Wednesday, August 10, 2011

ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ်ကို တရားစွဲ

FROM RFA NEWS

ဒေါ်အောင်ဆန်းစုကြည်က အကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ အခြားသူ ၂ ဦးကို တရားရုံးက မဆုံးဖြတ်ရသေးတဲ့ ကိစ္စကို ဆုံးဖြတ်ပြီးသကဲ့သို့ ပြောဆိုမှု တရားရုံးကို မထေမဲ့မြင်ပြုတဲ့ အမှုတွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး တရားရုံးမှာ တနင်္လာနေ့က တရားစွဲဆို လိုက်ပါတယ်။

AFP

ရန်ကုန်မြို့ အမှတ် ၅၁၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ဖြစ်ပါသည်။

ဦးအောင်ဆန်းဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်ဆိုင်နေရတဲ့ အိမ်မြေ တရားမမှုနဲ့ ပတ်သက်ပြီး တရားရုံးက ဆုံးဖြတ်ချက် မချခင် ပြီးခဲ့တဲ့ ဇူလိုင်လထုတ် မော်နီတာ ဂျာနယ်မှာ အမှုအကြောင်းကို တရားရုံးက ဆုံးဖြတ်ချက် ချပြီးသကဲ့သို့ ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။ "အဲဒီမှာ ဦးအောင်ဆန်းဦးက ဘယ်လို ပြောလိုက်သလဲ ဆိုတော့ အဓိက ငြင်းချက်တွေပေါ့။ သူအားလုံး နိုင်ပြီးပြီတဲ့။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကသာ ဒီပစ္စည်းကို မရမက လက်ဝယ်ထားရှိ လိုချင်နေတယ်ပေါ့။ အဲဒီလို ပြောတယ်။ အဲဒါကို မော်နီတာ ဂျာနယ်က ထဲ့တယ်။ ဒီလို ပြောကြားချက်ဟာ တရားရုံးကို မထေမဲ့မြင် လုပ်တာဘဲ။ တရားရုံးက မဆုံးဖြတ်ရသေးတဲ့ ကိစ္စကို ဆုံးဖြတ်ပြီးသကဲ့သို့ သူအနိုင်ရမယ်ဆိုတဲ့ သဘောမျိုး ပြောတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေအရ တရားရုံးကို မထေမဲ့မြင်ပြုမှုနဲ့ ညှိစွန်းပါတယ်။" ဒေါ်အောင်ဆန်းစုကြည်က တရားဆွဲရာမှာ ဦးအောင်ဆန်းဦးနဲ့ အတူ မော်နီတာဂျာနယ် ထုတ်ဝေသူ ၀ဏ္ဏကျော်ထင် ဦးလှမြင့်ဆွေနဲ့ အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့ကိုပါ တရားစွဲဆိုတာ ဖြစ်ပါတယ်။ RFA က ဦးမြတ်ခိုင်ထံ ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်လုပ်လို့ မရပါဘူး။ ဒီအမှုကို ရန်ကုန်တိုင်း ဒေသကြီး တရားရုံးမှာ သြဂုတ်လ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေများ ဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်ထံက ကိုယ်စားလှယ် လွှဲစာရယူပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဦးဥာဏ်ဝင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

No comments:

Post a Comment