Tuesday, August 9, 2011

မြစ်​ရေတက်မှု​ကြောင့်​ မြို့​အချို့​ ​ရေမြုပ်

FROM DVB NEWS

အခု လဆန်း​ပိုင်း​ကစြပီး​ မိုး​အဆက်မြပတ် ရွာသွန်း​မှု​ကြောင့်​ ပဲခူး​တိုင်း​၊​ ဧရာဝတီတိုင်း​၊​ ရခိုင်ပြည်နယ်နဲ့​ ကရင်ပြည်နယ်က မြို့​ကြီး​တချို့​ ​ရေနစ်မြုပ်​နေပါတယ်။

ပဲခူးမြို့ ရေကြီးနေစဉ် (ဓာတ်ပုံ - ဒီဗွီဘီ)

စစ်​တောင်း​၊​ ပဲခူး​၊​ ​ရွှေကျင် နဲ့​ သံလွင်မြစ်​ရေ​တွေဟာ စိုး​ရိမ်​ရေမှတ်ထက် ​ကျော်လွန်​နေတယ်လို့​ မိုး​လေဝသနဲ့​ ဇလ​ဗေဒ ညွှန်ကြား​ရေး​မှူး​ ဦး​စီး​ဌာနက မ​နေ့​က ထုတ်ပြန်ထား​ပါတယ်။

ဒီလို မြစ်​ရေ​တွေ စိုး​ရိမ်​ရေမှတ်ထက် ​ကျော်လွန်​နြေပီး​ စစ်​တောင်း​မြစ်​ရြေကီး​တဲ့​အတွက် ပဲခူး​တိုင်း​ မ​ဒေါက်မြို့​ရဲ့​ သုံး​ပုံနှစ်ပုံ​လောက် နစ်မြုပ်ကုန်ပြီလို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

မ​ဒေါက်မြို့​ခံတဦး​က “​ရြေကီး​တာ​တော့​ တြမို့​လုံး​လို့​ ​ပြောလို့​ရတယ်။ ဒီ​နေ့​နဲ့​ဆို သုံး​ရက်ရှိသွား​ပြီ။ မ​ဒေါက်မြို့​ရဲ့​ သုံး​ပုံနှစ်ပုံ​ပေါ့​။ ကား​လမ်း​ဘေး​ ဝဲယာ​လောက်ပဲ ကျန်တယ်။ အကုန်လုံး​ မြုပ်တယ်။ တချို့​နေရာ​တွေမှာဆို ရင်​လောက်​ပေါ့​။ မြုပ်တဲ့​ ​နေရာ​တွေက လူ​တွေ​တော့​ ဘုန်း​ကြီး​ကျောင်း​တွေမှာ သွား​တည်း​နြေကတယ်။ စား​ဝတ်​နေ​ရေး​တော့​ အ​တော်ခက်ခဲတာ​ပေါ့​။ ဘယ်မှသွား​လို့​မရ​တော့​ဘူး​။ ​လှေနဲ့​ပဲ သွား​လာ​နေရတယ်။ မြို့​ပေါ်​ကျောင်း​တွေလည်း​ ပိတ်ထား​ရတယ်” လို့​ ​ပြောပါတယ်။

မ​ဒေါက်မြို့​အြပင် အနီး​တဝိုက်က ​ကျေး​ရွာ​တွေ၊​ လယ်​တွေလည်း​ ​ရေနစ်မြုပ်​နြေပီး​ ​နောက်ထပ်သုံး​လေး​ရက် ဆက်မြုပ်​နေရင် စပါး​တွေ ရှင်နိုင်​တော့​မှာ မဟုတ်ဘူး​လို့​ ​ပြောပါတယ်။

ဒါ​ကြောင့်​ ဒီနှစ်အတွက် ​ဒေသခံလယ်သမား​တွေ စပါး​အထွက်​လျော့​ပြီး​ စား​ဝတ်​နေ​ရေး​ အခက်ကြုံရနိုင်တယ်လို့​ မ​ဒေါက်မြို့​ခံက ​ပြောပါတယ်။

