မှူးချုပ် ထွန်းသန်းနဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ အပါအဝင် စစ်ဗိုလ်ချုပ်ကြီး တချို့ ဖြုတ်ထုတ် ခံခဲ့ရတယ်လို့ သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ကို အခုရက်ပိုင်းမှာ ထွက်လာခဲ့ပါတယ်။

လက်ရှိ အစိုးရ၊ အစိုးရရဲ့ ပါတီ ကြံ့ခိုင်ရေးနဲ့ စစ်တပ်တို့မှာ တာဝန် ထမ်းဆောင်သူတွေဟာ အရင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကွက်ချ တာဝန်ပေးထားသူ တွေဖြစ်ပြီး သူတို့ချင်းကြားမှာလည်း ဆုံးဖြတ်ချက်မတူညီကြဘူးလို့ သူက သုံးသပ်ပါတယ်။
than shwe

နိုင်ငံရေး ကျားကွက်ရွှေ့သူလို့ သတ်မှတ်ခံရသူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဦးရွှေမန်းကို လွှတ်တော်မှာ တာဝန်ပေးတယ်၊ ဦးတင်အောင်မြင့်ဦးကို အစိုးရအဖွဲ့တွင်း ထည့်တယ်၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေး ဦးစီးချုပ် တာဝန် ပေးတယ်၊ ဦးကျော်ဆန်း၊ ဦးအောင်သောင်းနဲ့ ဦးဌေးဦးတို့ကို ကြံ့ခိုင်ရေး ပါတီကို ဦးဆောင် စေတာတွေဟာ ဦးသန်းရွှေရဲ့ ကျားကွက်ရွှေ့ ထားတာတွေ ဖြစ်ပြီး မနိုင်တဲ့ အခါဆိုရင်တော့ ပွဲကြီးပွဲကောင်း ဖြစ်မယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

KIA ကချင်လွတ်လပ်ရေးတပ်ကို နှိမ်နင်းဖို့နဲ့ ဒီအတိုင်း ထားဖို့ ကိစ္စမှာလည်း အစိုးရနဲ့ တပ်နဲ့ သဘောကွဲနေပြီး၊ အခုစစ်တပ်ဟာ မြန်မာစစ်တပ် သမိုင်းမှာ အစုတ်ချာဆုံး စစ်တပ် ဖြစ်နေတယ်လို့ တရုတ်-မြန်မာ နယ်စပ်က စစ်ရေး ကျွမ်းကျင်သူက သုံးသပ်ပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်မှာလည်း အရန်တပ်တွေ ထားရတယ်၊ ရှေ့တန်းပို့ဖို့ တပ်က မရှိတော့ဘူး၊ တရုတ်ကြောင့် မတိုက်တာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ မဟုတ်တဲ့ ထူးခြားချက်ကလည်း ဗိုလ်ချုပ်ကြီးတွေက အာဏာရှိစဉ်မှာ လူထုနဲ့ ငယ်သားကို အနိုင်ကျင့်သလောက် အငြိမ်းစားပေးလို့ အရေးယူ ခံရတဲ့အခါ ရှိတာလေး ပိုက်လို့ ကြီးပွားရေး ပြန်လုပ်ကြတယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်း မွေးတဲ့ စစ်တပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အလားတူ ဆက်မွေးထားခဲ့ပြီး မြန်မာ စစ်တပ်ဟာ တကယ်တမ်း ပြောရရင်တော့ မျိုးချစ် စိတ် လုံးဝ မရှိတဲ့ စစ်တပ်လို့ စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ဘီဘီစီကို ပြောပါတယ်။

အစိုးရတပ်များ ရှမ်းဌာနချုပ်က ဆုတ်ခွာ

By နိုင်ကွန်းအိန်(VOA MYANMAR)

၁၈ ရက်ကြာ မြန်မာစစ်တပ်တွေဟာ တပ်အင်အားအလုံးအရင်းနဲ့ ၀ိုင်းပတ်ပိတ်ဆို့ထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ၀မ်ဟိုင်းဌာနချုပ်စခန်းကနေ တချို့တ၀က် ပြန်လည် ရုတ်သိမ်းသွားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာစစ်တပ်က အခုလို တပ်တွေ ရုတ်သိမ်းသွားတဲ့အတွက် စစ်ဘေးကနေတိမ်းရှောင်နေတဲ့ ရွာသားတချို့ဟာ ရွာထဲကို ပြန်လည် ၀င်ရောက်နေပြီလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အခြေအနေတွေဟာ စောင့်ကြည့်ရမယ့် အနေအထားမှာပဲ ရှိနေသေးတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ရှမ်းပြည်နယ်က အခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်းမှာရှိတဲ့ ၀မ်ဟိုင်းဌာနချုပ်ကို ၀ိုင်းပတ်ပိတ်ဆို့ထားတဲ့ မြန်မာစစ်တပ်တော်တော်များများဟာ ဇူလိုင် ၂၉ ရက်နေ့ကနေစပြီးတော့ ပြန်လည်ရုတ်သိမ်းသွားပြီလို့ ရှမ်းပြည်တိုးတက်ရေးပါတီ ဘက်ကနေ အတည်ပြု ပြောဆိုခဲ့ပါတယ်။ အခုလို တပ်ရုတ်သိမ်းသွားတာဟာ ထူးခြားမှုရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက အခုလိုပြောပါတယ်။

