Published on August 18, 2011 by ရွှေအောင် ·
အမေရိကန်ဒေါ်လာ
တဒေါ်လာကို မြန်မာငွေကျပ် ၉၅၀ နှုန်း သတ်မှတ်လိုက်ပြီဆိုတဲ့ သတင်းတွေ ဒီနေ့
ရန်ကုန်မှာ ပျံ့ပျံ့နှံ့နှံ့ ထွက်ပေါ်ခဲ့ပါတယ်။

“အွန်လိုင်းမှာလည်း
အဲဒါတွေပြောနေတယ် တကယ်တော့ မဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ ဒါက
ချက်ချင်း ပါးစပ်ထဲကနေ လုပ်လို့ ရတဲ့ ကိစ္စမှ မဟုတ်တာ။ ကျနော်တို့
ငွေမာအောင် ဘာတွေအပေါင်(mortgaged) ထားမလဲ ရွှေထားမလား၊ ငွေမာထားမလား
ဆိုတာတွေက IMF နဲ့ World Bank တို့ပြောရမယ် ဟာတွေဆိုတော့ အချိန်
လိုပါသေးတယ်။ ဖြစ်ရင်တောင်မှ ဒါ အောက်တိုဘာလောက်မှ ဖြစ်မှာပါ။ အဲဒါ ကောလဟာလ
ဖြစ်ပါလိမ့်မယ်။ ကျနော်လည်း သက်ဆိုင်ရာလူကြီးတွေကို မေးကြည့်တာတော့
မဖြစ်နိုင်ပါဘူးတဲ့။ ဒါ နည်းနည်း ဈေးကို ဖွလိုက်တာပါပဲ။”
ပြီးခဲ့တဲ့အပတ်ထဲ နိုင်ငံခြားငွေဈေးတွေ အတက်အကျမြန်ခဲ့ပြီး အက်ဖ်အီးစီက ကျပ် ၆၅၀၊ ဒေါ်လာက ကျပ် ၇၅၀ လောက်အထိ ဈေးပြုတ်ကျခဲ့ပါတယ်။
ဒေါ်လာဈေးက ဒီလဆန်းကတည်းက တရိပ်ရိပ် ကျဆင်းနေတာဖြစ်ပြီး ဈေးကွက်ထဲမှာလည်း ၀ယ်သူထက် ရောင်းသူပဲ များနေတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၉ ရက်
နေပြည်တော်မှာလုပ်မယ့် စီးပွားရေးဖိုရမ်မှာလည်း နိုင်ငံခြားငွေကြေး
ကိစ္စရပ်တွေ ထည့်သွင်း ဆွေးနွေးအဖြေရှာကြဖို့ ရှိတယ်လို့
အဆိုပါလုပ်ငန်းရှင်ကပဲ ပြောပါတယ်။
ဒီလ ၁၂
ရက်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ်ဥက္ကဌက
နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း သတ်မှတ်ဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။
No comments:
Post a Comment