FROM နေ့သစ်
ဒီနေ့ နံနက် ၄း၃၀ နာရီ လောက်ကစပြီး ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့
တောင်ဘက်မှာရှိတဲ့ ဖုတ်ဖရမြို့နယ်ထဲက နေရာ (၇၊ ၈) ခု လောက်မှာ ထိုင်း
လုံခြုံရေးအဖွဲ့စုံကနေ လူဖမ်းပွဲကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဖုတ်ဖရမြို့ နယ် ၃၆ ကီလိုမီတာ ၊ ၃၅ ကီလိုမီတာ စတဲ့ ထိုင်းအခေါ်အဝေါ်
စီခိုထိုင်းကျေးရွာနဲ့ ချီးဘားဘိုးရွာ၊ ဘန့်ဟတ် ရွာ၊ ဘန့်ကျတ်ရွာ၊
စအိုတိုက်နယ်ကျေးရွာအချို့က ဘာအထောက်အထားမှ လက်ဝယ်မရှိတဲ့
မြန်မာအလုပ်သမားတွေ ကို ဖမ်းဆီးသွားပါတယ်။
၃၆ ကီလိုမီတာက တဲအိမ်တွေဆိုရင် အဲဒီမှာဆက်ပြီး မနေကြရဘဲ
အခြားတနေရာကိုရွှေ့ရမယ်လို့ ပြောဆိုသွားတဲ့ အ ကြောင်းသိရပါတယ်။ ဖမ်းဆီးခံရသူ
စုစုပေါင်း မြန်မာစိုက်ပျိုးရေး လုပ်သား (၂၅၀)လောက်ရှိမယ်လို
့မျက်မြင်တွေက
ပြောပြချက်အရ သိရှိရပါတယ်။
ဒီနေ့ ဖမ်းဆီးမှု အခြေအနေကို ၃၆ ကီလိုက မြန်မာ စိုက်ပျိုးရေးအလုပ်သမားတဦးက အခုလို ရှင်းပြပါတယ်..
“ဖမ်းကတော့ ညသန်းခေါင်လောက်ကတည်းက စဖမ်းတာ၊ ၃၆ ကီလိုမီတာနဲ့ ၃၅ ကီလိုမီတာက
မကျည်းဝင်းတွေက မြန်မာအလုပ်သမားတွေ နေတဲ့ အိမ်တွေကို ဖျက်ဆီးသွားတယ်။
ခလေးရော လူကြီးပါ အကုန်ဖမ်းတာ၊ လူတွေတင်ဖမ်း တာမဟုတ်ဘူး၊
အိမ်မွေးတိရစ္ဆာန်တွေ၊ စားစရာတွေ၊ လက်ကိုင်ဖုန်းတွေ၊ TV နဲ့ အောက်ဆက်တွေပါ
အကုန်သိမ်းသွား တာ။ တချို့လည်း ရှိတဲ့ လက်ဝတ်လက်စားလေးတွေ အသိမ်းခံရတယ်
ဒါပေမယ့် အသိမ်းခံရတဲ့ ရွှေကိုတော့ ပြန် တောင်းတာ သူတို့ပြန်ပေးတယ်။” လို့
ပြောပြသွားပါတယ်။
No comments:
Post a Comment