စစ်​တောင်း​မြစ်နဲ့​ ​ရွှေကျင်မြစ်​ရေ တက်တာ​ကြောင့်​ မ​ဒေါက်မြို့​ရဲ့​ တဖက်ကမ်း​ ​ရွှေကျင်မြို့​ မုခ်ဦး​နေရာ​တွေမှာ ​ရေနစ်မြုပ်​နေတယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“​ရွှေကျင်မှာ​တော့​ စစ်​တောင်း​မြစ်ကို ဖြတ်ကူး​ရတဲ့​ တံတား​ပေါ်က ဆင်း​သွား​လိုက်ရင် ​ရွှေကျင်ဘက်ခြမ်း​မှာ ဆိုရင်လည်း​ ဆိုင်ကယ်​တွေက ​ခြေချင်း​ဝတ် မြုပ်​နြေပီ​လေ။ အဲဒါကို အတင်း​ဖြတ်​မောင်း​ပြီး​ သွား​နေရတယ်။ ​ရွှေကျင်မြို့​အဝင် မုခ်ဦး​လည်း​ ​ရောက်​ရော ဆိုင်ကယ်​တွေ သွား​လို့​မရ​တော့​ဘူး​။ အဲဒီက​နေ ​ဖောင်​လေး​တွေနဲ့​ ဟိုဘက်ကို ဖြတ်ကူး​ရတာ​ပေါ့​။ ​ရွှေကျင်မုခ်ဦး​ ဆိုတာ​တော့​ ​ရွှေကျင်ရဲ့​မြို့​အဝင်မှာ မြို့​ရဲ့​သ​ကေင်္တ မုခ်ဦး​ရှိတယ်။ အဲဒီက​နေ ဆိုင်ကယ်​တွေကို ​ဖောင်နဲ့​ပို့​ပေး​နေရြပီ။ ​ရွှေကျင် မကျီး​တန်း​ရပ်တို့​ ဘာတို့​ကို ​ရေကဝင်​နြေပီ။ မိုး​ရွာတယ်၊​ မြစ်​ရေတက်တယ်၊​ ​တောင်ကျ​ရေဆင်း​တယ်။ လိုအပ်ချက်​ရေထက် ​ရွှေကျင် ​ရေအား​လျှပ်စစ်က​နေ အ​ပေါ်ကို အနည်း​ဆုံး​ ၇ ​ပေ၊​ ဂ ​ပေ တက်​နြေပီ။ အဲဒီ​ရေ​တွေကို သွန်ပြီး​ဖောက်ချ​နေရတယ်။ အဲဒီလိုအ​နေအထား​တော့​ ရှိတယ်။”

ရွှေကျင်မြို့​မှာ အလား​တူ ​ရြေကီး​မှုမျိုး​ ပြီး​ခဲ့​တဲ့​ ၁၉၉၇ ခုနှစ်ကလည်း​ ဖြစ်ခဲ့​ဖူး​ပါတယ်။

အလား​တူ စစ်​တောင်း​မြစ်​ရြေကီး​မှု​ကြောင့်​ စစ်​တောင်း​မြစ်​ဘေး​ တဖက်တချက်က ​တောင်ငူမြို့​ရဲ့​ မြစ်​ဘေး​ရပ်ကွက်​တွေမှာ မ​နေ့​ကစြပီး​ ​ရေတက်လာတဲ့​အတွက် ​ဒေသခံ​တွေ နီး​စပ်ရာ စာသင်​ကျောင်း​တွေမှာ သွား​ရောက်ခိုလှုံ​နြေကပါတယ်။

ရေလွှမ်း​တဲ့​ရပ်ကွက်က မူလတန်း​ကျောင်း​ ၁၀ ​ကျောင်း​ကိုပါ ပိတ်ထား​ရတယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“စစ်​တောင်း​မြစ်​ရေက စိုး​ရိမ်​ရေမှတ် ၀.၈ ​ပေ​လောက် မြင့်​တက်လိမ့်​မယ်လို့​ မိုး​လေဝသက ​ကြေညာထား​တယ်။ ဒီ​နေ့​အ​ခြေအ​နေက​တော့​ နှစ်​ပေ​ကျော်​လောက် မြင့်​နေတာဖြစ်တယ်။ အဲ​တော့​ အခု ​တောင်ငူရဲ့​ စစ်​တောင်း​မြစ်​ဘေး​ တဝိုက်မှာ ​ရေလျှံ​နြေပီ။ ၂၀ ရပ်ကွက်၊​ အုတ်ကြွပ်တန်း​၊​ အလယ်ကျွန်း​ ပတ်ပတ်လည်ပဲ။ အလယ်ပိုင်း​လောက်ပဲ ​ရေမလျှံတာ​လေ။ ဘုန်း​ကြီး​ကျောင်း​၊​ ဘုရား​တွေမှာ စခန်း​တွေလုပ်ပြီး​တော့​ ဝင်​နေ​နေရတယ်။ အခု​လော​လောဆယ်​တော့​ ဒီ​နေ့​ အမက​ကျောင်း​ ၁၀ ​ကျောင်း​၊​ ပိတ်ထား​ရြပီ။ ​နောက်​နေ့​လည်း​ ​ရေတက်ဖို့​ အလား​အလာရှိတယ်။ ဒီထက်တိုး​လာဖို့​ပဲ ရှိတယ်။”

