Tuesday, August 2, 2011

အာဆီယံပါလီမန်များ ၃၂ ကြိမ်မြောက်​ အစည်းအေ၀းတွင် မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ်သတ်မှတ်မည်

FROM DVB NEWS
အာဆီယံ ပါလီမန်များရဲ့ ၃၂ ကြိမ်မြောက် အစည်းအေ၀း (AIPA) Asean Interparliamentary Assembly Meeting) မှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်အြဖစ် သတ်မှတ်ဖို့ အစီအစဉ် ရှိနေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဒီလ ၁၈ ရက်နေ့ ကေန ၂၆ ရက်အထိ ကျင်းပမယ့် AIPA အစည်းအေ၀းမှာ မြန်မာနိုင်ငံကို အြမဲတမ်း အဖွဲ့ဝင်အြဖစ် သတ်မှတ်ဖို့ရှိနေတာပါ။

ဒီလိုသတ်မှတ်ဖို့ ရှိနေတာနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် အစိုးရ၏ ကတိများ၊ အာမခံချက်များနှင့် တာဝန်ခံ ထားရှိမှုတွေကို စိစစ်ရမယ့် ကော်မတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က အခုလို အတည်ပြု ပြောပြပါတယ်။

“ကျေန်ာတို့က အာဆီယံပါလီမန်ညီလာခံကို တက်မယ်။ ကျေနာ် သိသေလာက်တော့ ဖနွမ်းပင်ကို ၁၈ ရက်နေ့လောက်ကို အကုန်လုံး AIPA အဖွဲ့ဝင်နိုင်ငံတွေ ရောက်မယ်။ မြန်မာနိုင်ငံကို AIPA အဖွဲ့ဝင်အြဖစ် အသိအမှတ်ပြုဖို့ ရှိတယ်။ အလံလွှဲပြောင်းတာတို့ ဘာတို့ လုပ်ဖို့။”

မြန်မာနိုင်ငံကို အာဆီယံပါလီမန် အဖွဲ့ဝင် အြဖစ်သတ်မှတ်မယ့် ဒီအစည်းအေ၀းကို မြကာသေးခင်ကမှ ပေါ်ပေါက်လာတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေက လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးလောက် တက်ရောက်ဖို့ရှိနြေပီး လွှတ်တော်ဥက္ကဋ္ဌေတွက ဦးဆောင်ပြီး သွားရောက်မယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော် နာယကြကီး ဦးဆောင်ပြီး​ ဖြစ်မယ်ထင်တယ်။ အဲဒီကာလကလည်း ပုံမှန် ဒုတိယအြကိမ် လွှတ်တော်အစည်းအေ၀း ကျင်းပမယ့် အချိန်ဆိုတော့ နာယကြကီးများ မအားလပ်ရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က ဒုတိယ ဥက္ကဋ္ဌ တပါးပါးက ဦးဆောင်နိုင်ပါတယ်။”

မြန်မာနိုင်ငံဟာ ဒီအစည်းအေ၀းမှာ အာဆီယံပါလီမန်များ အဖွဲ့ဝင်အြဖစ် စတင်ဝင်ရောက်ခွင့် ရရှိလာတာ ဖြစ်သလို ဒီအရင်ကေတာ့ မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်အေနနဲ့ အမျိုးသား ညီလာခံ ကျင်းပြပုလုပ်နေစဉ်က ဦးအောင်တိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း သွားရောက် လေ့လာခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၃၁ ကြိမ်မြောက် အာဆီယံပါလီမန်များ အစည်းအေ၀းကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပြပုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်အရပ်ရပ်ကို ၂၂ နှစ်တာ ကာလအတွင်း ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင် နအဖစစ်ကောင်စီက ခေါ်ယူကျင်းပခဲ့ပါတယ်။ ဒီလွှတ်တော်တွေကေနတဆင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို သမ္မတဦးသိန်းစိန်ကို မတ်လ ၃၀ ရက်နေ့မှာ အာဏာလွှဲပြောင်း ရယူခဲ့ပါတယ်။

No comments:

Post a Comment