Thursday, August 18, 2011

လက်တွေ့ လုပ်ရပ် ဖြင့်သာ မြန်မာအစိုးရသစ်ကို အကဲဖြတ်မည်

FROM RFA NEWS

2011-08-17
ဒီမိုကရေစီအတွက် ဘယ်လောက် ဖွင့်ပေးသလဲဆိုတဲ့ လုပ်ရပ်နဲ့ပဲ မြန်မာ အစိုးရသစ်ကို အကဲဖြတ် ရမှာပါလို့ အမေရိကန် အစိုးရက ပြောလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ နေ့စဉ် ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး သဘောထား မေးမြန်းရာမှာ နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ မစ္စ ဗစ်တိုးရီးယား နုလဲန် က - နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ချင်နိုင်းမှာ ပြောခဲ့တဲ့ မိန့်ခွန်း အတိုင်းပါပဲ၊ မြန်မာ အစိုးရသစ်ကို မိမိတို့ အမြဲ ပြောနေတာပါ၊ အပြောချည့် မဟုတ်ဘဲ လက်တွေ့ပါ လုပ်ဖို့ လိုပါတယ်၊ အစိုးရသစ်ကို လက်တွေ့ လုပ်ရပ်နဲ့ တိုင်းတာ ဆုံးဖြတ်ရမှာပါ၊ ဒေါ်အောင်ဆန်းစုကြည် ခရီးသွားနိုင်တာ၊ လူထုကို မိန့်ခွန်း ပြောနိုင်တာ၊ အစိုးရနဲ့ စကားပြောနိုင်တာတွေ အတွက် မိမိတို့ အားတက်ရ ပါတယ်၊ ဒါမျိုးတွေ ဆက်လက် တွေ့မြင်ချင်ပါတယ်၊ ဒီမိုကရေစီ အတွက် ဘယ်လောက် ဖွင့်ပေးသလဲ ဆိုတဲ့ လုပ်ရပ်နဲ့ပဲ မြန်မာ အစိုးရသစ်ကို အကဲဖြတ် ရမှာပါလို့ ပြောပါတယ်။ အသစ် ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက်မစ်ချယ် မြန်မာပြည်သွားဖို့ အစီအစဉ် ရှိမရှိ မေးမြန်းရာမှာတော့ - သူအလုပ်ဝင်နေပြီ ဖြစ်ပေမဲ့ မြန်မာပြည် သွားဖို့ ခရီးစဉ် ရှိမရှိ မပြောနိုင်သေးပါဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

No comments:

Post a Comment