Thursday, August 18, 2011

ဖွေ့ထိုင်းပါတီက အခြေခံဥပဒေ အပြောင်းအလဲ စီမံကိန်းကို မုချလုပ်မယ်


အာဏာရဖွေ့ထိုင်းပါတီက သူ့ရဲ့ အခြေခံဥပဒေပြင်ဆင်ဖို့စီမံကိန်းကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။ ဒါပေမဲ့ ဒါကို ညွန့်ပေါင်းပါတီတွေနဲ့တိုင်ပင်လုပ်မှာ ဖြစ်တယ်။ လို့ ပြောပါတယ်။ ၂၀၀၇ခုနှစ်က ကြေညာခဲ့တဲ့ အခြေခံဥပဒေမှာ တချို့ အပိုင်းတွေက ဒီမိုကရေစီနဲ့မကိုက်ညီတဲ့အတွက် ပြင်ဆင်ဖို့လိုအပ်တယ်။ လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ ဆုမ်ဆတ် ခီ ယာ့ဆူရာနွန်က ပြောပါတယ်။
ပြည်သူတွေအနေနဲ့ သူတို့စိတ်တိုင်းကျ ပြောနိုင်ဖို့ ပြည်သူ့ကိုယ်စားလှယ် တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကနေ ဒီအပြောင်းအလဲကို လုပ်မှာဖြစ်ပါတယ်။ လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဒီပြင်ဆင်တဲ့စီမံကိန်းက ရာထူးကနေ အဖယ် ခံရပြီး ထောင်ဒဏ် ၂နှစ်အပြစ်ပေးခံထားရတဲ့ အခု ပြည်ပမှာ ပြည်ပြေးအဖြစ်နေထိုင်နေတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ် စင်ရှီနာဝပ်ထ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး လမ်းဖွင့်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုတာကို မစ္စတာဆုမ်ဆတ်က ငြင်းပယ်ပါတယ်။
ပြည်သူ့ဆန္ဒခံယူပွဲ တခုကို လာမယ့် ၃လအတွင်းမှာ ကျင်းပနိုင်ဖို့ ပါတီက တွန်းအားပေးမှာ ဖြစ်ပါတယ်။ ဒီမှာ လက်ရှိ အခြေခံဥပဒေနဲ့ ၂၀၀၆ တုန်းက အာဏာသိမ်းလိုက်ပြီး ဖျက်သိမ်းခဲ့တဲ့အခြေခံဥဒေ နှစ်ခု အနက် ဘယ်ဟာကို သူတို့ ပို ကြိုက်သလဲဆိုတာ ပြည်သူလူထုကို မေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဆန္ဒခံယူပွဲမှာ အများစုက ၁၉၉၇ခုနှစ် အခြေခံ ဥပဒေကို ကြိုက်တယ်ဆိုရင် အစိုးရအနေနဲ့ ဒီအခြေခံဥပဒေမူအပေါ်မှာ အဓိက အခြေခံပြီး အပြောင်းအလဲတွေကို လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေအပြောင်းအလဲတွေလုပ်နိုင်ဖို့ အစိုးရအနေနဲ့ ပထမဆုံး လက်ရှိအခြေခံဥပဒေ ထဲက ပုဒ်မ ၂၉၁ ကို ပြင်ဖို့ လိုပါမယ်။ ပုဒ်မ ၂၉၁ မှာ ၂၀၀၇ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ဖို့ အခြေအနေတွေ ပြဋ္ဌာန်း ထားပါတယ်။ ပုဒ်မ ၂၉၁ ပြင်ဆင်ချက်က အခြေခံဥပဒေသစ်မူကြမ်းရေးဆွဲရေးအဖွဲ့တခု ခန့်အပ်ဖို့ လမ်းဖွင့်ပေးမှာ ဖြစ် ပါတယ်။