ရေဘးဒုက္ခသည် မိသား​စု ၂၀၀ ​ကျော်ရှိ​နြေပီး​ ဆက်တိုး​လာနိုင်တယ်လို့​ အဲဒီမြို့​ခံက ​ပြောပါတယ်။

မြို့​ရေ​ဘေး​ဒုက္ခသည်​တွေကို​တော့​ ဒီ​နေ့​ကစြပီး​ ကုန်သည်ကြီး​များ​အသင်း​ က​နြေပီး​ ဆန်​တွေ ထမင်း​ထုပ်​တွေ လိုက်လံ​ဝေ​ပေး​နေတယ်လို့​လည်း​ အဲဒီမြို့​ခံကပဲ ​ပြောပါတယ်။

ဒါ​ပေမယ့်​ မြို့​ရဲ့​အြပင်ဘက် ရှမ်း​စုကြီး​ ​ကျေး​ရွာအုပ်စုက​နေ မြို့​ပေါ် ​လောကုတ္တရာ ဘုန်း​ကြီး​ကျောင်း​မှာ လာ​ရောက်ခိုလှုံ​နေတဲ့​ အိမ်​ထောင်စု ၆၄ စုက​တော့​ ဘယ်သူ့​ အကူအညီမှ မရ​သေး​ဘူး​လို့​ ​ပြောပါတယ်။

ကရင်ပြည်နယ် ဘား​အံမြို့​မှာလည်း​ သံလွင်မြစ်​ရေတက်မှု​ကြောင့်​ ပြီး​ခဲ့​တဲ့​ ဩဂုတ် ၄ ရက်​နေ့​ကလည်း​က မြို့​တွင်း​ရြေကီး​ရေလျှံမှု ဖြစ်ပွား​ခဲ့​ပြီး​ ဒီက​နေ့​ ည​နေမှာ မြစ်​ရေ အနည်း​ငယ်ကျသွား​ပေမယ့်​ အနိမ့်​ပိုင်း​ ရပ်ကွက်​တွေမှာ ​ရြေကီး​နေဆဲဖြစ်ပါတယ်။

ရြေကီး​မှု​ကြောင့်​ ဘား​အံမြို့​မှာ ကယ်ဆယ်​ရေး​စခန်း​ ၈ ခု ဖွင့်​ထား​ပြီး​ အခုလ ၆ ရက်​နေ့​က ဒု-သမ္မတ ဦး​တင်​အောင်မြင့်​ဦး​နဲ့​ အစိုး​ရအဖွဲ့​က လာ​ရောက်ကြည့်​ရှုခဲ့​ပြီး​ အကူအညီ ​ပေး​သွား​တယ်လို့​ ဘား​အံမြို့​ခံ​တွေက ​ပြောပါတယ်။

ဘား​အံ​ရေ​ဘေး​ ဒုက္ခသည်​တွေကို​တော့​ မြို့​ပေါ် အာဏာပိုင် အဖွဲ့​အစည်း​တွေနဲ့​ လူမှု​ရေး​အဖွဲ့​အစည်း​တွေက ကူညီကယ်ဆယ်မှု ပြုလုပ်တယ်လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့​နယ်ဘက်မှာလည်း​ ​ရြေကီး​နေတယ်လို့​ သိရပါတယ်။

မြန်မာနိုင်ငံတဝန်း​ ဇူလိုင်လက စြပီး​ မိုး​သည်း​ထန်ပြီး​ ​ရြေကီး​ရေလျှံမှုဖြစ်ပွား​ခဲ့​တဲ့​အတွက်ဧရာဝတီတိုင်း​၊​ ပဲခူး​တိုင်း​၊​ ရခိုင်ပြည်နယ်၊​ ကရင်ပြည်နယ်တွင်း​က လယ်ဧက ​သောင်း​ချီပျက်စီး​ခဲ့​ရြပီး​ လယ်သမား​တွေ စပါး​ပြန်လည်စိုက်ပျိုး​ရေး​ အခက်အခဲ ကြုံ​တွေ့​ခဲ့​ရပါတယ်။

No comments:

Post a Comment