“အခုကျနော်တို့ ၀မ်ဟိုင်းဌာနချုပ်ဝန်းကျင်မှာ တပ်ရင်း ၆ ရင်း ၇ ရင်းလောက်ပဲ ကျန်တော့တယ်။ အဲဒီအလုံးအရင်းနဲ့လာတဲ့တပ်တွေ သူတို့ ပြန်ရုတ်သိမ်းသွားတယ်။ ၀မ့်မိန်မှာတော့ ကျန်သေးတယ်။ ဆုတ်တာနည်းနည်း အပြင်ဘက်ကျတဲ့နေရာပေါ့။ အတွင်းပိုင်းတော့ နည်းနည်းရှိသေးတယ်။ တခြားတပ်တွေအစားထိုးတာဆိုရင် အဲဒီတပ်တွေရောက်မှ ရုတ်မယ်လေ။ အခုဟာက အရင်ရုတ်သိမ်းသွားတယ် ဆိုတော့ တမျိုးတော့ ထူးခြားတာပေါ့။”

ဝမ်ဟိုင်းဌာနချုပ်ကို မြန်မာစစ်တပ်က တပ်ရင်း ၂၀ လောက် ၀ိုင်းပတ် ပိတ်ဆို့ထားရာကနေ အခုလို တပ်တွေ ရုတ်သိမ်းသွားခဲ့ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေအနေနဲ့ကတော့ အခုလို တပ်ရုတ်သိမ်းသွားတဲ့အပေါ် ထင်မြင်ချက်သဘောထားကို ဗိုလ်မှူးစိုင်းလှကနေ အခုလို ပြောဆိုပါတယ်။

“သူတို့က အပစ်ရပ်စဲချင်လို့လား။ နည်းဗျူဟာပြောင်းဖို့လား။ တပ်မတွေနဲ့ အစားထိုးဖို့လား။ အဲဒါ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့ နည်းနည်းတော့ စောင့်ကြည့်ရဦးမယ်။”

ဆုတ်ခွာသွားတဲ့ မြန်စစ်တပ်နောက်ကို ရှမ်းပြည်တိုးတက်ရေးပါတီတပ်တွေကနေ လိုက်လံတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၀မ်ဟိုင်းဌာနချုပ်စခန်းသိမ်းတိုက်ပွဲဟာ ရက်သီတင်းပတ် နှစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီး ဒီတိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးမှုကိုတော့ ဗိုလ်မှူးစိုင်းလှက အခုလိုပြောပါတယ်။

“သူတို့ဘက်က ဒဏ်ရာရတာ ၁၅၀ ၀န်းကျင်လောက် ရှိမယ်။ ကျနော်တို့ဘက်က ၁၀ လောက်ပေါ့။”

အခုဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုစာရင်းကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ မြန်မာစစ်တပ်ကနေ တပ်တွေရုတ်သိမ်းသွားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံရွာသားတချို့ ဟာလည်း ရွာထဲပြန်ဝင်လာတယ်လို့ ဗိုလ်မှူးစိုင်းလှကပြောပါတယ်။

“ဒေသခံပြည်သူ တချို့တော့ ရွာထဲပြန်ဝင်လာကြပြီခင်ဗျ။ အားလုံးတော့ မလာသေးဘူး။ တချို့လဲ နည်းနည်းဝေးတာကို ထွက်သွားတာ။ အနီးနားပတ်ဝန်းကျင်က တချို့တော့ နည်းနည်း ပြန်ဝင်လာတယ်။”

၁၈ ရက်လောက် ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ တိုက်ပွဲတွေကြောင့် ၀မ်ဟိုင်းဒေသနဲ့ ဆက်စပ်ရာဒေသတွေက ထောင်နဲ့ချီတဲ့ရွာသားတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရသလို ကျောင်းသား ၁ ထောင်ကျော်ဟာလဲ ကျောင်းတွေပိတ်ထားရတဲ့အတွက် စာသင်ကြားခွင့်ကင်းမဲ့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေခဲ့တာ ပိုပြီးများလာပါတယ်။ အခုဆိုရင် အပစ်အခတ်ရပ်စဲထားတဲ့ ကေအိုင်အို ခေါ် ကချင် လွတ်လပ်ရေးအဖွဲ့အပေါ်မှာရော၊ ရှမ်းပြည်တိုးတက်ရေးပါတီအပေါ်မှာပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ်မှာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကနေ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဇူလိုင် ၂၈ ရက်နေ့မှာ အိပ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါတယ်။ အခုလို ဒေါ်အောင်းဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလဲ ထောက်ခံကြိုဆိုနေတယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