ဒီနောက်မှာ ဒီမူကြမ်းရေးဆွဲရေးအဖွဲ့မှာ ဘယ်သူတွေပါမလဲဆိုတာကို ဆွေးနွေးဖို့ ခေါင်းချင်းရိုက်အဖြေရှာတဲ့ အစည်း အဝေးတွေကို ကျင်းပရမှာ ဖြစ်ပါတယ်။ လို့ သူက ပြောပါတယ်။ အခြေခံဥပဒေပြင်ဆင်ဖို့ အစိုးရအနေနဲ့ ပြည်သူ့ဆန္ဒ ခံ ယူပွဲကျင်းပနိုင်သလားဆိုတာကို သိဖို့ ဖွေ့ထိုင်းပါတီရဲ့ဥပဒေအဖွဲ့က ဥပဒေတွေ လေ့လာနေပါတယ်။ လို့ မစ္စတာ ဖီရာ ဖန်က ပြောပါတယ်။ ဥပဒေတွေက ဒီလိုဆန္ဒခံယူပွဲကျင်းပဖို့ ခွင့်မပြုဘူးဆိုရင် အစိုးရက အခြေခံဥပဒေ မူကြမ်း ရေးဆွဲ ရေး အဖွဲ့တခု ခန့်အပ်ရေးလုပ်ငန်းစဉ် ကို ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ သူ့အလုပ်သူလုပ်မှာပါ။ ဒါပေမဲ့ ဘယ်လို အပြောင်းအလဲပဲလုပ်လုပ် လူထုဆန္ဒကို ခံယူမှာ  ဖြစ်ပါတယ်။
ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်နဲ့အချိန်ကိုက်မှာပဲ တခြားညွန့်ပေါင်းပါတီတွေက အလုပ်အမှုဆောင်တွေနဲ့တိုင်ပင်သလို နောက်ပိုင်းမှာလည်း အဓိက ပါတီဝင်တွေက ဒါကို ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လို့ မစ္စတာ ဖီရာဖန်က ပြောပါတယ်။ ၂၀၀၇ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းဟာ တနှစ်အတွင်း ပြီးမယ်လို့ သူ့အစိုးရအနေနဲ့ မထင်ပါဘူးလို့ ၀န်ကြီးချုပ် ယင်လပ်က ပြောပါတယ်။ ပြင်ဆင်ရေးလုပ်ငန်းကို ပြည်သူတွေပါဝင်လုပ်ဆောင်မှုအပေါ်မှာ အခြေခံ ရမှာ ဖြစ်ပါတယ်။ လို့ သူမက ပြောပါတယ်။ ဒါ့ပြင် အောက်လွှတ်တော်အနေနဲ့ ပြင်ဆင်ရေးဆိုင်ရာ အသေးစိတ် လုပ်ငန်းစဉ် တွေကို ဂရုတစိုက်လုပ်ရမှာ ဖြစ်တယ်လို့ ထပ်ပြောပါတယ်။
ဒီအပြောင်းအလဲလုပ်ရပ်တွေကို သူ့အကို ထပ်စင်ကို အထောက်အကူပေးဖို့ရည်ရွယ်တာ ဆိုတဲ့စွပ်စွဲချက်တွေကို ၀န် ကြီးချုပ်က ပယ်ချလိုက်ပါတယ်။ ဝေဖန်ရေးသမားတွေအနေနဲ့ မဝေဖန်ခင်မှာ ပြင်ဆင်ချက်အသေးစိတ်တွေ စောင့် ကြည့်သင့်ပါတယ်။ လို့ သူမက ပြောဆိုလိုက်ပါတယ်။ ဒီအတောအတွင်းမှာ ၂၀၀၇ အခြေခံဥပဒေပြန်သွားတဲ့ အပြောင်း အလဲတွေအပြီးမှာတော့ အခုအခြခံဥပဒေ အရဖွဲ့ထားတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေကို ဖျက်ပစ်ရမယ်လို့ ဖွေ့ထိုင်း ပါတီအမတ် ၀င်တိုကျီရာခါးန်က ပြောပါတယ်။
သြဂုတ် ၁၈၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

No comments:

Post a Comment