FROM မောက္ခ ပညာရေးမဂ္ဂဇင်း
ဒေါ်အောင်ဆန်းစုကြည် အကြောင်း "The Lady" ရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာ Luc Besson ကို စီအန်အန်မှ Becky Anderson ၏ အင်တာဗျူး - ကမ္ဘာကျော် ဒီမိုကရေစီ လှုပ်ရှားမှုကြီး ဖြစ်သည့် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုနှင့်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း The Lady ဇာတ်ကားကို ပြင်သစ် ဒါရိုက်တာ Luc Besson ကရိုက်ကူးပါသည်။ ဒေါ်စု အနေဖြင့် နာမည်ကျော် မလေးရှားမင်းသမီး မစ်ရှဲဖြင့် ရိုက်ကူးထားသည်။
“ကျနော်က အစပိုင်းတုန်းကတော့ သူမအကြောင်းကို သေသေချာချာ မသိခဲ့ပါဘူး။ သူမရေးသားတဲ့ စာတစ်ပုဒ်၊ နှစ်ပုဒ်လောက်သာ ဖတ်ခဲ့ဖူးတာပါ။ တဖြည်းဖြည်းနဲ့ ပိုပို သိလာတဲ့အခါမှာ အင်မတန်မှ အံ့အားသင့်မိပါတယ်။ အရမ်းလည်းပဲ ခံစားခဲ့ရပါတယ်။ နှလုံးသားကို တည့်တည့်ထိခဲ့တာပါ။ ဒီ အမျိုးသမီး အကြောင်းကို လူတွေ ပိုသိရှိသင့်တယ်လို့ ခံစားရတယ်။ သူမဟာ “အမျိုးသမီး ဂန္ဒီ” တစ်ယောက်ပါပဲ။ ဒါရိုက်တာက ပြောပြခဲ့သည်။
မင်းသမီး မစ်ရှဲမှာ ပြီးခဲ့သည့် ဇူလိုင်လက မြန်မာပြည်သို့ လည်ပတ်ရန်ကြိုးစားခဲ့သော်လည်း ရန်ကုန်လေဆိပ်မှ လှည့်ပြန်ခဲ့ရသည်။
No comments:
Post a Comment