Saturday, July 30, 2011

Facebook နှင့် Twitter တို့ကြောင့် ပင်ကိုယ်သရုပ် ပျောက်နေသည့် မျိုးဆက်

မောက္ခသတင်း

ဖေ့စ်ဘွတ်နှင့် တွစ်တာစသည့် လူမှုကွန်ယက်များကို အသုံးပြုနေသည့် မျိုးဆက်များမှာ စိတ္တဇ ဆန်ဆန် ပြုမူ တတ်ကြခြင်း၊ အာရုံ စူးစိုက်ချိန် လျော့နည်းလာခြင်းနှင့် ရှင်သန်မှုတွင် ကလေးငယ်များကဲ့သို့ အထောက်အကူ

လိုအပ်ခြင်း တို့ကို ရင်ဆိုင် နေရပြီဖြစ်ကြောင်း ထိပ်တန်း သိပ္ပံပညာရှင် တစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။

အောက်စဖို့ဒ်တက္ကသိုလ်၊ ဆေးဝါးဗေဒဌာနမှ ပါမောက္ခ Baroness Greenfield က အင်တာနက်ပေါ်တွင် “သူငယ်ချင်းများ” တိုးပွားလာနေပုံ၊ ကွန်ပျူတာဂိမ်းများကို အလွန်အမင်း ကစားလာကြပုံတို့မှာ ဦးနှောက် အလုပ်လုပ်ပုံကို ပြောင်းပြန် ပြန်လည်တည်ဆောက်နေပြီဟု ယုံကြည်ထားသည်။

ရလဒ်အနေဖြင့် စိတ်အာရုံ စူးစိုက်မှု လျော့နည်းလာခြင်း၊ မိမိကိုယ်ကို စိတ်ကျေနပ်မှု အစဉ် လိုအပ်နေခြင်း၊ ပြောဆို ဆွေးနွေးခြင်း - နှုတ်ပြောစွမ်းရည်- ကျဆင်းလာခြင်းနှင့် မျက်လုံးချင်းဆိုင်ပြီး စကားပြောဆိုတတ်မှု အားနည်းလာခြင်းတို့ ဖြစ်ကြောင်းဆိုသည်။

“ကျမ စိုးရိမ်နေတာကတော့ တွစ်တာပေါ်မှာ တင်နေကြတဲ့ ပေါက်ပန်းလေးဆယ်၊ ဘာမဟုတ်၊ ညာမဟုတ်၊ အခြေအမြစ်မရှိတဲ့ အကြောင်းအရာတွေပါပဲ။” တော်ဝင် သုတေသနအသင်းကြီး ဒါရိုက်တာဟောင်း၊ ပညာရှင်က Daily Mail ကို ရှင်းပြခဲ့သည်။

“တစ်ယောက်ယောက် ဒီမနက် ဘာစားခဲ့သလဲ ဆိုတာကို အခြားတစ်ယောက်က ဘာလို့ စိတ်ဝင်စားရမှာတုန်း၊ ကလေး ငယ်ငယ်လေးတွေက ပြောတာလိုမျိုးပါပဲ -မေမေရေ… တားတား လုပ်ထားတာ ကြည့်ပါဦး” “ဟိုဟာလည်းပဲ တားတား လုပ်ထားတယ်။”

“အမှတ်အသား သရုပ်နဲ့ ပတ်သက်ပြီး အတော်ကလေး ပြဿနာ တတ်နေကြပုံပါပဲ။ အချိန်ဆိုတဲ့ ကာလယန္တရားဟာ ပုံစံပျက်ပြီး ဦးနှောက်ထဲမှာ ပျောက်ဆုံးလာနေပုံမျိုး။” Greenfield က ထပ်ပြောပြခဲ့သည်။

အချို့သော ဖေ့စ်ဘွတ်သုံးစွဲသူများမှာ “နာမည်ကျော်” လူတန်းစားဝင်၊ “ဆဲလစ်ဘရစ်တီ” အသေးစားလေးများသဖွယ် မိမိကိုယ်ကို ခံယူလာကြပြီးလျှင် ပိုမို၍ လူကြိုက်များလာ စေချင်ကြပြန်သည်။ အခြားသူများက မိမိတို့ကို နေ့စဉ်ပင် စောင့်ကြည့်နေကြပြီးလျှင် ချီးမွမ်း ထောပနာလည်း ပြုနေကြခြင်းကို လိုလား တောင့်တလျက်။

“ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင် မျက်နှာသာရရန်” အတွက်လည်း ပြုမူ လုပ်ဆောင် နေတတ်ပြန်သည်။ အဘယ်ကြောင့်ဆိုသော် “အခြားသူများက မိမိတို့ကို သိရှိနားလည်နေသည့်ပုံစံ” မျိုးဖြင့်သာ မိမိကိုယ်ကို အဓိပ္ပါယ်ဖွင့်ဆို၊ ရှုမြင်လို့ရခြင်း ရောဂါ စွဲကပ် လာသောကြောင့်ပင်ဖြစ်သည်။

“အစစ်အမှန် မဟုတ်တဲ့ သီးခြား ကမ္ဘာ တစ်ခုမှာ သူတို့ဟာ နေထိုင်နေကြသလိုဖြစ်နေပြီ။ အဲဒီကမ္ဘာမှာ သူတို့က ကိုယ့်ကို ကလစ်လုပ်ပြီး ပုံဖေါ်ထားကြတဲ့ ကမ္ဘာ။” ပညာရှင်သုတေသီက ရှင်းပြခဲ့သည်။


ထပ်စင်ကို ဂျာမဏီက တားမြစ်မှာမဟုတ်တော့လို့ နော့ပါဒွန်က ပြော

from နေ့သစ်

အာဏာကနေ မောင်းထုတ်ခံရတဲ့ဝန်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထ်ကို ဂျာမဏီဝင်တာကို နောင်မှာ တားမြစ်တော့မှာ မဟုတ်တော့ဘူးလို့ သူ့ရဲ့ဥပဒေအကြံပေး နော့ပါဒွန်က တနေ့က ပြောပါတယ်။ “၀င်ခွင့်တားမြစ်ထားတာကို အစောပိုင်း တုန်းက ပြဋ္ဌာန်းထားတယ်။ ဘာလို့လဲဆိုတော့ ဂျာမန်အရာရှိတွေက ထိုင်းအစိုးရဆီက တဖက်သတ် သတင်းအချက် အလက်တွေ ရထားလို့ဖြစ်တယ်” လို့ သူက ပြောပါတယ်။ ရထားတဲ့သတင်းတွေက တကယ့် အချက်တွေနဲ့ မကိုက်ဘူး ဆိုတာ သိလာပြီးနောက်မှာ တားမြစ်တာကို ဂျာမဏီက ရုတ်သိမ်းလိုက်ပါတယ်လို့ နော့ပါဒွန်က ထုတ်ဖော်ပြောဆိုပါ တယ်။ ဒီလိုပုံဖျက်ထားတဲ့သတင်းတွေ သိပြီးနောက်မှာ ထပ်စင်ကို ကြိုမယ့် နိုင်ငံတွေပိုများလာမယ်လို့ သူ့အနေနဲ့ ထင် ကြောင်း သူက ပြောဆိုပါတယ်။

ထပ်စင်ရဲ့ဝရမ်းပြေးအနေအထားကြောင့် ၀င်ခွင့်ကို ပိတ်ပင်တားမြစ်ထားတာပါ။ ဒါပေမဲ့ တိုးတက်လာတဲ့ ထိုင်းနိုင်ငံရေး အခြေအနေအောက်မှာ ဒီရပ်တည်ချက်သဘောထားကို ပြင်ဆင်ထားပုံပေါ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကဆစ် က ပြောပါတယ်။ “Walter Bau ကုမ္ပဏီနဲ့ ထိုင်းအစိုးရကြား အမှုက တရားစီရင်ရေးစနစ်အရ တင်းကြပ်ပါတယ်။ ဒါပေမဲ့ ထပ် စင်အမှု အဆုံးအဖြတ်ကတော့ နိုင်ငံရေးရာသီဥတုအပေါ်မှာ မူတည်ပါတယ်” လို့ သူက ဆိုပါတယ်။ ထပ်စင်ကို တိုင်း ပြည်ထဲ ၀င်ခွင့်ပြုဖို့ဆိုတာ ဂျာမဏီရဲ့ ဆုံးဖြတ်ခွင့်ပါ။ ထိုင်းအစိုးရက ဒါကို နှောက်ယှက်လို့မရနိုင်ပါဘူးလို့ ရှေ့နေချုပ် ဂျူလာဆင်း ၀ါဆန်တာဆင်းက ပြောပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက် ထပ်စင်ကို ၀ရမ်ပြေးတယောက်အနေနဲ့ တိုင်းပြည် ကို ပြန်ပို့တာပေါ်မှာ သက်ရောက်မှုရှိမှာ မဟုတ်ဘူးဆိုတာ သူယုံကြည်ပါတယ်လို့ သူက ပြောပါတယ်။

ဲမြန်မာပြည် က ကြိုဆိုပါတယ်(ကာတွန်း ဟန်လေး - ဧရာဝတီ ၀က်ဘ်ဆိုက်)