Tuesday, August 2, 2011

ရခိုင်တွင် လျှပ်စစ်မီး​ ၂၄ နာရီ ရ​သော်လည်း​ ​ဈေး​ကြီး​သဖြင့်​ မဖွင့်​နိုင်

FROM DVB NEWS
အစိုး​ရသစ်တက်လာပြီး​ သုံး​လ​လောက်အြကာကတည်း​က ရခိုင်ပြည်နယ်က မြို့​တချို့​မှာ လျှပ်စစ်မီး​ ၂၄ နာရီ လာ​နေ​ပေမယ့်​ မီတာခမှာ ကျန်​ဒေသ​တွေနဲ့​နှိုင်း​ယှဉ်ရင် အဆနှစ်ဆယ်​လောက် ကွာဟ​နေတာ​ကြောင့်​ မီး​မထွန်း​နိုင်ဖြစ်​နြေကပါတယ်။

စစ် တွေမြို့ အဝင် (ဓာတ်ပုံ - ဒီဗွီဘီ)

ရန်ကုန်အပါဝင် ကျန်တိုင်း​နဲ့​ပြည်နယ်​တွေမှာ လျှပ်စစ်မီတာ တယူနစ်ကို ၂၅ ကျပ်နှုန်း​ ကျသင့်​ပေမယ့်​ ရခိုင်ပြည်နယ်မှာ တယူနစ်ကို ကျပ်ငါး​ရာထိ အဆနှစ်ဆယ်​လောက် ကြီး​မြင့်​နေတာ ဖြစ်ပါတယ်။

နှစ်​ပေါင်း​ ​လေး​ဆယ်​ကျော် လျှပ်စစ်မီး​ပျောက်သွား​ရာက အခု ပြီး​ခဲ့​တဲ့​ဇွန်လကစြပီး​ တ​နေကုန် မီး​လာ​နေတယ်လို့​ ​ရှေ့​မီ​နောက်မီ သံတွဲ​ဒေသခံ ရပ်မိရပ်ဖတဦး​က ​ပြောပါတယ်။ အခုအခါ ဖိုး​သီး​ချို ကုမ္ပဏီက မီး​ရရှိ​ရေး​ဆောင်ရွက်​နေတယ်လို့​ ​ပြောပါတယ်။

“နှစ်​ပေါင်း​ ၄၀ ​လောက်ဟာ ၂၄ နာရီ ဆိုတာ သံတွဲ​ဒေသ မြမင်ဖူး​ဘူး​ဖြစ်သွား​တယ်။ အခု​တော့​ မြင်​နေရတယ်။ ဒါလည်း​ ဝမ်း​သာစရာ တခု​ပေါ့​။ မီး​တန်ဖိုး​ကို တွက်ကြည့်​တော့​လည်း​ နည်း​နည်း​တော့​ များ​တာ​ပေါ့​။ ဒါ​ပေမယ့်​ အ​ရေး​ကြုံတဲ့​လူ​တွေ ​ဆေး​ရုံတို့​ ဘာတို့​လည်း​ သုံး​ဖို့​ အဆင်​ပြေလာတာ​ပေါ့​။ အိမ်​တွေမှာလည်း​ အသုံး​တည့်​လာပါတယ်။”

ဒါ​ပေမယ့်​ ​အောက်​ခြေလူထုက​တော့​ မသုံး​နိုင်ဘူး​လို့​ ​ပြောတယ်။

“ကျ​နော်တို့​ ၁၉၅၀ ​ကျော်၊​ ၆၀ ​လောက်မှာရှိတဲ့​ ​ငွေတန်ဖိုး​နဲ့​ အခုတန်ဖိုး​ကို တွက်ကြည့်​ရင် ကွာခြား​တယ်ခင်ဗျ။ ဆင်း​ရဲသား​က​တော့​ ဘယ်သုံး​နိုင်မလဲ။ မီတာ တယူနစ်ကို ၄၀၀- ၅၀၀ ​ပေး​နိုင်ဖို့​ ဆင်း​ရဲသား​တ​ယောက်ရဲ့​ ဝင်​ငွေနဲ့​ ဆိုက်ကား​သမား​တ​ယောက် ဝင်​ငွေ တ​နေ့​ကို ၁၅၀၀ ​လောက်နဲ့​ မီး​ကို မစဉ်း​စား​နိုင်ပါဘူး​။ လူနင်း​ပြား​တွေ ဘဝက​တော့​ ဟို​ခေတ် ကိုလိုနီဘဝ​တွေလိုပဲ​ပေါ့​။”

ရခိုင်ပြည်နယ် စစ်​တွေမြို့​အ​ခြေစိုက် ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီက ဦး​ခိုင်ပြည်စိုး​က စစ်​တွေမှာ မီး​ ၂၄ နာရီလာ​နေတဲ့​အ​ကြောင်း​ ​ပြောပါတယ်။

“စစ်​တွေမြို့​မှာ မီး​ ၂၄ နာရီလုံး​ ​ပေး​ထား​တယ်။ ဒါ​ပေမယ့်​ တစ်ယူနစ်ကို ၄၆၀ ကျတယ်ဆို​တော့​ ကျ​နော်တို့​မှာ စက်ရုံအလုပ်ရုံ​တွေ မရှိဘူး​။ သာမန်ပြည်သူ​တွေက မီး​တော့​ ရတယ်။ မီတာခ တအား​ဈေး​ကြီး​တော့​ မီး​ရ​ပေမယ့်​ အလုပ်မြဖစ်ဘူး​။ မြို့​သူမြို့​သား​တွေက စရိတ်သက်သာစွာနဲ့​ သုံး​နိုင်မှ ထူး​ထူး​ဆန်း​ဆန်း​လေး​ ဖြစ်နိုင်မယ်။ ဒီ​နေ့​ မီး​တော့​ပေး​ထား​တယ်။ အဲဒီမီး​ကို ပိတ်ထား​ရတယ် ပိုက်ဆံမတတ်နိုင်လို့​။”

မီး​လာတယ်ဆို​ပေမယ့်​ ထိ​ရောက်မှုမရှိ ဖြစ်​နေ​သေး​တယ်လို့​ သူက ​ဝေဖန်​ပြောဆိုလိုက်ပြီး​ စမ်း​သပ်ကာလကို ​စောင့်​ကြည့်​ရဦး​မယ်လို့​ ​ပြောပါတယ်။

အစိုး​ရတက်တက်ချင်း​ ရခိုင်အမတ်​တွေက လျှပ်စစ်မီတာခ ရခိုင်မှာ ​ဈေး​ကြီး​လွန်း​တာ တင်ပြတဲ့​အ​ပေါ် မဟာဓာတ်အား​လိုင်း​က ​ပေး​တာမဟုတ်လို့​ ​ဈေး​ကြီး​ရတာပါလို့​ တုံ့​ပြန်​ဖြေရှင်း​ဖူး​ပါတယ်။

No comments:

Post a Comment