from နေ့သစ်
အာဏာကနေ မောင်းထုတ်ခံရတဲ့ဝန်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထ်ကို ဂျာမဏီဝင်တာကို နောင်မှာ တားမြစ်တော့မှာ မဟုတ်တော့ဘူးလို့ သူ့ရဲ့ဥပဒေအကြံပေး နော့ပါဒွန်က တနေ့က ပြောပါတယ်။ “၀င်ခွင့်တားမြစ်ထားတာကို အစောပိုင်း တုန်းက ပြဋ္ဌာန်းထားတယ်။ ဘာလို့လဲဆိုတော့ ဂျာမန်အရာရှိတွေက ထိုင်းအစိုးရဆီက တဖက်သတ် သတင်းအချက် အလက်တွေ ရထားလို့ဖြစ်တယ်” လို့ သူက ပြောပါတယ်။ ရထားတဲ့သတင်းတွေက တကယ့် အချက်တွေနဲ့ မကိုက်ဘူး ဆိုတာ သိလာပြီးနောက်မှာ တားမြစ်တာကို ဂျာမဏီက ရုတ်သိမ်းလိုက်ပါတယ်လို့ နော့ပါဒွန်က ထုတ်ဖော်ပြောဆိုပါ တယ်။ ဒီလိုပုံဖျက်ထားတဲ့သတင်းတွေ သိပြီးနောက်မှာ ထပ်စင်ကို ကြိုမယ့် နိုင်ငံတွေပိုများလာမယ်လို့ သူ့အနေနဲ့ ထင် ကြောင်း သူက ပြောဆိုပါတယ်။
ထပ်စင်ရဲ့ဝရမ်းပြေးအနေအထားကြောင့် ၀င်ခွင့်ကို ပိတ်ပင်တားမြစ်ထားတာပါ။ ဒါပေမဲ့ တိုးတက်လာတဲ့ ထိုင်းနိုင်ငံရေး အခြေအနေအောက်မှာ ဒီရပ်တည်ချက်သဘောထားကို ပြင်ဆင်ထားပုံပေါ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကဆစ် က ပြောပါတယ်။ “Walter Bau ကုမ္ပဏီနဲ့ ထိုင်းအစိုးရကြား အမှုက တရားစီရင်ရေးစနစ်အရ တင်းကြပ်ပါတယ်။ ဒါပေမဲ့ ထပ် စင်အမှု အဆုံးအဖြတ်ကတော့ နိုင်ငံရေးရာသီဥတုအပေါ်မှာ မူတည်ပါတယ်” လို့ သူက ဆိုပါတယ်။ ထပ်စင်ကို တိုင်း ပြည်ထဲ ၀င်ခွင့်ပြုဖို့ဆိုတာ ဂျာမဏီရဲ့ ဆုံးဖြတ်ခွင့်ပါ။ ထိုင်းအစိုးရက ဒါကို နှောက်ယှက်လို့မရနိုင်ပါဘူးလို့ ရှေ့နေချုပ် ဂျူလာဆင်း ၀ါဆန်တာဆင်းက ပြောပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက် ထပ်စင်ကို ၀ရမ်ပြေးတယောက်အနေနဲ့ တိုင်းပြည် ကို ပြန်ပို့တာပေါ်မှာ သက်ရောက်မှုရှိမှာ မဟုတ်ဘူးဆိုတာ သူယုံကြည်ပါတယ်လို့ သူက ပြောပါတယ်။
No comments:
Post a Comment