သြဂုတ်လ ၂၂ ရက်နေ့ လွှတ်တော် အစည်းအဝေးခေါ်
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ လွှတ်တော် ၂ ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်တို့ရဲ့ ဒုတိယအကြီမ် ပုံမှန် အစည်းအဝေးတွေကို အခုလ ၂၂ နေ့မှာ ကျင်းပမယ်လို့ လွှတ်တော်ဥက္ကဌတွေက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဒါအပြင် လွှတ်တော် အမြဲတမ်းကောက်မတီ ၄ ခုရဲ့ အစည်းအဝေးတွေကိုလည်း အခုလာမယ့် ၈ ရက်နေ့ တနင်္လာနေ့မှာ ကျင်းပဖို့ ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။
လွှတ်တော်မှာ ကျေးလက်အုပ်ချုပ်ရေးမှုးများခန့်အပ်ရေးဆိုင် ဥပဒေမူကြမ်းတွေလို အရေးတကြီး လိုအပ်တဲ့ ဥပဒေမူကြမ်းတွေကို ဆွေးနွေးအတည်ပြုနိုင်ပါတယ်လို့ ပြည်သူ့လွှတ်တော် ငွေစာရင်းရေးရာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တစည ပါတီ ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မောင်ဉာဏ်က ခန့်မှန်းပြောဆိုခဲ့ပါတယ်။
တခါ နိုင်ငံရေးပါတီတွေကလည်း သီးခြားတင်မယ့် အဆိုတွေကို ပြင်ဆင်နေကြပြီး အဲဒီထဲမှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကော်မရှင် ဖွဲ့စည်းရေးနဲ့ တခြား ဥပဒေမူကြမ်းအတွက် အဆိုတွေကိုလည်း ပါဝင်မယ်လို့ ယူဆရပါတယ်။
No comments:
Post a Comment