Wednesday, August 10, 2011

လွှတ်တော်ကိုယ်စားလှယ်များ အလိမ်ခံရသလား


~FROM ဧရာဝတီ


သြဂုတ်လ ၉ ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာ လွှတ်တော်ကိုယ် စားလှယ် ၂၃ ဦး ရေးတဲ့ ငြိမ်းချမ်းရေးအတွက် အိတ်ဖွင့်ပေးစာ ဆိုတာကို ဖော်ပြထားပါတယ်။

၂၃ ဦး အမည်တွေလည်း ပါပါတယ်။

အိတ်ဖွင့်ပေးစာမှာ ငြိမ်းချမ်းရေးကိစ္စကို အစိုးရအနေနဲ့ရော လက်နက်ကိုင်အဖွဲ့တွေကပါ အပြုသဘောနဲ့ ဆွေးနွေးအဖြေရှာဖို့၊ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့အတွက် ယုံကြည်တွေမှုတွေနဲ့ အလုပ်လုပ်ကြဖို့ ကိစ္စတွေကို ဖော်ပြထားလို့ လက်မှတ်ထိုးလိုက်တယ်လို့ ကိုယ်စားလှယ်တဦးက ပြောပါတယ်။

သို့ပေမယ့် နောက်တနေ့ သတင်းစာထဲ ပါလာတော့ သူတို့စာက အသွင်နည်းနည်းပြောင်းသွားပါတယ် တဲ့။

အစိုးရဘက်က ငြိမ်းချမ်းရေး လိုလားပေမယ့် ကျန်တဘက်က သံသယလွန်ကဲခြင်း၊ အစွန်းရောက်ခြင်း၊ ဘေးပယောဂ၀င်ရောက် နှောင့်ယှက်ခြင်း၊ ကတိပျက်ကွက်ခြင်း၊ အကြမ်းဖက်ခြင်းတို့ ကြောင့် ငြိမ်းချမ်းရေး ပျက်ပယ်ခဲ့ရတယ် လို့ သတင်းစာမှာ ဆိုထားပါတယ်။

အဲဒီလို တဖက်သားကို စွပ်စွဲသလိုရေးသားထားတဲ့ စာသားတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထား မဟုတ်ကြောင်း၊ မူရင်း အိတ်ဖွင့်ပေးစာမှာ အဲဒီလိုအသုံးအနှုန်းတွေကို လုံးဝ ထည့်သွင်းရေးထားခြင်း မရှိကြောင်း၊
သတင်းစာထဲက စာသားတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း ၂၃ ဦးထဲမှာပါဝင်တဲ့ အမည်မဖော်လိုသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ခင်ဦးသာ

No comments:

Post a Comment