ပဲခူးမြို့ ရေကြီးခဲ့တာမှာ မနေ့ အင်္ဂါနေ့ကတော့ ကတ္တရာလမ်းမ ပေါ်အောင် ရေကျသွားပြီ ဖြစ်ပေမယ့် ရပ်ကွက်ထဲတော့ ရေတွေ ရှိနေဆဲလို့ သိရပါတယ်။
bago flood
ပဲခူးမှာ ကတ္တရာလမ်းပေါ် ရေကျသွားပေမယ့် ရပ်ကွက်တွေထဲမှာတော့ ရေကြီးရေတင်နေဆဲ
ရပ်ကွက်ထဲက ရေတွင်းရေကန်တွေလည်း ပျက်ကုန်လို့ သောက်သုံးရေ ပြတ်လပ်နေပြီး၊ ရန်ကုန်နဲ့ အနီးအနားက ရေသန့်ဗူးတွေနဲ့ ရေတွေ လာလှူမှု တွေတော့ ရှိနေပေမယ့် ကျေးလက် အထိတော့ ရေသန့်ဗူးက မရောက်နိုင်ဘူးလို့ ပဲခူး ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။
ကတ္တရာလမ်းဘေးက ဒုက္ခသည်စခန်းတွေဖြစ်တဲ့ လေးမျက်နှာဘုရား၊ ရွှေနံ့သာကျောင်းတိုက် ဘုရားတွေမှာဆိုရင် ရန်ကုန်က အဖွဲ့တွေက ရေသန့်ဗူး တဗူးစီ လှူကြတယ်၊ သာသနာ့ဗိမာန်မှာလည်း လှူတာတွေ့တယ်၊ ဒါပေမဲ့ လှေနဲ့သွားမှ ရောက်မယ့် နေရာတွေမှာတော့ သောက်ရေ မရကြဘူးလို့ ဒေသခံက ရှင်းပြပါတယ်။
ရေကြီးခဲ့ပြီးနောက် လျှပ်စစ်မီးသွယ်တဲ့ ဓာတ်တိုင်တွေလည်း လဲခဲ့တာမို့ အခုထက်ထိတော့ လျှပ်စစ်မီးလည်း ပြန်မပေးသေးဘူးလို့ သိရပါတယ်။ ဒီအတောအတွင်းမှာပဲ ရေဘေးဒုက္ခသည်တွေ အိမ်ပြန်ကုန်လို့ သက်ဆိုင်ရာက သာသနာ့ဗိမာန် ရေဘေးဒုက္ခသည် စခန်းကို ပိတ်လိုက်တယ်လို့ ပဲခူးဒေသခံ ရှေ့နေ ဦးအေးမြင့်က ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆန်နဲ့ စားသောက်စရာတွေ ကူသလို၊ ဆရာတော် သမားတော်တွေနဲ့ ရပ်မိရပ်ဖတွေကလည်း နိုင်သလောက် ကူနေကြ ပေမယ့် ရေဘေး ဒုက္ခသည်စခန်းက ၂၅ ခုတောင် ရှိတာမို့ အလှူနဲ့ အကူအညီ လိုအပ်မှုက မမျှတဘူး ဖြစ်နေတယ်လို့ သိရပါတယ်။
No comments:
Post a Comment