FROM DVB NEWS
ထောင်ဒဏ်နှစ်ရှည် ကျခံထားရတဲ့ သြကင်္န်မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးခဲ့တဲ့ ကိုစည်သူဇေယျကို ဒီကနေ့ အင်းစိန်ထောင် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကျခံထားရတဲ့ ကိုစည်သူဇေယျကို နောက်ထပ်တမှု စွဲဆိုဖို့အတွက် ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးမှာ ဒီကနေ့ ရုံးထုတ် တရားစွဲဆိုခဲ့တယ်လို့ မိခင်ဖြစ်သူ ဒေါ်ရီရီတင့်က ပြောဆိုပါတယ်။
ကိုစည်သူဇေယျကို ၂၀၁၀ ရန်ကုန်မြို့ X20 သြကင်္န်မဏ္ဍပ် ဗုံးပေါက်ကွဲမှုကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေတုန်း အဖမ်းခံခဲ့ရြခင်းဖြစ်ပြီး အဲဒီနှစ် ဒီဇင်ဘာလမှာ လုံခြုံရေးနဲ့ ဗီဒီယိုအက်ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရတာပါ။
အခုတြကိမ် တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက “ပုဒ်မ ၃၃ နဲ့ စွဲထားတာ။ ကျမက သက်သေအနေနဲ့ ဒီနေ့ထွက်ဆိုတယ်။ ပုဒ်မ၃၃ က၊ အလက်ထရောနစ် အက်ဥပဒေပေါ့။ အစိုးရရဲ့ ငြိမ်ဝပ်ပိပြားမှုတို့၊ စည်းရုံးမှုတို့ ပျက်ပြားစေတဲ့ဟာကို ရေးပို့တယ်ဆိုတဲ့ဟာနဲ့ စွဲတာဖြစ်တယ်။ ဒီအမှုနဲ့ဆိုရင် အနည်းဆုံး ၇ နှစ်ကနေ၊ ၁၅ နှစ်ထိ ချနိုင်တယ်ဆိုပြီးတော့ ပြောတယ်။ လောလောဆယ် အင်းစိန်ထောင်မှာပဲ ရှိတယ်။ နောက်တော့ ဘယ်ပို့မလဲ မသိဘူး” လို့ ပြောပါတယ်။
ကိုစည်သူဇေယျဟာ ယခင် နအဖစစ်အစိုးရလက်ထက်မှာ ပြစ်မှုမခိုင်လုံဘဲနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရြပီး အခု အစိုးရသစ်လက်ထက်မှာလည်း အရင် စစ်အစိုးရလိုပဲ တရားရုံးစနစ်က မပြောင်းလဲဘဲ ရဲကနှိပ်စက်ပြီး စစ်ချက်ယူတာတွေနဲ့ မခိုင်လုံတဲ့ ပြစ်မှုအတွက် ပြစ်ဒဏ်စီရင် ချမှတ်ခံရမယ်လို့လည်း မိခင်ဖြစ်သူ ဒေါ်ရီရီတင့်က ပြောဆိုသွားပါတယ်။
“အကြောင်းလည်း မရှိပါဘူး။ ဒီအတိုင်းပဲ အဲဒီ ပုဒ်မတွေနဲ့ပဲ ဒီလိုပဲ ပြစ်ထားပြီး၊ ရဲကစစ်ချက်နဲ့ပဲ အတည်ယူပြီးတော့ အဲဒီက စွပ်စွဲချက်နဲ့ပဲ ချနေတာပဲ။ နှိပ်စက်ထားပြီး ယူထားတဲ့ စွဲချက်နဲ့ပဲ အမိန့်ချမှာပဲ။ အခုလက်ရှိပုံစံကလည်း အရင်ပုံစံအတိုင်းပါပဲ။ ပြီးခဲ့တဲ့ ၂မှုတုန်းကလည်း ဒီအတိုင်းပဲ။”
ကိုစည်သူဇေယျဟာ အင်းစိန်ထောင်အတွင်းမှာ ညှဉ်းပန်းနှိပ်စက်တာ ခံနေရြပီး ဖေဖော်ဝါရီလကလည်း အင်းစိန်ထောင် အာဏာပိုင်တွေက စစ်ခွေးတိုက်ပို့ပြီး နှိပ်စက်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေ အပြောရ သိရပါတယ်။
No comments:
Post a Comment