မြန်မာပြည်ရဲ့
အဓိက အသက်သွေးကြောမြစ် တခုဖြစ်တဲ့ ဧရာဝတီမြစ် ဘေးအန္တရယ်တွေနဲ့
ကြုံတွေ့နေရတာတာနဲ့ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က
“ဧရာဝတီအတွက် ပန်ကြားချက်” ဆိုပြီး အခုလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီပန်ကြားချက်ကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက
လူထုသိအောင် ပန်ကြားချက်ကို ဖြန့်ဝေမှုနဲ့ လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုတွေ
ပြုလုပ်နေပါတယ်။

လက်မှတ်ကောက်ယူမှုနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ဝင် ကိုရဲထွဋ်ခေါင်က အခုလို ပြော ပါတယ်။
“အမေ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီအတွက် ပန်ကြားချက်ဆိုတဲ့ စကားရပ်ကို ဗမာလိုရော
အင်္ဂလိပ်လိုရော ယနေ့ ပြည်သူလူထုကို လိုက်လံပြီးတော့ အစောင် ၅၀၀
လိုက်လံဖြန့်ဝေတယ်။ အဲဒီအပြင်ကို ကျနော်တို့ ဧရာဝတီ အတွက် အန်တုကြဆိုတဲ့
စာသားတွေကိုလည်း ကျနော်တို့က ဖြန့်ဝေခဲ့တယ်။ ဧရာဝတီကို
ချစ်မြတ်နိုးသူများဆိုတဲ့ ဆောင်ပုဒ်နဲ့ ခေါင်းစဉ်တက်ပြီးတော့ ကျနော်တို့
ပြည်သူလူထုတွေကို လိုက်လံပြီးတော့ လက်မှတ်ထိုးတာပေါ့။
“ဧရာဝတီမြစ်ကြီး
တိမ်ကောသွားရင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေက အတိဒုက္ခရောက်တဲ့ အပြင်
အသက်အန္တရာယ်ပါ ဆုံးရှုံးနိုင်တဲ့အကြောင်း ကျနော်တို့က ရှင်းပြတယ်။ အခု
ဧရာဝတီ မြစ်ကြီးပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း ၈ ခု တည် ဆောက်ထားတယ်။ အဲဒီ ၈
ခုကို ရပ်တန့်ဖို့အတွက် ကျနော်တို့က လက်မှတ်ရေးထိုးလှုပ်ရှားမှု
ပြုလုပ်တယ်ဆိုတာကို သူတို့ကို ရှင်းပြတယ်။ ပြည်သူတွေကလည်း လိုလိုလားလားပဲ
သူတို့က လက်မှတ်ထိုးပေးတယ်။ ကျနော်တို့ ဒီနေ့ လက်မှတ် ၁၂၀၀ ကျော်လောက်
ရတယ်။”
၈၈မျိုးဆက်ကျောင်းသားလူငယ်များက
ဩဂုတ်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ရေးနဲ့
ပတ်သက်လို့ အစိုးရထံ ကန့်ကွက်စာတစောင် ထုတ်ပြန်ကြေညာပါတယ်။
ဧရာဝတီမြစ်ဆုံရေကာတာ
တည်ဆောက်ရေး ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုချက်နဲ့အတူ
ပြည်သူလူထုတရပ်လုံးကိုတော့ မိမိတို့ဆန္ဒဖော်ထုတ်ဖို့
တိုက်တွန်းနှိုးဆော်ထားပါတယ်။
No comments:
Post a Comment